Sales Hotline : 09448001653       Download App



Plagiarism အရေးပါပုံကိုဗဟုသုတအနေဖြင့်လေ့လာကြည့်ရအောင်

** Unicode **

ဘာကြောင့်များ "Plagiarism"က ဒီလောက်တောင် အရေးပါရတာလဲ? စာသင်သားများ အထူးဂရုပြုသင့်တဲ့ PLAGIARISM (ခိုးယူကူးချခြင်း) အကြောင်းကို ဗဟုသုတအနေနဲ့ မှီငြမ်းဖော်ပြလိုက်ပါတယ်။

သုတေသနပြုတဲ့ပုဂ္ဂိုလ်တွေ, ကျမ်းပြုစုတဲ့ပုဂ္ဂိုလ်တွေ, Research Proposal ရေးသားတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့ Plagiarism အကြောင်းကို လုံးဝချန်လှပ်ထားလို့မရပါဘူး။ 

၁။ What is Plagiarism?
The Macmillan English Dictionary ရဲ့ အနက်ဖွင့်ဆိုချက်အရ "Plagiarism ဆိုသည်မှာ တစ်စုံတစ်ဦး၏ အတွေးအခေါ်များ(Ideas)၊ စကားလုံးများ(Words) သို့မဟုတ် လုပ်ဆောင်ချက်များကို ထိုသူထံမှ ဌားရမ်းသုံးစွဲထားကြောင်း မှန်ကန်တိကျစွာ ဖော်ပြခြင်းမရှိဘဲ မိမိ၏အတွေးအခေါ်၊ လုပ်ဆောင်ချက်များအသွင် ခိုးယူခြင်း သို့မဟုတ် ကူးချခြင်းကို ဆိုလိုပါတယ်။

၂။ Plagiarism ကျူးလွန်ခဲ့ရင် အရေးယူခံရမှာလား?
(Panalties) Plagiarismကိုကျူးလွန်ကြောင်း ပေါ်လွင်ထင်ရှားပြီဆိုရင်တော့ အောက်ပါပြစ်ဒဏ်တစ်ရပ်ရပ်နဲ့ မုချအရေးယူခံရမှာပါ။ မှတ်သားအပ်တဲ့ အပြစ်ပေးမှုပုံစံများမှာ
- စာမေးပွဲအချခံရခြင်း။
- သက်ဆိုင်ရာပါမောက္ခ၏ သတိပေးမှုခံရခြင်း။
- ဘွဲ့မပေးခြင်း။
- ကျောင်းရပ်နားခံရခြင်း။
- ကျောင်းမှအပြီးအပိုင် အထုတ်ခံရခြင်း စသောပြစ်ဒဏ်တွေ အပေးခံရနိုင်ပါတယ်။
တစ်ချို့ကိစ္စတွေမှာဆို ကျူးလွန်သူကို တရားရုံးမှာတရားစွဲဆိုခံရနိုင်ပြီး ထောင်ဒဏ်/ ငွေဒဏ်တွေပါချမှတ်ခံရနိုင်ပါတယ်။ 

အဖြေကရှင်းပါတယ်... ဥပဒေရှုတောင့်အရ သုံးသပ်ကြမယ်ဆိုရင်လည်း Plagiarism ဆိုတဲ့ပြစ်မှုအဂါၤရပ်ထဲမှာ ခိုးယူခြင်း (Stealing) နှင့် လိမ်ညာလှည့်ဖြားခြင်း (Lying)ဆိုတဲ့ပြစ်မှု (၂) ရပ်ပါဝင်နေတာတွေ့ရတာကြောင့် ပေါ့ပေါ့ဆဆမတွေးဘဲ အထူးဂရုပြုလိုက်နာဖို့ လိုအပ်ပါတယ်။

Computer Repair (300) ကွန်ပျူတာပြုပြင်ထိန်သိမ်းရေးနှင့် ပတ်သက်ပြီး (၃၀၀) ခုရှာရန်နှိပ်ပါ။

