Sales Hotline : 09448001653       Download App



မန္တလေးမြို့တွင် ဂျပန်ဘာသာစကားကို စက်တင်ဘာ ၂၆ ရက် မှ စတင်ကာ Online မှ တဆင့်အခမဲ့သင်ကြားပေးသွားမည်

မန္တလေးမြို့တွင် ဂျပန်ဘာသာစကားကို စက်တင်ဘာ ၂၆ ရက် မှ စတင်ကာ Online မှ တဆင့် ZOOM App အသုံးပြု၍ အခမဲ့သင်ကြားပေးသွားမည်ဖြစ်ကြောင်း  မန္တလေးတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း(MRCCI)မှ သိရသည်။

အဆိုပါ သင်တန်းဖွင့်လှစ်နိုင်ရန် မန္တလေးတိုင်းဒေသကြီးကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း (MRCCI) မှ တာဝန်ရှိသူများနှင့် ဂျပန်နိုင်ငံ Nagoya မြို့ မှ Prof; Dr Yuri SADOI နှင့် ကထိက Mr Toshiyuki SADOI တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ သင်တန်းကိုမန္တလေးတက္ကသိုလ် MBA သင်တန်းတွင် Visiting Professor အဖြစ်သင်ကြားပို့ချနေသည့် ဂျပန်နိုင်ငံ Nagoya မြို့ မှ Prof; Dr Yuri SADOI (MEIJO University Japan)နှင့် မန္တလေးတက္ကသိုလ်၊ MIIT၊နည်းပညာတက္ကသိုလ် (မန္တလေး)၊ကွန်ပျူတာတက္ကသိုလ်(မန္တလေး)တို့တွင်  ဂျပန်ဘာသာ သင်ကြား ပို့ချနေသည့် ကထိက Mr Toshiyuki SADOI  တို့က အခမဲ့သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းတွင် Basic Class နှင့် Advance Class ဟူ၍ နှစ်မျိုးခွဲကာ သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊  မန္တလေးတိုင်း ဒေသကြီးကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း(MRCCI)မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

သင်တန်းနှစ်ခုစလုံးအတွက် ဂျပန်ဆရာများ က အင်္ဂလိပ်ဘာသာစကားကို ကြားခံအသုံးပြုကာသင်ကြား ပေးသွားမည်ဖြစ်ပြီး သင်တန်းတက်ရောက်လိုသူများအနေဖြင့် MRCCI အသင်းရုံး ဖုန်း ၀၂-၄၀၆၉၃၂၆ အား ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရပြီး သင်တန်းကို ZOOM App အသုံးပြု၍ Online Learing စနစ်ဖြင့် သင်ကြားပေးသွားမည်ဖြစ်ကာ သင်တန်းသား(၂၀၀)ဦးအား လက်ခံသင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ တစ်နှစ်ဖြစ်ကြောင်း ၎င်း က ဆက်လက်ပြောပြ၍သိရသည်။

သန်းဇော်မင်း(ပြန်/ဆက်)

မန္တလေးတိုင်းဒေသကြီး
အမြို့မြို့အနယ်နယ်သတင်းများ

By Myanmar Education Guide - EDGE 

Source >>> ပြန်ကြားရေးဝန်ကြီးဌာန

Latest Post News Read 1819 times