"KMD Institute မှ Steam for Kids Course သင်တန်းသစ်ဖွင့်လှစ်"

"KMD Institute မှ Steam for Kids Course သင်တန်းသစ်ဖွင့်လှစ်"

KMD Institute မှ Steam for Kids Course သင်တန်းသစ်ဖွင့်လှစ်မည်ဟုသိရပါသည်။

 

သင်တန်းမှာ သိပ္ပံနှင့်နည်းပညာ၊ အင်ဂျင်နီယာနှင့် သချာင်္ပညာရပ်များကို ကိုယ်ပိုင်ဥာဏ်ဖြင့် စဉ်းစားတွေးခေါ်တတ်စေရန်၊

စမ်းသပ်လေ့လာမှုများပြုလုပ်တတ်စေရန်၊ ကိုယ်ပိုင်ဆုံးဖြတ်ချက်များဖြင့် ကိစ္စအမျိုးမျိုးကိုအောင်မြင် အောင်ဆောင်ရွက်တတ်စေရန်၊

ကိုယ်တိုင်လေ့လာစမ်းစစ်ပြီး မိမိကိုယ်ကို ယုံကြည်ချက်ရှိရှိ ရပ်တည်နိုင်စေရန်အတွက် သင်ကြားပေးသွားမည့် သင်တန်းဖြစ်ပါသည်။

 

3D Printer နှင့်အတူ သင်ထောက်ကူပစ္စည်းအပြည့်အစုံနှင့် သင်ကြားပေးသွားမည်ဖြစ်ပါသည်။

 

သင်တန်းအပ်နှံလိုသူများအနေဖြင့် KMD Institute ဖုန်း ၀၉-၂၆၂၆၀၀၄၅၀၊ ၀၁-၃၈၁၀၃၅ ကိုဆက်သွယ်စုံစမ်းနိုင်ပါသည်။

 

Source: Internet Journal

News Read 646 times