၃။ Plagiarism အမျိုးအစားများ (Types)
Plagiarism အမျိုးအစားတွေက ရှုပ်ထွေးများပြားတာကြောင့် ကျမ်း/ သုတေသန ပြုစုရေးသား သူများ အနေနဲ့ အထူးဂရုပြု လေ့လာမှတ်သားဖို့လိုအပ်ပါတယ်။ အခြေခံအားဖြင့် Plagiarismအမျိုးအစား (၂) မျိုးရှိပါတယ်။ Citation လုံးဝမထည့်ဘဲ ကျူးလွန်သော Plagiarism နှင့် Citation ပါလျက်သား ကျူးလွန်သော Plagiarismလို့ ခွဲခြားရမှာဖြစ်ပါတယ်။
(၁) Citation လုံးဝမထည့်ဘဲ ကျူးလွန်ခြင်း ( Sources Not Cited)
ပထမအမျိုးအစားဖြစ်တဲ့ Citation လုံးဝမထည့်ဘဲ သူများအတွေးအခေါ်တွေကို သူ့ရဲ့အတွေးအခေါ်ယောင်ယောင် ခိုးယူကူးချသူတွေကတော့ အပျင်းဆုံး/ အဖျင်းဆုံး ပုဂ္ဂိုလ်ကြီးတွေလို့သမုတ်ရပါမယ်။ အဲဒီလိုပုဂ္ဂိုလ်တွေကလည်း အမျိုးမျိုးကွဲပြားပါသေးတယ်။ ပိုင်းခြားကြည့်မယ်ဆိုရင်...
** Word for Word သမား
ဒီပုဂ္ဂိုလ်တွေကို ဗန်း(ရှဲဒိုး)သမား / English လို Ghost Writerလို့ခေါ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ သူတစ်ပါးရဲ့စာတွေ/ အတွေးအခေါ်တွေကို တစ်သဝေမသိမ်း လုံးစေ့ပတ်စေ့ ခိုးယူကူးချကြတဲ့သူတွေဖြစ်ကြလို့ပါ။
** Photocopy သမား
ဒီပုဂ္ဂိုလ်တွေကိုတော့ Copy-Pase သမားလို့ဆိုရမှာဖြစ်တယ်။ ဆိုလိုတာက သူတစ်ပါးရဲ့အတွေးအခေါ်/ စကားလုံးတွေကို မိတ္တူပွားသည့်အလား ပုံသေခိုးချသူလို့ဆိုရပါမယ်။
** ကြုံရာကျပန်းသမား/ ရမ်းသန်းလိမ်ဆွဲသမား
English လို "Potluck Paper" ခေါ်ပါတယ်။ ဒီပုဂ္ဂိုလ်တွေကတော့ သူခိုးလူလည်ပါပဲ။ သူတို့ဟာ သူတစ်ပါးရဲ့ အတွေးအခေါ်/ စကားလုံးကိုခိုးကူးဖို့ များမြောှင်ရှုပ်ထွေးတဲ့ အရင်းအမြစ်တွေမှတစ်ဆင့် ကွယ်ဝှက်ခိုးကူးချသူတွေဖြစ်ပါတယ်။
** ဖုံးကွယ်/ရုပ်ဖျက်သမား
English လို "The Poor Disguise"လို့ခေါ်ပါတယ်။ သူတို့ဟာ သူတစ်ပါးရေးသားထားပြီးသား စာကြောင်းတွေထဲက Key Words နှင့် Phrases တွေကို မဆိုသလောက်ပြောင်းပစ်ပြီးတော့ ရုပ်ဖျက်ခိုးကူးချတဲ့သူတွေဖြစ်ပါတယ်။
** ပျင်းရိသိမ်ဖျင်းသူ
သူကို "The Labor of Laziness" လို့ခေါ်ပါတယ်။ သူတို့ဟာ နယ်ပယ်တစ်ခုခုကို စိုက်စိုက်မတ်မတ် စကားပြေပြန်ဆိုတာ(Paraphrase) မဟုတ်ဘဲ ပျင်းရိစွာ အုတ်ရောရော ကျောက်ရောရော ပြီးပြီးရောကူးချသူတွေဖြစ်ပါတယ်။
** Self- Stealer သမား
ဒီကိစ္စက အထူးအရေးပါသလို အံ့သြဖို့လည်းကောင်းပါတယ်။ ဆိုလိုတာက မိမိရဲ့အတိတ်က အတွေးအခေါ်တွေကိုပင်လျင် ပြန်ပြီးသုတေသနလုပ်ချင်ရင် Citation ထည့်ရပါမည်။ ငါ့ပစ္စည်းငါပိုင်တာပဲ ငါ့အတွေးအခေါ်ပဲဆိုပြီး Citation မထည့်မိရင် Plagiarism ကျူးလွန်တယ်လို့မှတ်ယူပါတယ်။ ကိုယ်ပိုင်ပစ္စ္စည်းတောင် အများအသိမပေးဘဲကူးချရင် ခိုးကူးတယ်လို့သတ်မှတ်ပါတယ်။ ဒါ့ကြောင့် ကိုယ်ပိုင်တဲ့ပစ္စည်းတောင် အများအသိမပေးဘဲ ယူသုံးရင် ခိုးမှုမြှောက်တာ Plagiarism မှာပဲရှိပါတယ်။

