Sales Hotline : 09448001653       Download App



လာမည့် ရွေးကောက်ပွဲတွင် ဆရာ၊ဆရာမအင်အား တစ်သိန်းကျော်ခန့် အသုံးပြုမည်

နိုဝင်ဘာလ ၈ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် မဲရုံမှူးများ အဖြစ်  ဆရာ၊ဆရာမ တစ်သိန်းကျော်ခန့်ကို အသုံးပြုသွားမည် ဟု ပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များ အရ သိရှိရပါသည်။ 

 

မဲရုံတစ်ရုံတွင် မဲရုံမှူး၊ ဒုမဲရုံးမှူး နှင့် အဖွဲ့ဝင် ဟူ၍ ဆရာ၊ ဆရာမ သုံးဦးစီ အသုံးပြုသွားမည်ဟု လည်း သိရပါသည်။

 

တစ်နိုင်ငံလုံးအနေဖြင့် မဲရုံပေါင်း လေးသောင်းကျော်ရှိရာ အဆိုပါ ဆရာ၊ ဆရာမ ၁သိန်းကျော်ကို ပါဝင် ဆောင်ရွက် စေမည်ဟု သိရှိရပါသည်။

 

ပါဝင်မည့် ဆရာ၊ ဆရာများ စာရင်းကိုတော့ အောက်တိုဘာလလယ် လောက်တွင် အသိပေးကြေငြာမည်ဟု ပညာရေးဝန်ကြီးဌာန၏ ကြေငြာချက်တွင် ပါရှိပါသည်။ 

 

ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ဆရာ၊ဆရာမ ပေါင်း ၁၂၀၀၀၀ ခန့်သည် မဲရုံးမှူးများအဖြစ် ပါဝင် ဆောင်ရွက်ခဲ့ကြပါသည်။ 

 

လက်ရှိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဆက်လက် ဖြစ်ပွားနေသော်လည်း လာမည့် နိုဝင်ဘာ ၈ရက်နေ့တွင် အထွေထွေ ရွေးကောက်ပွဲကို ဆက်လက် ကျင်းပသွားမည် ဖြစ်ကြောင်း သိရပါသည်။ 

 

Source:  7Day News
 

Latest Post News Read 482 times