Sales Hotline : 09448001653       Download App



သတင်းမှားထုတ်ပြန်မိသည့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)

** Unicode **

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (ရန်ကုန်) ရှိ မဟာဝိဇ္ဇာတန်းများ ဇွန်လ (၃) ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်မည့် ထုတ်ပြန်ချက်မှာ မှား၍ ထုတ်ပြန်မိကြောင်း ၎င်းတက္ကသိုလ်၏ မော်ကွန်းထိန်းရုံးခမ်းမှသိရပါတယ်။

၎င်းတက္ကသိုလ်တွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် တက်ရောက်နေသော မဟာဝိဇ္ဇာတန်း ပထမနှစ်၊ ဒုတိယနှစ် ကျောင်းသား/သူများအားလုံး ပုံမှန်ဖွင့်လှစ်လျက်ရှိသည့် ဒုတိယနှစ်ဝက်ကာလ သင်တန်းများကို ဇွန်လ (၃) ရက်နေ့တွင် ကျောင်းပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်၍ ကြိုတင်ပြင်ဆင်ရန်ထုတ်ပြန်ချက်ကို မတ်လ (၂၈) ရက်တွင် ထုတ်ပြန်ခဲ့ပြီး ၎င်းသည် ဌာနချင်းနည်းလည်မှုလွဲ၍ ထုတ်ပြန်ခြင်းဖြစ်ကြောင်း မော်ကွန်းထိန်းရုံးခန်းမှ တာဝန်ရှိသူ ဆရာမတစ်ဦးကပြောကြားပါတယ်။

တက္ကသိုလ်များပြန်လည်ဖွင့်လှစ်ခြင်းမရှိသေးပါ။ အွန်လိုင်းသင်တန်းအနေနဲ့သာ သင်ကြားမှာပါ၊ ဌာနမှူးများအကြောင်း ကြားသည်မှာ အွန်လိုင်းသင်ကြားရန်အတွက်သာ ဖြစ်သည်ဟု သိရပါတယ်။

ရောဂါပိုးအတည်ပြု လူနာကို မတ်လ (၂၃) ရက်တွင်စတင်တွေ့ရှိခဲ့သောကြောင့် တစ်နိုင်ငံလုံးရှိ ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်များ ပထမနှစ်ဝက်စာမေးပွဲဖြေဆိုခြင်းကို မတ်လ (၂၄) ရက်တွင် ရပ်ဆိုင်းခဲ့ပါတယ်။ ဘာသာရပ်နှစ်ခုဖြေဆိုရန်ကျန်ရှိနေခဲ့ပါတယ်။ တက္ကသိုလ်များပြန်ဖွင့်ချိန်တွင် ပထမနှစ်ဝက်အတွက် ဖြေဆိုရန်ကျန်ရှိနေသော ဘာသာရပ်နှစ်ခုကို အရင်ဖြေဆိုပြီးမှသာ ဒုတိယနှစ်ဝက်ပညာသင်နှစ်အတွက် အရင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရပါတယ်။

Human Resources (98) လူ့စွမ်းအားအရင်းအမြစ် နှင့်ပက်သက်ပြီး သင်တန်း (၉၈) ခု ရှာရန်နှိပ်ပါ။

ယခုလက်ရှိတွင် အခြေခံပညာကျောင်းများကို ဇူလိုင်လ တတိယအပတ်တွင် အထက်တန်းမှစ၍ ဖွင့်လှစ်မည်ဖြစ်ပြီး စောင့်ကြည့်လူနာစခန်းများအဖြစ်အသုံးပြုခဲ့သော တက္ကသိုလ်များမှလွဲ၍ ကျန်တက္ကသိုလ်များကို ဇူလိုင်လကုန်ပိုင်းတွင် ဖွင့်လှစ်နိုင်ရန် အဆင့်မြင့်ပညာဦးစီးဌာနမှ ခန့်မှန်းထားပါတယ်။

Credit: The Voice
 

** Zawgyi **

အမ်ိဳးသားယဥ္ေက်းမႈႏွင့္အႏုပညာတကၠသုိလ္ (ရန္ကုန္) ရွိ မဟာဝိဇၨာတန္းမ်ား ဇြန္လ (၃) ရက္ေန႔တြင္ ျပန္လည္ဖြင့္လွစ္မည့္ ထုတ္ျပန္ခ်က္မွာ မွား၍ ထုတ္ျပန္မိေၾကာင္း ၄င္းတကၠသုိလ္၏ ေမာ္ကြန္းထိန္းရံုးခမ္းမွသိရပါတယ္။