(၂) Citation ပါလျက် ကျူးလွန်ခြင်း (Sources Cited but Still Plagiarized)
Plagiarism ကစည်းကမ်းအလွန်ကြီးပါတယ်။ Ciatation ထိုးပြီးတာနဲ့မပြီးသေးပါဘူး။ Citation တွေကိုလည်းနည်းလမ်းတကျ မညွှန်ပြနိုင်ဘူးဆိုရင် Plagiarism ကိုကျူးလွန်တာပါပဲ။ဒုတိယအုပ်စုဟာ ရှုပ်ထွေးလေးနက်တာကြောင့် အသေးစိတ်ဂရုတစ်စိုက် လိုက်နာမှတ်သားဖို့လိုအပ်ပါတယ်။ ဒီအုပ်စုအမျိုးအစားကိုလည်း ခွဲခြမ်းစိတ်ဖြာကြည့်မယ်ဆိုရင်
** Footnote ထည့်ရန်ပျက်ကွက်မှု
သူတစ်ပါးအတွေးအခေါ်တွေကို မိမိစာတမ်းမှာထည့်ရေးတဲ့အခါ ၎င်းနာမည်ကိုဖော်ပြပေးပေမယ့် ခုနှစ် စာမျက်နှာတွေကိုထည့်ဖို့ပျက်ကွက်ရင် Plagiarismကျူးလွန်တယ်လို့သတ်မှတ်တယ်။ ဘာကြောင့်လဲဆိုတော့ စာမျက်နှာ/ ခုနှစ်အတိအကျမပေးတာဟာ သတင်းအချက်အလက် အရင်းအမြစ်ကိုရှုပ်ထွေးစေပါတယ်။ မရိုးမဖြောင့်တဲ့သဘောနဲ့ ဖုံးဖိချင်တာလို့လဲ အစွပ်စွဲခံရနိုင်ပါတယ်။
** Quotation Mark ထည့်ရန်ပျက်ကွက်မှု
The Too Perfect Paraphrase လို့အဓိပ္ပာယ်ရပါတယ်။ သူတစ်ပါးအတွေးအခေါ်ကို တစ်သဝေမသိမ်း (word for word) copy ယူထားပြီး "Quotation Mark" ထည့်ဖို့ပျက်ကွက်ရင်လဲ Plagiarismထိမှာပါပဲ။ Quotation Mark မထည့်ချင်ရင် စနစ်တကျ စကားပြေပြန် (Paraphrase) ရမှာဖြစ်ပါတယ်။
** The Resourceful Citer
ဒီပုဂ္ဂိုလ်တွေကိုတော့ အရပ်စကားဌားပြောခိုင်းနှိုင်းရရင် "လူလည်ကျသူ" တွေလို့ဆိုရမှာဖြစ်တယ်။ တချို့ကျတော့ နမော်နမဲ့/အမှုမဲ့အမှတ်မဲ့ ကျူးလွန်မိတာလဲရှိပါတယ်။ သူတို့ဟာ Plagiarism အတွက်သတ်မှတ်ထားတဲ့စည်းမျည်း/စည်းကမ်းတွေအတိုင်း တစ်သွေမသိမ်း လိုက်နာတယ်။ Citation, Quotation, Pharaphrasing ကျင့်သုံးမှု တစ်ခုမကျန် အသေးစိတ် မှန်ကန်မှုရှိတယ်။ ကဲဒါဆို ဘာကြောင့်သူကို Plagiarism ကျူးလွန်တယ်လို့ စွပ်စွဲရပါသလဲ/သူဘယ်လိုများကျူးလွန်ခဲ့ပါသလဲ? 
