Sales Hotline : 09448001653       Download App



Mobile & Digital နည်းပညာများ ပညာရေးဝန်ထမ်းများသို့ သင်တန်းပို့ချ

** Unicode **

ပညာရေးဝန်ထမ်းများ Mobile နှင့် Digital နည်းပညာများကျွမ်းကျင် တတ်မြောက်စေရန် ပညာရေးဝန်ကြီးဌာနနှင့် The Asia Foundation တို့ ပူးပေါင်း၍ ဖွင့်လှစ်သော Mobile and Digital Literacy Training သင်တန်းကိုဖေဖော်ဝါရီ (၅) ရက်က နေပြည်တော်ပညာရေးဝန်ကြီးဌာနရှိ ရုံးအမှတ် (၁၃) တွင်ဖွင့်လှစ်ခဲ့ကြောင်း ပညာရေးဝန်ကြီးထံမှသိရပါတယ်။

ယင်းသင်တန်းတွင် အိုင်စီတီနှင့် Cloud Computing မိတ်ဆက်၊ အင်တာနက် ဘေးကင်းလုံခြုံမှုနှင့် လူမှုကွန်ရက်၏ ကျင့်ဝတ်၊ အီးမေးလ်ကို စနစ်တကျ အသုံးပြုမှု၊ Productivity Tools များအသုံးပြုနည်း၊ သတင်းအချက်အလက်များကို စနစ်တကျရှာဖွေမှု၊ သင်ခန်းစာအားလုံး ပေါင်းစပ်လေ့လာခြင်းနှင့် အဖွဲ့လိုက်ပြန်လည် လေ့ကျင့်ခြင်းများကို သင်ကြားပေးမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနထံမှ သိရပါတယ်။

ပညာရေးဝန်ကြီးဌာနရှိ ဝန်ထမ်းများအနေနှင့် တိုးတက်နေသော အိုင်စီတီနည်းပညာကို လုပ်ငန်းခွင်များတွင် ထိရောက်စွာအသုံးပြုပြီး လုပ်ငန်းစွမ်းဆောင်တိုးတက်လာစေရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာနမှ သိရပါတယ်။

၎င်းအပြင် EMIS စနစ်ကို အခြေခံပညာ၊ ကျောင်းပြင်ပ၊ နည်းပညာနှင့် သက်မွေး၊ တက္ကသိုလ်များနှင့် ဦးစီးဌာနများ၏ သတင်းအချက်အလက်များ စနစ်တကျရှိစေရန် အသုံးပြုနေကြောင်း ယင်းဌာနထံမှ သိရပါတယ်။

နိုင်ငံတော်အစိုးရအနေနှင့် e-Government လုပ်ငန်းများအကောင်အထည်ရန် ဆောင်ရွက်နေပြီး ဝန်ထမ်းများအနေနှင့် အိုင်စီတီနည်းပညာကို လုံခြုံထိရောက်စွာ အသုံးပြုနိုင်ရန်လိုပြီး ယခုသင်တန်း၏ သင်ရိုးတွင်ယနေ့ခေတ်တွင် မဖြစ်မနေ သိသင့်သိထိုက်သော အကြောင်းအရာများဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူများအနေနှင့် လေ့လာကြိုးစားသင်ယူကာ အသိပညာဗဟုသုတများကို ပြန်လည်မျှဝေပေးရန် ဖြစ်ကြောင်း ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး အဆိုပါ သင်တန်းဖွင့်ပွဲတွင် ပြောခဲ့ပါတယ်။

Read More:>>>>  ေရေၾကာင္းပညာတကၠသုိလ္တြင္ ေရေၾကာင္းဆုိင္ရာဒီဇိုင္းသင္တန္းသင္ၾကား

၎င်းသင်တန်းကို ပညာရေးဝန်ထမ်း (၃၈) ဦးတက်ရောက်ခဲ့ကြပြီး ဖေဖော်ဝါရီလ (၅) ရက်မှ (၇) ရက်အထိ သုံးရက်ဖွင့်လှစ်ခဲ့ကြောင်း သိရပါတယ်။
Credit: The Voice
 

