Sales Hotline : 09448001653   Find A Tutor     Download App



ကျောင်းသား ၉၀၀ နီးပါးတပြိုက်နက်တည်း သင်ကြားနိုင်မည့် စက်မှု၊ လက်မှုသိပ္ပံကျောင်း

မြေဧက ၂၀ကျော်တွင်တည်ဆောက်နေသည့်ဒလမြို့နယ် စက်မှု၊လက်မှုသိပ္ပံကျောင်း ပြီးစီးပါက ကျောင်းသား၉၀၀နီးပါးတပြိုက်နက် တက်ရှိနိုင်မည်ဖြစ်ကြောင်းသိရသည်။

ဒီဇင်ဘာ၄ရက် ကျောင်းတည်ဆောက်နေမှုကိုဆက်သွယ်မေးမြန်းရာတွင် Dwave သတင်းဌာနသို့ ဒလမြို့နယ် အမှတ်၂ တိုင်းဒေသကြီးကိုယ်စားလှယ် ဦးထွေးတင်ကပြောသည်။

“ကျွန်တော်ကစပြီး လွှတ်တော်မှာ တောင်းလိုက်တဲ့အခါကြတော့ GTIကျောင်းတစ်ခုလုပ်ပေးပါဆိုတော့ ဧက ၂၀ပေးတယ်။အိုးအိမ်ကသိမ်းထားတဲ့မြေပေါ့။ ကျွန်တော်တို့ ပြန်တွက်လိုက်တော့ အင်းစိန်GTIကျောင်းကြီးက ၄၂.၉ဧကရှိတယ်လေ။

အလုပ်ရုံတွေရော ဘာတွေရောဆိုတော့ ဒါနဲ့ ဝန်ကြီးဒေါ်နီလာကျော်ကိုပြောပြီးတော့ ဝန်ကြီးချုပ်ကတဆင့် နောက်ထပ်မြေ ဧက ၈.၅ဧကထပ်ရတယ်။

အဲဒါကိုအခုအကောင်အထည်စဖော်နေတော့ ၃ထပ်ဆောက်မယ်။ပြီးတာနဲ့တစ်နှစ်ကို ဆယ်တန်းအောင်ကျောင်းသား၃၀၀မွေးမယ်။

ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ် အဲဒီလို လက်ခံလိုက်တော့ အားလုံး ၉၀၀တပြိုင်နက်ထဲဆံတဲ့ကျောင်းကြီးဖြစ်သွားမယ်”ဟု ၎င်းကပြောသည်။

ပညာရေးဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ဒလမြို့နယ်၌ တစ်နှစ်လျှင် အင်ဂျင်နီယာ (၃၀၀)ဦး မွေးထုတ်ပေးနိုင်မည့် အစိုးရစက်မှုလက်မှု သိပ္ပံကျောင်းကို တည်ဆောက်လျက်ရှိရာတွင် အဆောက်အဦးမှာ ပုံသဏ္ဍာန်စတင်ပေါ်နေပြီဖြစ်သည်။

အဆိုပါ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းကို ဒလမြို့နယ်၊ သပြေကုန်း ကျေးရွာအနီး (၁၁/၁၄)ရပ်ကွက်တွင် ဆောက်လုပ်ရေးကုမ္ပဏီ (၁၀) ခုမှ ဆောက်လုပ်ရေး လုပ်ငန်းပေါင်း (၁၅) ခုကို အကောင်အထည်ဖော် တည်ဆောက်လျက်ရှိသည်။

အစိုးရစက်မှုလက်မူသိပ္ပံကျောင်း တည်ဆောက်ခြင်းအတွက် ခွင့်ပြုရန်ပုံငွေ ကျပ် သန်းပေါင်း (၄၀၀၀) ကျော် ခွင့်ပြုထားပြီး၊ နှစ်အလိုက်ရရှိသည့် ဘတ်ဂျက်ဖြင့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်သွား မည်ဖြစ်သည်။

Source: D Wave

Latest Post News Read 551 times