အဖြေကရှင်းပေမယ် နက်ရှိုင်းပါတယ်။ အဲဒီကျောင်းသားက Citation, Quotation, Pharaphrasing စနစ်တကျလိုက်နာပေမယ့် မူလစာရေးဆရာရဲ့ Original Ideas/ Works မီးမှောင်းထိုးဖို့ပျက်ကွက်နေတဲ့အတွက် မူလအတွေးအခေါ်တွေကအခြားစာရေးရဲ့ Ideas/ Works ပုံစံပြောင်းလဲသွားလို့ပါပဲ။ ဒါကြောင့် Citation, Quotation, Pharaphrasing လုပ်ကြတဲ့အခါ မူလစာရေးဆရာရဲ့ Original Ideas/ works တွေကို ထိထိမိမိ ရည်ညွှန်းကိုးကားနိုင်ဖို့လိုအပ်ပါတယ်။
** The Perfect Crime
နောက်ဆုံးပြစ်မှုအမျိုးအစားဖြစ်တဲ့ The Perfect Crime ကိုတော့ ကျူးလွန်သူ မရှိသလောက် နည်းပါးပါတယ်။ သူတို့ဟာ Citation, Quotation တွေကို စနစ်တကျညွှန်ပြပေမယ့် Pharaphrasing ကိုတော့ တခြားသူဆီကနေ ခိုးချကြတာပါ။
- အသုံးတည့်မယ့် Plagiarism Checkers linksများ
- https://www.duplichecker.com - https://www.thepensters.co Citation Styles:::
နောက်ဆုံးအချက်အနေနဲ့ အရေးကြီးဆုံးအချက်ကတော့ Citation styles တွေဖြစ်ပါတယ်... မိမိရေးတဲ့ကျမ်းက ဘယ်လို style ကိုသုံးသင့်သလဲဆိုတာ ကျမ်းကြီးကြပ်သူနဲ့တိုင်ပင်ဖို့လိုအပ်ပါတယ်....
အသုံးများတဲ့ Styles တွေကတော့
(1) APA ( American Psychological Association)
http://www.apastyle.org/index.aspx...
(2) Chicago Manual of Style 
http://www.chicagomanualofstyle.org/home.html..
(3) MLA ( Modern Language Association)
http://www.mla.org/style...
(4) Turabian Style 
http://www.press.uchicago.edu/books/turabian citation guide. HTML...
(5) Legal Style 
http://www.law.cornell.edu/citation...

