Sales Hotline : 09448001653   Find A Tutor     Download App



မြန်မာ့ဆက်သွယ်ရေးနည်းပညာပြိုင်ပွဲကျင်းပမည်

မြန်မာ့ဆက်သွယ်ရေးနည်းပညာပြိုင်ပွဲကျင်းပမည်

မြန်မာနိုင်ငံအတွင်းရှိ တက္ကသိုလ်အသီးသီးမှ ကျောင်းသား/သူများအတွက် ကွန်ပျူတာနှင့်ပတ်သက်သော အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာစေရန် ရည်ရွယ်၍ သတင်းအချက်အလက်နည်းပညာတက္ကသိုလ်နျှင့် WILLTEC Myanmar ကုမ္ပဏီလီမိတက်တို့ ပူးပေါင်းကျင်းပသည့် ပထမဦးဆုံးအကြိမ်မြောက် မြန်မာ့ဆက်သွယ်ရေးနည်းပညာပြိုင်ပွဲ (Myanmar IT Contest) ကိုသြဂုတ်လ () ရက် နံနက် () နာရီမှ (၁၂) နာရီအထိ ရန်ကုန်မြို့ Summit Park View Hotel တွင် ကျင်းပမည်ဖြစ်ကြောင်းသိပါသည်။

 

အဆိုပါပြိုင်ပွဲတွင် ယှဉ်ပြိုင်ကြမည့် ကျောင်းသား/သူများအား တက္ကသိုလ်ကျောင်းအသီးသီးမှ စိစစ်ရွေးချယ်သွားမည်ဖြစ်ပြီး အိုင်တီပညာရပ်ကိုလေ့လာနေကြသော သတင်းအချက်အလက်နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ် (ရန်ကုန်) ၊ နည်းပညာတက္ကသိုလ်(သန်လျင်)၊ နည်းပညာကျောင်း(မန္တလေး)၊ နည်းပညာတက္ကသိုလ် (ရတနာပုံဆိုက်ဘာစီတီး)၊ ကွန်ပျူတာတက္ကသိုလ် (မန္တလေး)၊ နည်းပညာတက္ကသိုလ်(မန္တလေး)၊ နည်းပညာတက္ကသိုလ်(တောင်ကြီး)နှင့် ကွန်ပျူတာတက္ကသိုလ်(တောင်ကြီး)တို့မှ ကျောင်းသား/သူများ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပါသည်။

 

Read More>>>> ဆေးတက္ကသိုလ် (၂) ရန်ကုန် ပြင်ပဆရာဝန်များအတွက် ဘွဲ့လွန်ဒီပလိုမာသင်တန်းများ

 

အသင်းတစ်သင်းလျှင် ပြိုင်ပွဲဝင် () ဦးစီ ပါဝင်မည်ဖြစ်ပြီး အသင်းပေါင်း (၁၂) သင်းဖြင့် ပြိုင်ပွဲဝင် (၂၄) ဦး ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်းသိရပါသည်။

 

Source: ကြေးမုံ

News Read 1241 times