အခြေခံပညာကျောင်းများတွင် အမျိုးသားနေ့ အခမ်းအနားများ ကျင်းပရန် ညွှန်ကြားထား

အခြေခံပညာကျောင်းများတွင် အမျိုးသားနေ့ အခမ်းအနားများ ကျင်းပရန် ညွှန်ကြားထား

၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ကျရောက်မည့် ၉၇ နှစ်မြောက် အမျိုးသားနေ့ကို ဂုဏ်ပြုသောအားဖြင့် မြို့နယ်အလိုက် အမျိုးသားနေ့ အခမ်းအနားများကို ကျင်းပပြုလုပ်သွားရန် နှင့် အခြေခံပညာကျောင်းများတွင်လည်း အကြိုဟောပြောပွဲများ၊ ပြပွဲ ပြိုင်ပွဲများကို ကျင်းပ ပြုလုပ်သွားရမည်ဖြစ်သည်။

အခြေခံပညာကျောင်းများတွင် ကျင်းပပြုလုပ်ပြီးစီးသော မှတ်တမ်းပုံများကို အမျိုးသားနေ့ အခမ်းအနားတွင် ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်း သိရသည်။

READ - တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များမှ ပါမောက္ခများ ပထမနှစ်သင်တန်းကို လုံးဝသင်ကြာခြင်း မပြုရန် ၀န်ကြီးဌာနညွှန်ကြား

“အမျိုးသားနေ့ မရောက်ခင်မှာ အခြေခံပညာကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ ဖြစ်ပေါ်လာပုံ အကြောင်းကို သိထားပြီးတော့ ပြိုင်ပွဲတွေမှာ ၀င်ရောက်ယှဉ်ပိုင်စေမယ်။ ပြိုင်ပွဲတွေကတော့ စာစီစာကုံးပြိုင်ပွဲ၊ ဓာတ်ပုံပြပွဲ၊ ဟောပြောပွဲများကို အတန်းအလိုက် လုပ်ရမယ်။ အဓိကကတော့ အမျိုးသားနေ့ ဆိုတာ ဘယ်လိုကြောင့် ဖြစ်ပေါ်လာတယ်ဆိုတာကို ကျောင်းသား၊ ကျောင်းသူများ သိသင့်သိထားထိုက်လို့ ဒီလိုမျိုးလုပ်စေတာပေါ့” ဟုပြောသည်။

အမျိုးသားနေ့သည် မြန်မာနိုင်ငံ လွတ်လပ်ရေးမရမီအချိန် နယ်ချဲ့ကိုလိုနီအစိုးက တက္ကသိုလ်ပညာများကို အခြေခံပလူတန်းစားများ မသင်နိုင်စေရန်အတွက် ကျောင်းလခများ တိုးမြှင့်ထားခြင်း၊ အကောင်းဆုံးတက္ကသိုလ်အဆောက်အအုံများ ဆောက်လုပ်ပေးထားသော်လည်း သင်ကြားပေးသည့် ပညာရပ်များမှာ ကျွန်ပညာရေးစနစ်ဖြစ်နေခြင်း၊ ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် အင်္ဂလိပ်အစိုးရက တစ်ဖက်သတ်ပြဌာန်းခဲ့သော တက္ကသိုလ်ပညာရေး ဥပဒေကို မကျေနပ်၍ ကျောင်းသားခေါင်းဆောင် ၁၁ ဦး တို့သည် ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၅ ရက်နေ့တွင် သပိတ်မှောက်ခြင်းကို ပြုလုပ်ခဲ့ကြရာ ယင်းနေ့ကို အမျိုးသားနေ့ဟု သတ်မှတ်ခဲ့ကြခြင်း ဖြစ်သည်။

အမျိုးသားနေ့ကို န၀မအကြိမ်မြောက် ကျင်းပခဲ့သော ဂျီစီဘီအေ ညီလာခံကြီးတွင် အမည်နာမရွေးချယ် သတ်မှတ်ခဲ့ကြောင်း သိရသည်။

 မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: democracy today

News Read 2068 times