Post Credit-ဗျက်ချန် (Kobe University, Japan)

မျှဝေခွင့်ရတဲ့အတွက် Myanmar Education Directory မှအထူးပင်ကျေးဇူးတင်ပါတယ်ရှင်။
 

** Zawgyi **

ဘာေၾကာင့္မ်ား "Plagiarism"က ဒီေလာက္ေတာင္ အေရးပါရတာလဲ? စာသင္သားမ်ား အထူးဂ႐ုျပဳသင့္တဲ႕ PLAGIARISM (ခိုးယူကူးခ်ျခင္း) အေၾကာင္းကို ဗဟုသုတအေနနဲ႕ မွီျငမ္းေဖာ္ျပလိုက္ပါတယ္။

သုေတသနျပဳတဲ့ပုဂၢိဳလ္ေတြ, က်မ္းျပဳစုတဲ့ပုဂၢိဳလ္ေတြ, Research Proposal ေရးသားတဲ့ ပုဂၢိဳလ္ေတြအေနနဲ႔ Plagiarism အေၾကာင္းကို လံုးဝခ်န္လွပ္ထားလို႔မရပါဘူး။ 

၁။ What is Plagiarism?
The Macmillan English Dictionary ရဲ႕ အနက္ဖြင့္ဆိုခ်က္အရ "Plagiarism ဆိုသည္မွာ တစ္စံုတစ္ဦး၏ အေတြးအေခၚမ်ား(Ideas)၊ စကားလံုးမ်ား(Words) သို႔မဟုတ္ လုပ္ေဆာင္ခ်က္မ်ားကို ထိုသူထံမွ ဌားရမ္းသံုးစြဲထားေၾကာင္း မွန္ကန္တိက်စြာ ေဖာ္ျပျခင္းမရွိဘဲ မိမိ၏အေတြးအေခၚ၊ လုပ္ေဆာင္ခ်က္မ်ားအသြင္ ခိုးယူျခင္း သို႔မဟုတ္ ကူးခ်ျခင္းကို ဆိုလိုပါတယ္။

၂။ Plagiarism က်ဴးလြန္ခဲ့ရင္ အေရးယူခံရမွာလား?
(Panalties) Plagiarismကိုက်ဴးလြန္ေၾကာင္း ေပၚလြင္ထင္ရွားၿပီဆိုရင္ေတာ့ ေအာက္ပါျပစ္ဒဏ္တစ္ရပ္ရပ္နဲ႔ မုခ်အေရးယူခံရမွာပါ။ မွတ္သားအပ္တဲ့ အျပစ္ေပးမႈပံုစံမ်ားမွာ
- စာေမးပြဲအခ်ခံရျခင္း။
- သက္ဆိုင္ရာပါေမာကၡ၏ သတိေပးမႈခံရျခင္း။
- ဘြဲ႕မေပးျခင္း။
- ေက်ာင္းရပ္နားခံရျခင္း။
- ေက်ာင္းမွအၿပီးအပိုင္ အထုတ္ခံရျခင္း စေသာျပစ္ဒဏ္ေတြ အေပးခံရႏိုင္ပါတယ္။
တစ္ခ်ိဳ႕ကိစၥေတြမွာဆို က်ဴးလြန္သူကို တရားရံုးမွာတရားစြဲဆိုခံရႏိုင္ၿပီး ေထာင္ဒဏ္/ ေငြဒဏ္ေတြပါခ်မွတ္ခံရႏိုင္ပါတယ္။ 

အေျဖကရွင္းပါတယ္... ဥပေဒရႈေတာင့္အရ သံုးသပ္ၾကမယ္ဆိုရင္လည္း Plagiarism ဆိုတဲ့ျပစ္မႈအဂါၤရပ္ထဲမွာ ခိုးယူျခင္း (Stealing) ႏွင့္ လိမ္ညာလွည့္ျဖားျခင္း (Lying)ဆိုတဲ့ျပစ္မႈ (၂) ရပ္ပါဝင္ေနတာေတြ႕ရတာေၾကာင့္ ေပါ့ေပါ့ဆဆမေတြးဘဲ အထူးဂ႐ုျပဳလိုက္နာဖို႔ လိုအပ္ပါတယ္။

Computer Repair (300) ကြန္ပ်ဴတာျပဳျပင္ထိန္သိမ္းေရးႏွင့္ ပတ္သက္ျပီး (၃၀၀) ခုရွာရန္ႏွိပ္ပါ။

