ဈေးကွက်စီမံခန့်ခွဲမှုပညာမဟာဘွဲ့ တက်ရောက်လိုတယ်ဆိုရင် ဝင်ခွင့်အတွက် ဘာတွေလိုအပ်မလဲ?
**Unicode**
** ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှစတင်ကာ ဖွင့်လှစ်ခြင်းဖြစ်ပါတယ်။
- ဖွင့်လှစ်မည့်ရက်မှာ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီ (၂၅) ရက် (စနေနေ့)
- သင်တန်းချိန်မှာ စနေနေ့ နံနက်(၈) နာရီမှ ညနေ (၅) နာရီအထိ၊ တနင်္ဂနွေနေ့ နံနက် (၈) နာရီမှ နေ့လည် (၁၂) နာရီအထိ
** လိုအပ်ချက်များ 
- အသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိရမည်။
- ဈေးကွက်စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းခွင် (အလယ်အလတ်အဆင့် စီမံခန့်ခွဲမှု) အတွေ့အကြုံအနည်းဆုံး (၂) နှစ်ရှိရပါမည်။
- တက္ကသိုလ်တစ်ခုခုမှာ အခြားသင်တန်းတစ်ခုတက်ရောက်နေသူမဖြစ်ရပါ။၏
- သတ်မှတ်ထားတဲ့သင်ရိုးအတိုင်း အချိန်ပြည့်မီစွာ တက်ရောက်နိုင်သူဖြစ်ရပါမည်။
- ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၂၅) ရက်တွင် အသက် (၂၅) နှစ်ပြည့်ပြီးသူများဖြစ်ရပါမည်။
** လိုအပ်သော စာရွက်စာတမ်းများ
- First Degree အမှတ်စာရင်း မိတ္တူ (မူရင်းပြရန်)
- ဘွဲ့လက်မှတ်မိတ္တူ (မူရင်းပြရန်)
- နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ (မူရင်းပြရန်)
- စုစုပေါင်း ဓာတ်ပုံ (၆) ပုံ
- Admission Form တစ်စောင် ဓာတ်ပုံ (၂) ပုံကပ်ပြီး
- အလုပ်နှင့်ပတ်သတ်သော လုပ်ငန်းရှင်၏ ထောက်ပံစာ
- ပညာရေး(ပထမဘွဲ့) နှင့်ပတ်သက်သော သက်ဆိုင်ရာပုဂ္ဂိုလ်၏ထောက်ခံစာ
- အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးထောက်ခံစာ
- လုပ်သက်အနည်းဆုံး (၂) နှစ်ပြည့်ကြောင်းထောက်ခံစာ (Company Letter Head)
** လျှောက်လွှာလက်ခံမည့်ရက်မှာ ၂၀၁၉ခုနှစ်၊ ဒီဇင်ဘာ (၂)ရက်မှ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီ (၈) ရက်အထိဖြစ်ပါတယ်။
** Identity Card ထုတ်ပေးမည့်ရက်မှာ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီ (၁၁) ရက် စနေနေ့ ဖြစ်ပါတယ်။
** Entrance Exam Result ထုတ်ပြန်မည့်ရက်မှာ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီ (၁၅) ရက် ဗုဒ္ဓဟူးနေ့ ဖြစ်ပါတယ်။
** ဝင်ခွင့်ရရှိသူများ စာရင်းထုတ်ပြန်မည့်ရက်မှာ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီ (၂၃) ရက် ကြာသပတေးနေ့ ဖြစ်ပါတယ်။
** ဝင်ခွင့်သင်တန်းဖွင့်လှစ်မည့်ရက်မှာ ၂၀၁၉ ဒီဇင်ဘာ (၉) ရက်၊ ဇန်နဝါရီ (၁၀) ရက်အထိ ဖြစ်ပါတယ်။
** ဝင်ခွင့်စာမေးပွဲကျင်းပမည့်ရက်မှာ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီ (၁၂) ရက် တနင်္ဂနွေနေ့ ဖြစ်ပါတယ်။
** လူတွေ့စစ်ဆေးမည့်ရက်မှာ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီ (၂၀) ရက်မှ (၂၁) ရက် (တနင်္လာနေ့မှ အင်္ဂါ) နေ့ဖြစ်ပါတယ်။
Read More:>>>> ရတနာပုံတက္ကသိုလ်အဝေးသင်သင်တန်း မေဂျာအလိုက်ဝင်ခွင့်ရရှိသူများစာရင်း
*** လျှောက်လွှာများကို ရန်ကုန်စီးပွားရေးတက္ကသိုလ် (ကမာရွတ်နယ်မြေ၊ အခန်း ၂၀၆၊ တွင်ရယူနိုင်မည်ဖြစ်ပါတယ်။
*** သင်တန်းနှင့်ပတ်သက်ပြီး အသေးစိတ်ကို ဖုန်းနံပါတ် ၀၁-၅၂၆၆၁၃ ကိုဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။
Credit: Internet
**Zawgyi**
** လိုအပ်ချက်များ 
Credit: Internet
Latest Post News Read 385 times