ဥပဒေပညာဘွဲ့ရရှိပြီးသူများအနေဖြင့် ဥပဒေပညာရပ်ကို ဆက်လက်လေ့လာလိုပါက ရန်ကုန်အဝေးသင်တက္ကသိုလ်၊ ဥပဒေပညာဌာနတွင် ဖွင့်လှစ်မည့် မဟာဥပဒေဘွဲ့ (LLM) သင်တန်းကို Online မှတဆင့် တက်ရောက်နိုင်သည်။
သင်တန်းသည် ဘွဲ့လွန်သင်တန်းအမျိုးအစားဖြစ်သဖြင့် သင်တန်းဝင်ခွင့်လျှောက်ထားသူများသည် အောက်ပါစာရွက်စာတမ်းများကို ပူးတွဲတင်ပြ၍ ရန်ကုန်အဝေးသင်တက္ကသိုလ် သင်တန်းရေးရာဌာနတွင် သင်တန်းဝင်ခွင့် မှတ်ပုံတင်ခြင်းကို ပြုလုပ်ရမည်ဖြစ်သည်။
ဝင်ခွင့်မှတ်ပုံတင်ပြီးချိန်တွင် သင်တန်းသားတစ်ဦးချင်းစီအတွက် Student ID နှင့် Password တို့ကို Email ဖြင့်ပေးပို့ပေးမည်ဖြစ်သည်။ သင်တန်းနှင့် ပတ်သက်သော အသေးစိတ်အချက်အလက်များမှာ အောက်ပါအတိုင်းဖြစ်သည် -
ဝင်ခွင့်အရည်အချင်း - ဥပဒေဘွဲ့ Online LLB (သို့) LLB အောင်မြင်ပြီး မဟာဥပဒေဘွဲ့ တက်ရောက်ရန် အဆင့်မီသူ၊ မဟာဥပဒေအရည်အချင်းစစ် သင်တန်းအောင်မြင်ပြီးသူ
သင်တန်းစတင်ဖွင့်လှစ်မည့်ရက် - ၆.၈.၂၀၂၅
သင်တန်းကာလ - (၂)နှစ် (ပထမနှစ်၊ ဒုတိယနှစ်)
လျှောက်လွှာစတင်လက်ခံမည့်ရက် - ၂၅.၇.၂၀၂၅
လျှောက်လွှာပိတ်မည့်ရက် - .၃၀.၇.၂၀၂၄
ကျောင်းအပ်လက်ခံမည့်ရက် - ၂၅.၇.၂၀၂၄ ရက်မှ ၃၀.၇.၂၀၂၄ ရက်အထိ (ရုံးချိန်အတွင်း)
သင်တန်းဝင်ခွင့်လျှောက်လွှာများကို ရန်ကုန်အဝေးသင်တက္ကသိုလ် သင်တန်းရေးရာဌာနတွင် ရယူလျှောက်ထားနိုင်ပြီး သင်တန်းသားဦးရေ ကန့်သတ်ထားပါသဖြင့် သတ်မှတ်ဦးရေပြည့်ပါက လျှောက်လွှာပိတ်မည်ဖြစ်ကြောင်း သိရှိရသည်။
သင်တန်းနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များကို ထပ်မံသိရှိလိုပါက အောက်ဖော်ပြပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်သည်။
ဖုန်း - ၀၉-၆၈၀၈၉၉၈၅၉၊ ၀၁-၂၃၀၅၉၃၈၊ ၀၁-၅၂၅၁၆၄
လိပ်စာ - ရန်ကုန်အဝေးသင်တက္ကသိုလ်၊ ဥပဒေပညာဌာန၊ သထုံလမ်း
Related Article : ရန်ကုန်အဝေးသင်တက္ကသိုလ်က ဖွင့်လှစ်မယ့် အွန်လိုင်းသင်တန်းများ
>> https://www.edge.com.mm/article/yangon-university-of-distance-education-
=========================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။