၃။ Plagiarism အမ်ိဳးအစားမ်ား (Types)
Plagiarism အမ်ိဳးအစားေတြက ရွဳပ္ေထြးမ်ားျပားတာေၾကာင့္ က်မ္း/ သုေတသန ျပဳစုေရးသား သူမ်ား အေနနဲ႔ အထူးဂ႐ုျပဳ ေလ့လာမွတ္သားဖို႔လိုအပ္ပါတယ္။ အေျခခံအားျဖင့္ Plagiarismအမ်ိဳးအစား (၂) မ်ိဳးရွိပါတယ္။ Citation လံုးဝမထည့္ဘဲ က်ဴးလြန္ေသာ Plagiarism ႏွင့္ Citation ပါလ်က္သား က်ဴးလြန္ေသာ Plagiarismလို႔ ခြဲျခားရမွာျဖစ္ပါတယ္။
(၁) Citation လံုးဝမထည့္ဘဲ က်ဴးလြန္ျခင္း ( Sources Not Cited)
ပထမအမ်ိဳးအစားျဖစ္တဲ့ Citation လံုးဝမထည့္ဘဲ သူမ်ားအေတြးအေခၚေတြကို သူ႔ရဲ႕အေတြးအေခၚေယာင္ေယာင္ ခိုးယူကူးခ်သူေတြကေတာ့ အပ်င္းဆံုး/ အဖ်င္းဆံုး ပုဂိၢဳလ္ႀကီးေတြလို႔သမုတ္ရပါမယ္။ အဲဒီလိုပုဂၢိဳလ္ေတြကလည္း အမ်ိဳးမ်ိဳးကြဲျပားပါေသးတယ္။ ပိုင္းျခားၾကည့္မယ္ဆိုရင္...
** Word for Word သမား
ဒီပုဂိၢဳလ္ေတြကို ဗန္း(ရွဲဒိုး)သမား / English လို Ghost Writerလို႔ေခၚပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သူတို႔ဟာ သူတစ္ပါးရဲ႕စာေတြ/ အေတြးအေခၚေတြကို တစ္သေဝမသိမ္း လံုးေစ့ပတ္ေစ့ ခိုးယူကူးခ်ၾကတဲ့သူေတြျဖစ္ၾကလို႔ပါ။
** Photocopy သမား
ဒီပုဂိၢဳလ္ေတြကိုေတာ့ Copy-Pase သမားလို႔ဆိုရမွာျဖစ္တယ္။ ဆိုလိုတာက သူတစ္ပါးရဲ႕အေတြးအေခၚ/ စကားလံုးေတြကို မိတၱဴပြားသည့္အလား ပံုေသခိုးခ်သူလို႔ဆိုရပါမယ္။
** ၾကံဳရာက်ပန္းသမား/ ရမ္းသန္းလိမ္ဆြဲသမား
English လို "Potluck Paper" ေခၚပါတယ္။ ဒီပုဂၢိဳလ္ေတြကေတာ့ သူခိုးလူလည္ပါပဲ။ သူတို႔ဟာ သူတစ္ပါးရဲ႕ အေတြးအေခၚ/ စကားလံုးကိုခိုးကူးဖို႔ မ်ားေျမာွင္ရႈပ္ေထြးတဲ့ အရင္းအျမစ္ေတြမွတစ္ဆင့္ ကြယ္ဝွက္ခိုးကူးခ်သူေတြျဖစ္ပါတယ္။
** ဖံုးကြယ္/႐ုပ္ဖ်က္သမား
English လို "The Poor Disguise"လို႔ေခၚပါတယ္။ သူတိုု႔ဟာ သူတစ္ပါးေရးသားထားၿပီးသား စာေၾကာင္းေတြထဲက Key Words ႏွင့္ Phrases ေတြကို မဆိုသေလာက္ေျပာင္းပစ္ၿပီးေတာ့ ႐ုပ္ဖ်က္ခိုးကူးခ်တဲ့သူေတြျဖစ္ပါတယ္။
** ပ်င္းရိသိမ္ဖ်င္းသူ
သူကို "The Labor of Laziness" လို႔ေခၚပါတယ္။ သူတို႔ဟာ နယ္ပယ္တစ္ခုခုကို စိုက္စိုက္မတ္မတ္ စကားေျပျပန္ဆိုတာ(Paraphrase) မဟုတ္ဘဲ ပ်င္းရိစြာ အုတ္ေရာေရာ ေက်ာက္ေရာေရာ ၿပီးၿပီးေရာကူးခ်သူေတြျဖစ္ပါတယ္။
** Self- Stealer သမား
ဒီကိစၥက အထူးအေရးပါသလို အံ့ၾသဖို႔လည္းေကာင္းပါတယ္။ ဆိုလိုတာက မိမိရဲ႕အတိတ္က အေတြးအေခၚေတြကိုပင္လ်င္ ျပန္ၿပီးသုေတသနလုပ္ခ်င္ရင္ Citation ထည့္ရပါမည္။ ငါ့ပစၥည္းငါပိုင္တာပဲ ငါ့အေတြးအေခၚပဲဆိုၿပီး Citation မထည့္မိရင္ Plagiarism က်ဴးလြန္တယ္လို႔မွတ္ယူပါတယ္။ ကိုယ္ပိုင္ပစၥၥည္းေတာင္ အမ်ားအသိမေပးဘဲကူးခ်ရင္ ခိုးကူးတယ္လို႔သတ္မွတ္ပါတယ္။ ဒါ့ေၾကာင့္ ကိုယ္ပိုင္တဲ့ပစၥည္းေတာင္ အမ်ားအသိမေပးဘဲ ယူသံုးရင္ ခိုးမႈေျမႇာက္တာ Plagiarism မွာပဲရွိပါတယ္။

