Sales Hotline : 09448001653       Download App



ပညာရေးဝန်ကြီးဌာနက ကျောင်းဖွင့်ရက်နဲ့ကျောင်းပိတ်ရက်တွေ ထုတ်ပြန်ထား

ပညာရေးဝန်ကြီးဌာနက ကျောင်းဖွင့်ရက်နဲ့ကျောင်းပိတ်ရက်တွေ ထုတ်ပြန်ထား

၂၀၁၇ ခုနှစ် ပညာသင်နှစ်မှာ အခြေခံပညာကျောင်းတွေရဲ့ တရားဝင် ကျောင်းပိတ်ရက် (၈၈) ရက်ရှိပြီး ၊ ပုံမှန်ပိတ်ရက်စနေ၊တနင်္ဂနွေနေ့တွေ အပါဝင် (၇၈) ရက် ပါရှိပါတယ်။

2   3  4

စုစုပေါင်း ကျောင်းပိတ်ရက် (၁၆၆) ရက်ရှိပြီး ကျောင်းဖွင့် ရက် စုစုပေါင်း (၁၉၉) ရက်ရှိတယ်လို့ သိရပါတယ်။ ရုံးပိတ်ရက် (၁၂၆) ရက်နဲ့ ရုံးတက်ရက် (၂၃၉) ရက်ရှိပါတယ်။

ပညာရေးဝန်ကြီးဌာနအနေနဲ့ နှစ်စဉ် ရုံး၊ ကျောင်းတွေရဲ့ ပိတ်ရက် တွေကို ထုတ်ပြန်သတ်မှတ် ပေးတာဖြစ်ပါတယ်။

ပညာရေးဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ ရုံး၊ ကျောင်းစတာတွေကို သဘာဝဘေး အန္တရာယ် ကျရောက်တာ၊ ကျောင်းတည်ရှိတဲ့ ဒေသတွေမှာ ပဋိပက္ခ ဖြစ်ပွားတာ ၊ အသက်အန္တရာယ် လုံခြုံ ရေး လိုအပ်မှုရှိတာ စတဲ့ အခက်ခဲတွေရှိပါက သက်ဆိုင်ရာ တာဝန်ရှိသူတွေကို တင်ပြပြီး ခေတ္တယာယီ ပိတ်ထားခွင့် ရှိတယ်လို့ သိရပါတယ်။

photos & source: kumudar journal

News Read 6104 times