** Zawgyi **

ပညာေရးဝန္ထမ္းမ်ား Mobile ႏွင့္ Digital နည္းပညာမ်ားက်ြမ္းက်င္ တတ္ေျမာက္ေစရန္ ပညာေရးဝန္ႀကီးဌာနႏွင့္ The Asia Foundation တို႔ ပူးေပါင္း၍ ဖြင့္လွစ္ေသာ Mobile and Digital Literacy Training သင္တန္းကိုေဖေဖာ္ဝါရီ (၅) ရက္က ေနျပည္ေတာ္ပညာေရးဝန္ႀကီးဌာနရွိ ရံုးအမွတ္ (၁၃) တြင္ဖြင့္လွစ္ခဲ့ေၾကာင္း ပညာေရးဝန္ႀကီးထံမွသိရပါတယ္။

ယင္းသင္တန္းတြင္ အိုင္စီတီႏွင့္ Cloud Computing မိတ္ဆက္၊ အင္တာနက္ ေဘးကင္းလံုၿခံဳမႈႏွင့္ လူမႈကြန္ရက္၏ က်င့္ဝတ္၊ အီးေမးလ္ကို စနစ္တက် အသံုးျပဳမႈ၊ Productivity Tools မ်ားအသံုးျပဳနည္း၊ သတင္းအခ်က္အလက္မ်ားကို စနစ္တက်ရွာေဖြမႈ၊ သင္ခန္းစာအားလံုး ေပါင္းစပ္ေလ့လာျခင္းႏွင့္ အဖြဲ႔လိုက္ျပန္လည္ ေလ့က်င့္ျခင္းမ်ားကို သင္ၾကားေပးမည္ျဖစ္ေၾကာင္း ပညာေရးဝန္ႀကီးဌာနထံမွ သိရပါတယ္။

ပညာေရးဝန္ႀကီးဌာနရွိ ဝန္ထမ္းမ်ားအေနႏွင့္ တိုးတက္ေနေသာ အိုင္စီတီနည္းပညာကို လုပ္ငန္းခြင္မ်ားတြင္ ထိေရာက္စြာအသုံးျပဳၿပီး လုပ္ငန္းစြမ္းေဆာင္တိုးတက္လာေစရန္ ေဆာင္ရြက္ရမည္ျဖစ္ေၾကာင္း အဆိုပါ ဝန္ႀကီးဌာနမွ သိရပါတယ္။

၄င္းအျပင္ EMIS စနစ္ကို အေျခခံပညာ၊ ေက်ာင္းျပင္ပ၊ နည္းပညာႏွင့္ သက္ေမြး၊ တကၠသုိလ္မ်ားႏွင့္ ဦးစီးဌာနမ်ား၏ သတင္းအခ်က္အလက္မ်ား စနစ္တက်ရွိေစရန္ အသံုးျပဳေနေၾကာင္း ယင္းဌာနထံမွ သိရပါတယ္။

ႏိုင္ငံေတာ္အစိုးရအေနႏွင့္ e-Government လုပ္ငန္းမ်ားအေကာင္အထည္ရန္ ေဆာင္ရြက္ေနၿပီး ဝန္ထမ္းမ်ားအေနႏွင့္ အိုင္စီတီနည္းပညာကို လံုၿခံဳထိေရာက္စြာ အသံုးျပဳႏိုင္ရန္လိုၿပီး ယခုသင္တန္း၏ သင္ရိုးတြင္ယေန႔ေခတ္တြင္ မျဖစ္မေန သိသင့္သိထိုက္ေသာ အေၾကာင္းအရာမ်ားျဖစ္ၿပီး သင္တန္းသား၊ သင္တန္းသူမ်ားအေနႏွင့္ ေလ့လာႀကိဳးစားသင္ယူကာ အသိပညာဗဟုသုတမ်ားကို ျပန္လည္မ်ွေဝေပးရန္ ျဖစ္ေၾကာင္း ပညာေရးဝန္ႀကီး ေဒါက္တာမ်ိဳးသိမ္းႀကီး အဆိုပါ သင္တန္းဖြင့္ပြဲတြင္ ေျပာခဲ့ပါတယ္။

Read More:>>>  ေရေၾကာင္းပညာတကၠသုိလ္တြင္ ေရေၾကာင္းဆုိင္ရာဒီဇိုင္းသင္တန္းသင္ၾကား

၄င္းသင္တန္းကို ပညာေရးဝန္ထမ္း (၃၈) ဦးတက္ေရာက္ခဲ့ၾကၿပီး ေဖေဖာ္ဝါရီလ (၅) ရက္မွ (၇) ရက္အထိ သံုးရက္ဖြင့္လွစ္ခဲ့ေၾကာင္း သိရပါတယ္။
Credit: The Voice
 

Latest Post News Read 860 times