(၂) Citation ပါလ်က္ က်ဴးလြန္ျခင္း (Sources Cited but Still Plagiarized)
Plagiarism ကစည္းကမ္းအလြန္ႀကီးပါတယ္။ Ciatation ထိုးၿပီးတာနဲ႔မၿပီးေသးပါဘူး။ Citation ေတြကိုလည္းနည္းလမ္းတက် မၫႊန္ျပႏိုင္ဘူးဆိုရင္ Plagiarism ကိုက်ဴးလြန္တာပါပဲ။ဒုတိယအုပ္စုဟာ ရွဳပ္ေထြးေလးနက္တာေၾကာင့္ အေသးစိတ္ဂ႐ုတစ္စိုက္ လိုက္နာမွတ္သားဖို႔လိုအပ္ပါတယ္။ ဒီအုပ္စုအမ်ိဳးအစားကိုလည္း ခြဲျခမ္းစိတ္ျဖာၾကည့္မယ္ဆိုရင္
** Footnote ထည့္ရန္ပ်က္ကြက္မႈ
သူတစ္ပါးအေတြးအေခၚေတြကို မိမိစာတမ္းမွာထည့္ေရးတဲ့အခါ ၎နာမည္ကိုေဖာ္ျပေပးေပမယ့္ ခုႏွစ္ စာမ်က္ႏွာေတြကိုထည့္ဖို႔ပ်က္ကြက္ရင္ Plagiarismက်ဴးလြန္တယ္လို႔သတ္မွတ္တယ္။ ဘာေၾကာင့္လဲဆိုေတာ့ စာမ်က္ႏွာ/ ခုႏွစ္အတိအက်မေပးတာဟာ သတင္းအခ်က္အလက္ အရင္းအျမစ္ကိုရွဳပ္ေထြးေစပါတယ္။ မ႐ိုးမေျဖာင့္တဲ့သေဘာနဲ႔ ဖံုးဖိခ်င္တာလို႔လဲ အစြပ္စြဲခံရႏိုင္ပါတယ္။
** Quotation Mark ထည့္ရန္ပ်က္ကြက္မႈ
The Too Perfect Paraphrase လို႔အဓိပၸာယ္ရပါတယ္။ သူတစ္ပါးအေတြးအေခၚကို တစ္သေဝမသိမ္း (word for word) copy ယူထားၿပီး "Quotation Mark" ထည့္ဖို႔ပ်က္ကြက္ရင္လဲ Plagiarismထိမွာပါပဲ။ Quotation Mark မထည့္ခ်င္ရင္ စနစ္တက် စကားေျပျပန္ (Paraphrase) ရမွာျဖစ္ပါတယ္။
** The Resourceful Citer
ဒီပုဂၢိဳလ္ေတြကိုေတာ့ အရပ္စကားဌားေျပာခိုင္းနွိဳင္းရရင္ "လူလည္က်သူ" ေတြလို႔ဆိုရမွာျဖစ္တယ္။ တခ်ိဳ႕က်ေတာ့ နေမာ္နမဲ့/အမႈမဲ့အမွတ္မဲ့ က်ဴးလြန္မိတာလဲရွိပါတယ္။ သူတို႔ဟာ Plagiarism အတြက္သတ္မွတ္ထားတဲ့စည္းမ်ည္း/စည္းကမ္းေတြအတိုင္း တစ္ေသြမသိမ္း လိုက္နာတယ္။ Citation, Quotation, Pharaphrasing က်င့္သံုးမႈ တစ္ခုမက်န္ အေသးစိတ္ မွန္ကန္မႈရွိတယ္။ ကဲဒါဆို ဘာေၾကာင့္သူကို Plagiarism က်ဴးလြန္တယ္လို႔ စြပ္စြဲရပါသလဲ/သူဘယ္လိုမ်ားက်ဴးလြန္ခဲ့ပါသလဲ? 
