Sales Hotline : 09448001653       Download App



စာရေးနည်းအခြေခံလမ်းညွှန် သင်တန်းအတွက် လျှောက်လွှာခေါ်ယူခြင်း

** Unicode **


မြန်မာနိုင်ငံစာရေးဆရာအသင်းက ကြီးမှူးကျင်းပသည့် ကဗျာ၊ ဆောင်းပါး၊ ဝတ္ထု၊ ဘာသာပြန်ရေးသားနည်း အခြေခံလမ်းညွှန်သင်တန်းအတွက် သင်တန်းသားလျှောက်လွှာခေါ်ယူနေပြီဖြစ်ပါတယ်။

သင်တန်းကို ဇန်နဝါရီ (၂၇) ရက်မှ ဖေဖော်ဝါရီ (၂၈) ရက်အထိ အပတ်စဉ် တနင်္လာမှ စနေနေ့ နေ့လည် (၁) နာရီမှ ညနေ (၄) နာရီအထိ သင်ကြားပေးမည်ဖြစ်ပါတယ်။

သင်တန်းတွင် လယ်တွင်းသားစောချစ်၊ မောင်ခင်မင် (ဓနုဖြူ)၊ မနုဿကျော်ဝင်း၊ မြင်းမူမောင်နိုင်မိုး၊ ချစ်နိုင် (စိတ်ပညာ)၊ မောင်ငြိမ်းသူ (ကြို့ပင်ကောက်)၊ စလင်းဘုန်းကျော်၊ မောင်စိမ်းနောင် (လယ်ဝေး)၊ မစန္ဒာ၊ ကြူကြူသင်း၊ မနှင်းဖွေး၊ မမိုးမြေ၊ မြတ်စိုး (လှိုင်)၊ မှော်ဝန်းကြည်မြတ်၊ မြတ်ဝေတိုး (ပညာရေးတက္ကသိုလ်)၊ ဒေါက်တာတင်အောင်ရွှေ (သုတေသီ)၊ ပုသိမ်အောင်သန်းဦးနဲ့ စိုးမှူးတို့က သင်ကြားပို့ချကြမည်ဖြစ်ပါတယ်။

သင်တန်းကို အသက် (၁၆) နှစ်ပြည့်ပြီး သူတွေတက်ရောက်နိုင်မည်ဖြစ်ပါတယ်။

သင်တန်းသားအရေအတွက် ကန့်သတ်ထားသည့်အတွက် သင်တန်းတက်ရောက်လိုသူများအနေဖြင့် ဇန်နဝါရီ (၂၅) ရက်နောက်ဆုံးထားပြီး ဓာတ်ပုံ (၃) ပုံနှင့်အတူ လျှောက်လွှာပုံစံတင်သွင်းရမည်ဖြစ်ပါတယ်။

Read More:>>>  တက္ကသိုလ်ဝင်တန်း အင်္ဂလိပ်စာဘာသာရပ်အတွက် Cloze Type လေ့ကျင့်ရန် Exercise များ

အသေးစိတ်အချက်အလက်များကို မြန်မာနိုင်ငံစာရေးဆရာအသင်းဖုန်း ၀၁-၂၅၂၄၁၇၊ ၀၁-၃၈၅၂၇၃ ကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

(မြန်မာနိုင်ငံစာရေးဆရာများအသင်း)

** Zawgyi **






Read More:>>>  တက္ကသိုလ်ဝင်တန်း အင်္ဂလိပ်စာဘာသာရပ်အတွက် Cloze Type လေ့ကျင့်ရန် Exercise များ



Latest Post News Tips Read 1917 times