၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်သို့ လျှောက်ထားသူများအနက် ပထမနှစ်တန်းသို့ ပဏာမဝင်ခွင့်ရရှိသော ကျောင်းသား၊ ကျောင်းသူများ၏ အမည်စာရင်းကို ထုတ်ပြန်ကြေညာထားသည်။
မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်သည် အမြင့်ဆုံးအမှတ် (၅၃၁) မှတ်မှ အနိမ့်ဆုံးအမှတ် (၄၆၅) မှတ်အတွင်း ရရှိသည့် ကျောင်းသား၊ ကျောင်းသူပေါင်း (၄၀၅) ဦးကို ပဏာမအဆင့် ရွေးချယ်ထားကြောင်း သိရသည်။
အဆိုပါကျောင်းသားများသည် ဆေးစစ်ရန်နှင့် လူတွေ့ဖြေဆိုရန် မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်သို့ လူကိုယ်တိုင် မပျက်မကွက် သွားရောက်ရပါမည်။
ပဏာမဝင်ခွင့်ရရှိသူများစာရင်း > http://www.mmu.edu.mm/News
မြန်နိုင်ငံရေကြောင်းပညာတက္ကသိုလ်သို့ သွားရောက်သည့်အခါ အနောက်တိုင်းဝတ်စုံဖြင့် ရိုက်ကူးထားသော ဓာတ်ပုံ (အနောက်ခံအဖြူရောင် ၊ Size အလျား 1¼" × အနံ 1½") ဓာတ်ပုံ (၁၀) ပုံ ၊ မိဘနှစ်ပါးနှင့် မိမိ သုံးဦးစလုံး၏ နိုင်ငံသားစိစစ်ရေးကတ်ပြား မူရင်း/မိတ္တူ တို့ကို တစ်ပါတည်းယူဆောင်သွားရမည်။
မျက်စိစမ်းသပ်မည့်အစီအစဥ်၊ ကျန်းမာရေးဆေးစစ်မည့်အစီအစဥ်နှင့် လူတွေ့စစ်ဆေးမည့်အစီအစဥ်တို့မှာ အောက်ပါအတိုင်းဖြစ်သည်။
ကျောင်းသားများသည် ရှပ်အင်္ကျီအဖြူနှင့် ပုဆိုး ဝတ်ဆင်သွားရမည်ဖြစ်ပြီး ဆံပင်အရှည်ထားခြင်း၊ ဆေးဆိုးခြင်းများ ခွင့်မပြုပါ။ ကျောင်းသူများသည် မြန်မာအင်္ကျီနှင့် လုံချည် ဝတ်ဆင်သွားရမည်ဖြစ်ပြီး ဆံပင်ဆေးဆိုးခြင်း မပြုရပါ။
လူတွေ့စစ်ဆေးဖြေဆိုရန် သွားရောက်ရာတွင် အထူးပြုဘာသာရပ်ဆန္ဒပြုလွှာတွင် ဦးစားပေးရွေးချယ်လိုသော ဘာသာရပ် အစီအစဉ်တိုင်း ဖြည့်၍ ယူဆောင်သွားရပါမည်။
နောက်ဆုံးအဆင့် ရွေးချယ်ခံရသူများကို နိုဝင်ဘာ (၁၂) ရက်နေ့တွင် တက္ကသိုလ်၏ Website တွင် ကြေညာထားမည်ဖြစ်ပြီး ရွေးချယ်ခံရသူများသည် နိုဝင်ဘာ (၂၀) ရက်နေ့မှ ဒီဇင်ဘာ (၅) ရက်နေ့အတွင်း တက္ကသိုလ်မှတ်ပုံတင်လျှောက်လွှာ တင်သွင်းရမည်။
=====================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။