Sales Hotline : 09448001653       Download App



အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း ပုဂ္ဂလိကပညာရေးကဏ္ဍ ညှိနှိုင်းအစည်းအဝေးကျင်းပ

အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) ပုဂ္ဂလိကပညာရေးကဏ္ဍ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။ အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းမော် ထွန်း၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် ပုဂ္ဂလိကပညာရေးကဏ္ဍနှင့် သက်ဆိုင်သော ပုဂ္ဂိုလ်များ တက်ရောက်ကြသည်။

Image may contain: 3 people

ပူးပေါင်းပါဝင်ဆောင်ရွက်ရန် အရေးကြီးညှိနှိုင်းအစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက နိုင်ငံတော်အနေဖြင့် ပညာရေး၌ ပိုမိုရင်းနှီး မြှုပ်နှံခြင်း၊ နည်းပညာနှင့် အခြေခံအဆောက်အအုံများ ပံ့ပိုးပေးခြင်း၊ ဖွံ့ဖြိုးမှုအားနည်းသော ဒေသများကို ဦးစားပေး ဖြည့်ဆည်းပေးခြင်းများကို   လုပ်ဆောင်ပေးလျက်ရှိပါ ကြောင်း၊  ပညာရေးဝန်ကြီးဌာနအနေဖြင့်  ကျောင်းသူ ကျောင်းသားများ ဘေးကင်းလုံခြုံ၍ ကျန်းမာပျော်ရွှင်သော  အရည်အသွေးရှိ ပညာသင်ယူမှုအခွင့်အလမ်းများ တိုးမြှင့် ရရှိစေရန် ဦးတည်အကောင်အထည်ဖော်လျက်ရှိပါကြောင်းသိရသည်။

Image may contain: 22 people

 အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) ရေးဆွဲရာတွင် ကမ္ဘာ့လူသားကောင်း စိတ်ဓာတ်ရှိမှု၊ ပူးပေါင်း ဆောင်ရွက်တတ်မှု၊ တာဝန်ယူမှု တာဝန်ခံမှုနှင့် ဆန်းသစ် တီထွင်မှုကို ဦးတည်လျက်  ဉာဏ်ရည်ဉာဏ်သွေးထက်မြက်မှု (IQ)၊ စိတ်ဓာတ်ရင့်ကျက်တည်ငြိမ်မှု၊ တစ်ပါးသူကို စာနာ ပေးနိုင်မှု(EQ)နှင့် ၂၁ ရာစု အရည်အသွေးများ  ပြည့်ဝမှု အတွက် ထည့်သွင်းပုံဖော်သွားမည်ဖြစ်သကဲ့သို့ အဆင့်မြင့်  နည်းပညာများအသုံးပြု၍ သင်ကြားသင်ယူနိုင်ရေးအတွက် ထည့်သွင်းရေးဆွဲထားပါကြောင်း၊ မျှော်မှန်းရလဒ်မူဘောင် များ ပါဝင်စေပြီး ကာလတို၊ ကာလလတ်၊ ကာလရှည် အညွှန်း ကိန်းဦးတည်ချက်များ ပြည့်မီမှုကို စိစစ်အကဲဖြတ်သွားရမည် ဖြစ်ပါကြောင်း၊ သို့သော် ကျောင်းသူ ကျောင်းသားများ၊ ဆရာ  ဆရာမများ၊ မိဘအုပ်ထိန်းသူများ၊ တိုင်းရင်းသား မိဘပြည်သူ များ ပူးပေါင်းပါဝင်ဆောင်ရွက်ရန် အရေးကြီးပါကြောင်း။

Image may contain: 26 people

ပညာရေးပြုပြင်ပြောင်းလဲမှုတွင် အရည်အသွေး မြင့်မား သော ပညာရေးကို အမျိုးသားပညာအရည်အချင်းမူဘောင် သတ်မှတ်ချက်နှင့်အညီ  တစ်သက်တာသင်ယူမှု  အခွင့် အလမ်းများ မြှင့်တင်အကောင်အထည်ဖော်ကာ အဆင့်မြင့် ကျွမ်းကျင်မှုများ ရရှိလာအောင် ဆောင်ရွက်ပေးရန် လိုအပ် ပါကြောင်း၊ အရည်အသွေးရှိသော ပညာရေးနှင့် အဆင့်မြင့် သော စွမ်းရည်များကသာ အလုပ်အကိုင်ကောင်းများ ရရှိရေး အတွက် အာမခံနိုင်မည်ဖြစ်ပါကြောင်း၊ ကိုယ်ပိုင်ကျောင်း များ၏ သင်ကြားသင်ယူမှုတွင် သီအိုရီပိုင်း၊ လက်တွေ့ပိုင်း နှင့် လုပ်ငန်းခွင်  အတွေ့အကြုံရရှိရေးတို့ကို  ချိတ်ဆက် ထည့်သွင်းပေးစေလိုပါကြောင်း၊   အရည်အသွေးရှိသော ပညာရေးအတွက်   အခြေခံပညာကျောင်းများမှ  ဆရာ ဆရာမများနည်းတူ ပုဂ္ဂလိကကျောင်းများမှ ဆရာ ဆရာမ များအားလည်း သင်တန်းများ ပို့ချပေးလျက်ရှိပါကြောင်း၊ ပုဂ္ဂလိကကျောင်းများသို့ တက်ရောက်နေသည့် ကျောင်းသူ ကျောင်းသားများ အခြေခံပညာကျောင်းများ သို့မဟုတ်  နိုင်ငံတကာကျောင်းများသို့ လွယ်ကူစွာ ပေါင်းကူးတက် ရောက်နိုင်ရေးအတွက် Credit Transfer စနစ် အကောင် အထည်ဖော်ရန် လိုအပ်ပါကြောင်း၊ ပညာရေးအရည်အသွေး မြင့်မားလာရေးအတွက်   ဦးတည်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြ ပါရန် မေတ္တာရပ်ခံပါကြောင်း ပြောကြားသည်။

ယင်းနောက် ပညာရေးဝန်ကြီးဌာနက ဆောင်ရွက် လျက်ရှိသော အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) ရေးဆွဲရေးနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီး ဌာန အမြဲတမ်းအတွင်းဝန်၊ အခြေခံပညာဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က   သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးကြရာ  တက်ရောက်လာကြသူများက အကြံပြုဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 

By Myanmar Education Guide - EDGE

Latest Post News Read 4025 times