Sales Hotline : 09448001653       Download App



တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ စိတ်ကြိုက်မြန်မာစာဖြေဆိုသူဦးရေ (၆) နှစ်အတွင်းအများဆုံးဖြစ်

**Unicode**

 

(၂၀၂၀) ပြည့်နှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် စိတ်ကြိုက်မြန်မာစာဘာသာရပ်ကို တစ်နိုင်ငံလုံးတွင် ဖြေဆိုသူ (၁၀) ဦးရှိပြီး (၆) နှစ်အတွင်း ဖြေဆိုသူဦးရေအများဆုံးဖြစ်သည်။

မြန်မာနိုင်ငံစာစစ်ဦးစီးဌာနစာရင်းအရ (၂၀၁၅) တွင် တစ်နိုင်ငံလုံးတွင် စိတ်ကြိုက်မြန်မာစာဘာသာရပ်ဖြေဆိုသူ (၁) ဦး၊ (၂၀၁၆) ခုနှစ်တွင် (၃) ဦး၊ (၂၀၁၇) တွင် (၂) ဦး၊ (၂၀၁၈) တွင် (၁) ဦး၊ (၂၀၁၉) ခုနှစ်တွင် (၃) ဦးသာရှိခဲ့သည်။

ယခုနှစ်တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီ၊ သမိုင်း၊ စိတ်ကြိုက်မြန်မာစာဘာသာရပ်များပါဝင်သည့် ဘာသာတွဲဖြင့် (၁၀) ဦး၊ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သမိုင်း၊ ဘောဂဗေဒ၊ စိတ်ကြိုက်မြန်မာစာဘာသာရပ်များ ပါဝင်သည့် ဘာသာတွဲဖြင့် (၁) ဦး၊ စုစုပေါင်း (၁၁) ဦးဖြေဆိုရန်စာရင်းသွင်းခဲ့ခြင်းဖြစ်သည်။ 

 

ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်ပြီး နောက်ဆုံးရသတင်းများသိလိုပါက ပုံကိုနှိပ်ပါ။ 

 

Government University (30) အစိုးရတက္ကသိုလ်များနှင့် ပတ်သက်ပြီး (၃၀) ခုရှာရန်နှိပ်ပါ။

စိတ်ကြိုက်မြန်မာစာဖြေဆိုသူများတွင် ယခင်နှစ်တည်းက တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုဖူးသူများပါဝင်သကဲ့သို့ ယခုနှစ်မှစတင်ဖြေဆိုသူများလည်း ပါဝင်သည်။ ယခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန်စာရင်းပေးသွင်းသူ (၉၇၁,၄၀၇) ဦးရှိပြီး စာမေးပွဲပထမဆုံးရက်ဖြစ်သည့် မြန်မာစာဘာသာရပ် ဖြေသည့်နေ့တွင် စာမေးပွဲဝင်ရောက်ဖြေဆိုသူ (၉၁၀,၂၇၃) ဦးရှိသည်။ ယခင်နှစ်တက္ကသိုလ်ဝင်ခွင့်စာမေးပွဲမှစ၍ စိတ်ကြိုက်မြန်မာစာဘာသာရပ်မှလွဲကာ ကျန်ဘာသာရပ်များကို မေးခွန်းပုံစံပြောင်းလဲထားသည်။ 

Source: 7Day News

 

**Zawgyi**

 




 


Government University (30) အစိုးရတက္ကသိုလ်များနှင့် ပတ်သက်ပြီး (၃၀) ခုရှာရန်နှိပ်ပါ။


Source: 7Day News

Latest Post News Read 6320 times