Sales Hotline : 09448001653       Download App



မြန်မာကျောင်းသားများ၏ အမှတ်စာရင်းပေါ်မူတည်၍ ပညာသင်ဆုကို ရာနှုန်းပြည့်ပေးမည့် JCUS

ယခင်က ပညာသင်ဆုပေးသည့် လျှောက်လွှာကို စစ်ဆေးရာတွင် စာမေးပွဲများနှင့် စစ်ဆေးခြင်းမပြုလုပ် တော့ဘဲ မြန်မာနိုင်ငံမှ ကျောင်းသူကျောင်းသားများ၏ ဆယ်တန်း အမှတ်စာရင်း၊ iGCSE အမှတ်စာရင်းများကို ကြည့်၍ ပညာသင်ဆုကို ရာနှုန်းပြည့် ပေးမည်ဟု James Cook University Singapore မှ တာဝန်ရှိသူများက ဆိုသည်။

ထိုပညာသင်ဆုတွင် နိုဝင်ဘာလ၏ ကျောင်းဖွင့်ချိန်တွင် (ဘာသာရပ် ၈ခု) တစ်နှစ်စာအတွက် ၁၀၀ ရာခိုင်နှုန်း၊ ၅၀ ရာခိုင်နှုန်း၊ ၂၅ရာခိုင်နှုန်း အစရှိသည့် အမျိုးအစားများပါဝင်ပါသည်။

လျှောက်ထားလိုသူများအနေနှင့် ပညာရေးဆိုင်ရာ စာရွက်စာတမ်းများ (အမှတ်စာရင်း၊ အောင်လက်မှတ်) များ ယူဆောင်လာရမှာ ဖြစ်ပြီး JCUS Application Form ကိုတော့ လျှောက်ထားသူကိုယ်တိုင် လာရောက်ဖြည့်သွင်းရမှာ ဖြစ်ပါသည်။

လျှောက်လွှာကြေးဖြစ်သည့် Application Fee ကိုတော့ စင်ကာပူဒေါ်လာ ၂၅၀ ပေးသွင်းရမှာဖြစ်ပြီး မှတ်ပုံတင်မူရင်းနှင့် တကွ အောက်တိုဘာ ၅ ရက် တနင်္လာနေ့ တွင် နောက်ဆုံးထားပြီး လျှောက်ထားရမည် ဖြစ်ပါသည်။

အသေးစိတ်သိရှိလိုပါက -

CROWN EDUCATION

ဖုန်း - ၀၉ ၂၅၀ ၀၂၃ ၂၈၈၊ ၀၉ ၄၅၀ ၂၀၀ ၀၆၀

Source: Internet Journal

Latest Post News Read 10509 times