Sales Hotline : 09448001653       Download App



ရန်ကုန်စီးပွားရေးတက္ကသိုလ်တွင် စတင်ဖွင့်လှစ်မည့် ဧည့်ဝတ်နှင့်ခရီးသွားလာရေးစီမံခန့်ခွဲမှုမဟာဘွဲ့

** Unicode **

ရန်ကုန်စီးပွားရေး တက္ကသိုလ်မှ ဧည့်ဝတ်နှင့်ခရီးသွားလာရေးစီမံခန့်ခွဲမှုမဟာဘွဲ့ (Master of Hospitality and Tourism Management - MHTM) သင်တန်းကို ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှ စတင်ကာဖွင့်လှစ်ခြင်းဖြစ်ပါတယ်။

သင်တန်းကိုတော့ ၂၀၂၀ ခုနှစ် မတ် (၂) ရက်မှ စတင်ဖွင့်လှစ်သွားမည်ဖြစ်ပါတယ်။

** သင်တန်းတက်ရောက်လိုသူများအနေဖြင့်...
- အသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူများ
- ဧည့်ဝတ်နှင့် ခရီးသွားလာရေး စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းခွင် (အလယ်အလတ်အဆင့် စီမံခန့်မှု) ၊အတွေ့အကြုံ (လုပ်သက်) အနည်းဆုံး (၂) နှစ်ရှိသူများ
- ၂၀၂၀ ခုနှစ် မတ်လ (၂) ရက်တွင် အသက် (၂၅) နှစ်ပြည့် ပြီးသူများ တက်ရောက်နိုင်ပါတယ်။
လျှောက်လွှာတွေကို ရန်ကုန်စီးပွားရေးတက္ကသိုလ် (ကမာရွတ်နယ်မြေ) အခန်း (၂၀၆) တွင် ဇန်နဝါရီ (၁၃) မှစတင်၍ ရယူနိုင်ပြီး ဖေဖော်ဝါရီ (၂၁) နောက်ဆုံးထား၍ ပြန်လည်တင်သွင်းလျှောက်ထားရမည်ဖြစ်ပါတယ်။

** သင်တန်းဝင်ခွင့်ရေးဖြေစာမေးပွဲ...
သင်တန်းဝင်ခွင့်ရေးဖြေစာမေးပွဲကို ၂၀၂၀ ခုနှစ်ဖေဖော်ဝါရီ (၁၆) ရက်မှာ ရန်ကုန်စီးပွားရေးတက္ကသိုလ် (ကမာရွတ်နယ်မြေ) တွင် ကျင်းပသွားမည်ဖြစ်ပါတယ်။

** လိုအပ်သောစာရွက်စာတမ်းများ...
- First Degree အမှတ်စာရင်းမိတ္တူ (မူရင်းတင်ပြရန်)
- ဘွဲ့လက်မှတ်မိတ္တူ (မူရင်းပြရန်)
- နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ(မူရင်းပြရန်)
- စုစုပေါင်းဓာတ်ပုံ (၆) ပုံ
- Admission Form (၁) စောင်၊ ဓာတ်ပုံ (၂) ပုံကပ်
- အလုပ်နှင့်ပတ်သက်သော လုပ်ငန်းရှင်၏ ထောက်ခံစာ
- ပညာရေး (ပထမဘွဲ့)နှင့် ပတ်သက်သော သက်ဆိုင်ရာပုဂ္ဂိုလ်၏ ထောက်ခံစာ 
- အကျင့်စာရိတ္တကောင်းမွန်ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးထောက်ခံစာ
- လုပ်သက်အနည်းဆုံး(၂) နှစ်ပြည့်ကြောင်း ထောက်ခံစာ( Company Letter Head)

** လျှောက်လွှာလက်ခံမည့်ရက်...
ဇန်နဝါရီ (၁၃) ရက်မှ ဖေဖော်ဝါရီ (၁၃) ရက်အထိလျှောက်အထိ လျှောက်လွှာတစ်စောင်ကို (၁ သောင်း) ကျပ်ကျသင့်မှာဖြစ်ပါတယ်။

** ဝင်ခွင့်သင်တန်း ဖွင့်လှစ်မည့်ရက်...
ဇန်နဝါရီ (၂၀) ရက်မှ ဖေဖော်ဝါရီ (၁၃) ရက်အထိ

** Identity Card ထုတ်ပေးမည့်ရက်...
ဖေဖော်ဝါရီ (၁၅) ရက် (စနေနေ့)

** ဝင်ခွင့်စာမေးပွဲ ကျင်းပမည့်ရက်...
ဖေဖော်ဝါရီ (၁၆) ရက် (တနင်္ဂနွေနေ့)
ဝင်ခွင့် သင်တန်းကြေးမှာ (ငါးသောင်းငါးထောင်) ကျပ်ကျသင့်မည်ဖြစ်ပါတယ်။

** Entrance Exam Result ထုတ်ပြန်မည့်ရက်...
ဖေဖော်ဝါရီ (၂၀) ရက် (ကြာသပတေးနေ့)

** လူတွေ့စစ်ဆေးမည့်ရက်...
ဖေဖော်ဝါရီ (၂၅) ရက်မှ (၂၆) (အင်္ဂါနေ့နှင့် ဗုဒ္ဓဟူးနေ့)

** ဝင်ခွင့်ရရှိသူများကို စာရင်းထုတ်ပြန်မည့်ရက်...
ဖေဖော်ဝါရီ (၂၈) ရက် (သောကြာနေ့)

Read More:>>>>  PPTT သင်တန်းလျှောက်ထားခြင်းအကြောင်း သိကောင်းစရာများအား မျှဝေခြင်း

**ဆက်သွယ်စုံစမ်းရန်**
အသေးစိတ် အချက်အလက်များကို ၀၁-၅၂၆၆၁၄၃ (သင်တန်းရေးရာဌာန)၊ ၀၁-၅၁၃၄၅၇(MHTM ရုံးခန်း)၊ ၀၁-၅၁၃၅၇၆ (ဝါဏိဇ္ဇဗေဒဌာနရုံးခန်း)

Credit: Internet

 

** Zawgyi **











** လူတွေ့စစ်ဆေးမည့်ရက်...


Read More:>>>  PPTT သင်တန်းလျှောက်ထားခြင်းအကြောင်း သိကောင်းစရာများအား မျှဝေခြင်း

**ဆက်သွယ်စုံစမ်းရန်**

Credit: Internet

News Tips Latest Post Read 1011 times