အေျဖကရွင္းေပမယ္ နက္ရွိဳင္းပါတယ္။ အဲဒီေက်ာင္းသားက Citation, Quotation, Pharaphrasing စနစ္တက်လိုက္နာေပမယ့္ မူလစာေရးဆရာရဲ႕ Original Ideas/ Works မီးေမွာင္းထိုးဖို႔ပ်က္ကြက္ေနတဲ့အတြက္ မူလအေတြးအေခၚေတြကအျခားစာေရးရဲ႕ Ideas/ Works ပံုစံေျပာင္းလဲသြားလို႔ပါပဲ။ ဒါေၾကာင့္ Citation, Quotation, Pharaphrasing လုပ္ၾကတဲ့အခါ မူလစာေရးဆရာရဲ႕ Original Ideas/ works ေတြကို ထိထိမိမိ ရည္ၫႊန္းကိုးကားႏိုင္ဖို႔လိုအပ္ပါတယ္။
** The Perfect Crime
ေနာက္ဆံုးျပစ္မႈအမ်ိဳးအစားျဖစ္တဲ့ The Perfect Crime ကိုေတာ့ က်ဴးလြန္သူ မရွိသေလာက္ နည္းပါးပါတယ္။ သူတို႔ဟာ Citation, Quotation ေတြကို စနစ္တက်ၫႊန္ျပေပမယ့္ Pharaphrasing ကိုေတာ့ တျခားသူဆီကေန ခိုးခ်ၾကတာပါ။
- အသံုးတည့္မယ့္ Plagiarism Checkers linksမ်ား
- https://www.duplichecker.com - https://www.thepensters.co Citation Styles:::
ေနာက္ဆံုးအခ်က္အေနနဲ႔ အေရးႀကီးဆံုးအခ်က္ကေတာ့ Citation styles ေတြျဖစ္ပါတယ္... မိမိေရးတဲ့က်မ္းက ဘယ္လို style ကိုသံုးသင့္သလဲဆိုတာ က်မ္းႀကီးၾကပ္သူနဲ႔တိုင္ပင္ဖို႔လိုအပ္ပါတယ္....
အသံုးမ်ားတဲ့ Styles ေတြကေတာ့
(1) APA ( American Psychological Association)
http://www.apastyle.org/index.aspx...
(2) Chicago Manual of Style 
http://www.chicagomanualofstyle.org/home.html..
(3) MLA ( Modern Language Association)
http://www.mla.org/style...
(4) Turabian Style 
http://www.press.uchicago.edu/books/turabian citation guide. HTML...
(5) Legal Style 
http://www.law.cornell.edu/citation...

Post Credit-ဗ်က္ခ်န္ (Kobe University, Japan)
မွ်ေဝခြင့္ရတဲ့အတြက္ Myanmar Education Directory မွအထူးပင္ေက်းဇူးတင္ပါတယ္ရွင္။
 

Latest Post Tips Read 1344 times