Sales Hotline : 09448001653       Download App



ပြည်သူ့ရေးရာစီမံခန့်ခွဲမှုမဟာဘွဲ့ အမှတ်စဉ် (၆) သင်တန်းဖွင့်မည်

** Unicode **

၂၀၂၀-၂၀၂၁ ပညာသင်နှစ်ရဲ့ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုမဟာဘွဲ့ (MPA) သင်တန်းအမှတ်စဉ် (၆) အတွက်ဝင်ခွင့်ခေါ်ယူနေပါတယ်။

သင်တန်းကို မိတ္ထီလာစီးပွားရေးတက္ကသိုလ်နဲ့ မန္တလေးတက္ကသိုလ်တို့ ပူးပေါင်းဖွင့်လှစ်တာဖြစ်ပြီး မန္တလေးတက္ကသိုလ်မှာ တက်ရောက်ရမှာဖြစ်ပါတယ်။

သင်တန်းကို တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီး သူများတက်ရောက်နိုင်ပြီး ရေးဖြေနဲ့ နှုတ်ဖြေစာမေးပွဲများကို ဖြေဆိုရမည်ဖြစ်ပါတယ်။

လျှောက်လွှာများကို မန္တလေးတက္ကသိုလ်၊ စီးပွားရေးဌာနမှာ စတင်ရယူနိုင်ပြီး သင်တန်းဝင်ခွင့်ရေးဖြေစာမေးပွဲအတွက် လျှောက်လွှာများကို မေ (၁၀) ရက်နောက်ဆုံးထားကာ မန္တလေးတက္ကသိုလ်၊ စီးပွားရေးဌာနမှာ ပြန်လည်တင်သွင်းရမည်ဖြစ်ပါတယ်။

သင်တန်းဝင်ခွင့်ရေးဖြေစာပေးပွဲကို မေလ (၁၇) ရက်၊ မိတ္ထီလာစီးပွားရေးတက္ကသိုလ်မှာ ကျင်းပသွားမှာဖြစ်ပါတယ်။

Hotel Trade (34) သင်တန်းများနှင့် ပတ်သက်ပြီး (၃၄) ခုရှာရန်နှိပ်ပါ။

သင်တန်းချိန်မှာ စနေ၊ တနင်္ဂနွေဖြစ်ပါတယ်။ အသေးစိတ်ကို ဖုန်းနံပါတ်၀၉-၇၈၉၀၁၁၆၆၆၊ ၀၉-၄၂၂၂၃၄၈၈၄၊ ၀၉-၄၄၄၀၃၃၈၅၅၊ ၀၉-၄၄၀၈၉၄၁၄ ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။

ယခုလက်ရှိကမ္ဘာ့ကပ်ဘေးရောဂါကြောင့် ကျောင်းနှင့်ပတ်သက်၍ ကိစ္စအဝဝ ကိုသိလိုပါက ဖုန်းဆက်မေးမြန်းခြင်း၊ ထုတ်ပြန်ချက်များစောင့်ကြည့်ခြင်းဖြင့် သိရှိနိုင်ပါတယ်။

Credit: Internet
 

** Zawgyi **









Credit: Internet
 

Latest Post News Tips Read 2457 times