Sales Hotline : 09448001653       Download App



မြန်မာနိုင်ငံသားဆရာဝန်များအတွက် အထွေထွေ ဆေးကုသခွင့်လိုင်စင်ထုတ်ပေးရေး အရည်အချစ်စစ်စာမေးပွဲကြေညာချက်

မြန်မာနိုင်ငံသားဆရာဝန်များအတွက် အထွေထွေ ဆေးကုသခွင့်လိုင်စင်ထုတ်ပေးရေး အရည်အချစ်စစ်စာမေးပွဲကြေညာချက်

ပြည်ပနိုင်ငံများရှိ ဆေးတက္ကသိုလ်များမှ အခြေခံဆေးပညာဘွဲ့ MBBS နှင့်အလားတူဘွဲ့ရရှိထားသူ မြန်မာနိုင်ငံသား ဆရာဝန်များအတွက် အထွေထွေဆေးကုခွင့် လိုင်စင်ထုတ်ပေးရေး အရည်အချင်းစစ်စာမေးပွဲ (Myanmar Medical Licencing Examination MMLE) (၂/၂၀၁၉) ကျင်းပရန် ရှိပါသဖြင့် စာမေးပွဲ ဝင်ရောက်ဖြေဆိုသူများသည်။

မြန်မာနိုင်ငံဆေးကောင်စီရုံး အမှတ် (၁၂၃)၊ နတ်မောက်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့သို့ (၃၀-၈-၂၀၁၉) သောကြာနေ့ ညနေ (၄) နာရီနောက်ဆုံးထာ၍ လျှောက်ထားနိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။


၁။ မြန်မာနိုင်ငံဆေးကောင်စီထံ တင်ပြရမည့်အချက်များ
- စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာ (မြန်မာနိုင်ငံဆေးကောင်စီရုံးတွင် အခမဲ့ရယူနိုင်ပါသည်။)
- နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်းနှင့်မိတ္တူ (၁) စုံ
- ဘွဲ့လက်မှတ်မူရင်းနှင့် မိတ္တူ (၁) စုံ
- အလုပ်သင်ဆရာဝန်ပြီးဆုံးကြောင်းထောက်ခံစာမူရင်းနှင့်မိတ္တူ (၁) စုံ
- အမှတ်စာရင်းမူရင်းနှင့် မိတ္တူ (၁) စုံ
- ပြည်ပနိုင်ငံတွင် နေထိုင်သူဖြစ်ပါက သက်တမ်းရှိ နိုင်ငံကူးလက်မှတ်မူရင်းနှင့်မိတ္တူ (၁) စုံ


**မှတ်ချက်** အထက်ပါအချက်များကို လျှောက်လွှာတင်စဉ် မူရင်းများကို မြန်မာနိုင်ငံဆေးကောင်စီမှ စိစစ်ပြီးနောက် မှန်ကန်ပါက ကာယကံရှင်ထံ ပြန်လည်ပေးအပ်မည်ဖြစ်ပြီး မိတ္တူများကိုသာ လျှောက်လွှာနှင့် ပူးတွဲတင်ပြရန် ဖြစ်ပါသည်။


- စာမေးပွဲကြေးကို(သုံးသိန်းငါးသောင်းတိတိ) ပေးသွင်းပြီးကြောင်းပြေစာ
- (၁) လက်မခွဲပတ်လည် ရောင်စုံဓာတ်ပုံ (၃) ပုံ၊ နောက်ခံအပြာရောင်


၂။ စာမေးပွဲဖြေဆိုရမည့်မေးခွန်းလွှာများ
- ရေးဖြေမေးခွန်းလွှာ (၁)
ခွဲစိတ်ပညာဘာသာရပ်၊ ကလေးကျန်းမာရေး၊ ၄င်းဘာသာရပ်များနှင့် နှီးနွှယ်သော အခြေခံဆေးပညာဘာသာရပ် (Applied Basic Science) ၊ ကာကွယ်ရေးနှင့်လူမှုရေးဆေးပညာ ဘာသာရပ်များနှင့် ပတ်သက်သော မေးခွန်းလွှာ။