၄င္းတကၠသုိလ္တြင္ ၂၀၁၉-၂၀၂၀ ပညာသင္ႏွစ္တြင္ တက္ေရာက္ေနေသာ မဟာဝိဇၨာတန္း ပထမႏွစ္၊ ဒုတိယႏွစ္ ေက်ာင္းသား/သူမ်ားအားလံုး ပံုမွန္ဖြင့္လွစ္လ်က္ရွိသည့္ ဒုတိယႏွစ္ဝက္ကာလ သင္တန္းမ်ားကို ဇြန္လ (၃) ရက္ေန႔တြင္ ေက်ာင္းျပန္လည္ဖြင့္လွစ္ေတာ့မည္ျဖစ္၍ ႀကိဳတင္ျပင္ဆင္ရန္ထုတ္ျပန္ခ်က္ကို မတ္လ (၂၈) ရက္တြင္ ထုတ္ျပန္ခဲ့ၿပီး ၄င္းသည္ ဌာနခ်င္းနည္းလည္မႈလြဲ၍ ထုတ္ျပန္ျခင္းျဖစ္ေၾကာင္း ေမာ္ကြန္းထိန္းရံုးခန္းမွ တာဝန္ရွိသူ ဆရာမတစ္ဦးကေျပာၾကားပါတယ္။

တကၠသုိလ္မ်ားျပန္လည္ဖြင့္လွစ္ျခငး္မရွိေသးပါ။ အြန္လိုင္းသင္တန္းအေနနဲ႔သာ သင္ၾကားမွာပါ၊ ဌာနမွဴးမ်ားအေၾကာင္း ၾကားသည္မွာ အြန္လိုင္းသင္ၾကားရန္အတြက္သာ ျဖစ္သည္ဟု သိရပါတယ္။

ေရာဂါပိုးအတည္ျပဳ လူနာကို မတ္လ (၂၃) ရက္တြင္စတင္ေတြ႔ရွိခဲ့ေသာေၾကာင့္ တစ္ႏိုင္ငံလံုးရွိ ဝိဇၨာ၊ သိပၸံတကၠသုိလ္မ်ား ပထမႏွစ္ဝက္စာေမးပြဲေျဖဆိုျခင္းကို မတ္လ (၂၄) ရက္တြင္ ရပ္ဆိုင္းခဲ့ပါတယ္။ ဘာသာရပ္ႏွစ္ခုေျဖဆိုရန္က်န္ရွိေနခဲ့ပါတယ္။ တကၠသုိလ္မ်ားျပန္ဖြင့္ခ်ိန္တြင္ ပထမႏွစ္ဝက္အတြက္ ေျဖဆိုရန္က်န္ရွိေနေသာ ဘာသာရပ္ႏွစ္ခုကို အရင္ေျဖဆိုၿပီးမွသာ ဒုတိယႏွစ္ဝက္ပညာသင္ႏွစ္အတြက္ အရင္ေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း ပညာေရးဝန္ႀကီးဌာနမွ သိရပါတယ္။

Human Resources (98) လူ႔စြမ္းအားအရင္းအျမစ္ ႏွင့္ပက္သက္ျပီး သင္တန္း (၉၈) ခု ရွာရန္ႏွိပ္ပါ။

ယခုလက္ရွိတြင္ အေျခခံပညာေက်ာင္းမ်ားကို ဇူလိုင္လ တတိယအပတ္တြင္ အထက္တန္းမွစ၍ ဖြင့္လွစ္မည္ျဖစ္ၿပီး ေစာင့္ၾကည့္လူနာစခန္းမ်ားအျဖစ္အသံုးျပဳခဲ့ေသာ တကၠသုိလ္မ်ားမွလြဲ၍ က်န္တကၠသုိလ္မ်ားကို ဇူလိုင္လကုန္ပိုင္းတြင္ ဖြင့္လွစ္ႏိုင္ရန္ အဆင့္ျမင့္ပညာဦးစီးဌာနမွ ခန္႔မွန္းထားပါတယ္။

Credit: The Voice
 

Latest Post News Tips Read 2905 times