- ရေးဖြေမေးခွန်းလွှာ (၂)
- ခွဲစိတ်ပညာဘာသာရပ်၊သားဖွားမီးယပ်ပညာဘာသာရပ်၊ ၄င်းဘာသာရပ်များနှင့် နှီးနွှယ်သောအခြေခံဆေးပညာဘာသာရပ် (Applied Basic Science)၊ ဥပဒေရေးရာ ဆေးပညာဘာသာရပ်များနှင့် ပတ်သက်သောမေးခွန်းလွှာ။


**မှတ်ချက်** ရေးဖြေမေးခွန်းလွှာများကို ဖြေဆိုချိန် (၃) နာရီသတ်မှတ်၍ Multiple Choice Questions (M.C.Q)Minus System Not Carried Over ပုံစံဖြင့် စစ်ဆေးပါမည်။


- ဆေးလက်တွေ့ဘာသာရပ် (OSCE-Objective Structured Clinical Examination) ဆေးပညာ၊ ခွဲစိတ်ပညာ၊ သားဖွားမီးယပ်ပညာနှင့် ကလေးကျန်းမာပညာဘာသာရပ်များနှင့်ပတ်သက်၍ Station စုစုပေါင်း (၁၅) ခု ဖြေဆိုရမည်ဖြစ်ပါသည်။


**မှတ်ချက်** စာမေးပွဲဝင်ရောက်ဖြေဆိုမည့်သူများလေ့လာရန် Reference စာအုပ်အမည်များကို မြန်မာနိုင်ငံဆေးကောင်စီတွင် စုံစမ်းမေးမြန်းနိုင်ပါသည်။


၃။ စာမေးပွဲအစီအစဉ်ကို အောက်ပါအတိုင်း ကျင်းပမည်ဖြစ်ပါသည်။
- ရေးဖြေမေးခွန်းလွှာ(၁) ကို (၂၃-၁၀-၂၀၁၉) ရက် ဗုဒ္ဓဟူးနေ့တွင် နံနက် (၉) နာရီမှ (၁၂) နာရီအထိ။မြန်မာနိုင်ငံဆေးကောင်စီ
- ရေးဖြေမေးခွန်းလွှာ (၂) ကို (၂၄-၁၀-၂၀၁၉) ရက် ကြာသမတေးနေ့တွင် နံနက် (၉) နာရီမှ (၁၂) နာရီအထိ။ မြန်မာနိုင်ငံဆေးကောင်စီ
- ဆေးလက်တွေ့ဘာသာရပ် (OSCE) ကို (၂၆-၁၀-၂၀၁၉) ရက် စနေနေ့တွင် နံနက် (၉) နာရီတွင် စတင်စစ်ဆးပါမည်။ ဆေးတက္ကသိုလ် (၁) ရန်ကုန်


၎။ စာမေးပွဲဖြေဆိုခွင့်ရရှိသူများစာရင်းကို မြန်မာနိုင်ငံဆေးကောင်စီရုံးတွင် (၁-၁၀-၂၀၁၉) ရက်အင်္ဂါနေ့တွင် ထုတ်ြပန်ကြေညာမည်ဖြစ်ပါသည်။

 

Read More: ပညာရေးနှင့် ဝါသနာ သင်ဘယ်လိုရွေးချယ်လျှောက်လှမ်းမလဲ


၅။ ဖြေဆိုခွင့်ကတ်ပြားများကို (၁၆-၁၀-၂၀၁၉)ရက်မှ (၂၁-၁၀-၂၀၁၉) ရက်အထိ မြန်မာနိုင်ငံဆေးကောင်စီရုံးတွင် သက်ဆိုင်ရာ ဆရာဝန်ကိုယ်တိုင် နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်းကိုတင်ပြ၍ စနေ၊တနင်္ဂနွေများမှအပ ရုံးချိန်အတွင်း လာရောက်ထုတ်ယူနိုင်ပါသည်။


၆။ အသေးစိတ်အချက်အလက်များ သိရှိလိုပါက အမှတ် (၁၂၃)၊ နတ်မောက်လမ်း၊ မြန်မာနိုင်ငံဆေးကောင်စီရုံးတွင် လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းနံပါတ် ၀၉-၄၅၆၈၄၄၄၄၅ သို့ဖြစ်စေ၊ E-mail လိပ်စာ myanmarmedical [email protected] သို့ဖြစ်စေ ရုံးချိန်အတွင်းစုံစမ်းမေးမြန်းနိုင်ပါသည်။


(မြန်မာနိုင်ငံဆေးကောင်စီ)


Source: ကြေးမုံ

 

News Read 3114 times