Sales Hotline : 09448001653       Download App



လူငယ်ခေါင်းဆောင်များအတွက် ဂျပန်အစိုးရ၏ (MEXT) ပညာသင်ဆုများ

MEXT- (Ministry of Education, Culture, Sports, Science and Technology)
Dealine: Mid – October before the AY (Annual Year)
Study in: Japan
Course Starts: October 2021

Brief description: -
GRIPS (National Graduate Institute for Police Studies) တွင် လေ့လာရန် အတွက် သတ်မှတ်ထားသော အထူးအရည်အချင်းနှင့် ပြည့်မီသော ကျောင်းသားများအတွက် ပညာသင်ဆုလျှောက်ထားခြင်းကို လက်ခံနေပြီဖြစ်ပါသည်။ လူငယ်ခေါင်းဆောင်များ အစီအစဉ် (Young Leaders Program) တွင် လျှောက်ထားသော နိုင်ငံတကာမှ ကျောင်းသားများသည် GRIPS တွင် ဂျပန်အစိုးရ (MEXT)၏ ပညာသင်ဆုကို လျှောက်ထားနိုင်ပြီ ဖြစ်သည်။ ပညာသင်ဆုများကို သတ်မှတ်ထားသော အရေအတွက်များအတွက်သာ လျှောက်ထားနိုင်သည်။ လျှောက်ထားသူများသည် ဂျပန်သံရုံး၊ ကောင်စစ်ဝန်ချုပ်၊ တက္ကသိုလ်၊ သို့မဟုတ် အာဏာပိုင်များက ထောက်ခံထားသော နိုင်ငံခြားကျောင်းသားများ ဖြစ်ရမည်။

Host Institution(s):
National Graduate Institute for Policy Studies (GRIPS)

Level/Field(s) of study:
Master of Public Administration or Master of Public Policy

Target group:
ဂျပန်နှင့်သံတမန်ဆက်ဆံရေးရှိသောနိုင်ငံများမှ ကျောင်းသားများ။

Scholarship value/inclusions:
ပညာသင်ဆုချီးမြှင့်မှုတွင် အစားအစာ၊ အဝတ်အထည် နှင့် အခြား နေ့စဉ်ကုန်ကျစရိတ် များအပြင် နေထိုင်မှုစရိတ်၊ သယ်ယူပို့ဆောင်ရေး၊ ဆေးကုသမှု၊ အာမခံနှင့် GRIPS ၏ လေ့လာမှု နှင့် ဆက်စပ်သော အထွေထွေကုန်ကျစရိတ်များ စသည့်လူနေမှုကုန်ကျစရိတ်များကို ကာမိစေရန် လစဉ်ထောက်ပံ့ကြေး ယန်း ၂၄၂,၀၀၀ ကိုထောက်ပံ့ပေးသည်။ ဤထောက်ပံ့ကြေးသည် ပုံသေဖြစ်ပြီး မိသားစု၀င်များ၏ စရိတ်အတွက် ထပ်တိုး၍ မရပါ။ အဆိုပါ ပညာသင်ဆုသည် တက္ကသိုလ်လျှောက်လွှာအခကြေးငွေ၊ ဝန်ခံချက်အခကြေးငွေ နှင့် ကျူရှင်ကြေးများ အတွက်လည်း လုံလောက်စေပါသည်။
ပညာသင်ဆု ရရှိသူများသည် မိမိနေရပ်မှ ဂျပန်သို့ လာရန် Economy- class လေယာဉ်လက်မှတ် အပြင် ပညာသင်ကြားပြီးပါကလည်း ဂျပန်မှ မိမိနေရပ်သို့ ပြန်ရန် Economy- class လေယာဉ်လက်မှတ်ကိုပါ GRIPS မှ ပေးအပ်မည်ဖြစ်သည်။

Eligibility:
လျှောက်ထားသူများသည် ၂၀၂၀ ပြည့်နှစ် ဧပြီလ ၁ ရက်တွင် အသက် ၃၅ နှစ်အောက် ဖြစ်ရမည်ံ့ အပြင် ဂျပန်နိုင်ငံနှင့် သံတမန်ဆက်ဆံမှုရှိသော နိုင်ငံများမှ ဖြစ်ရမည်။ ၎င်းတို့မှာ လက်ရှိဂျပန်တွင် မနေထိုင်သည့် နိုင်ငံတကာမှ ကျောင်းသားများ ဖြစ်ရမည်။
လူငယ်ခေါင်းဆောင်များ အစီအစဉ်သည် အစိုးရ၏အုပ်ချုပ်မှုနယ်ပယ်တွင် လုပ်ငန်းအတွေ့အကြုံ များစွာရှိသော အစိုးရ ၀န်ထမ်းလူငယ်များအတွက် ဖွင့်လှစ်ထားခြင်းဖြစ်သည်။ လျှောက်ထားသူများသည် မိမိ၏ နေရပ်တွင် သက်ဆိုင်ရာ လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး သုံးနှစ်ခန့်ရှိရမည်။ ကျောင်းသားများကို ၎င်းတို့၏ ဖြစ်နိုင်ချေပေါ်မူတည်၍ နောင်တွင် မိမိ မိခင်နိုင်ငံတွင် အနာဂတ်ခေါင်းဆောင်များ ဖြစ်လာစေရန်၊ မိမိတိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှုတွင် အရေးပါသော အခန်းတွင် ပါဝင်နိုင်ရန်၊ ဂျပန်နှင့် ကမ္ဘာတဝှမ်းရှိ အခြားနိုင်ငံများ၏ ချစ်ကြည်ရင်းနှီးမှု နှင့်ယုံကြည်မှုကို ဆက်လက်ထိန်းသိမ်းထားစေရန် စသည့် အကြောင်းအရာများကိုအလေးထားဆောင်ရွက်သွားမည် ဖြစ်သည်။

Application instructions:
(Monbukagakusho: MEXT) ပညာသင်ဆုကို ဂျပန်အစိုးရ၏ လျှောက်ထားခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး အရည်အချင်း ပြည့်မီသောနိုင်ငံများမှ ဂျပန်သံရုံးများ၊ ကောင်စစ်ဝန်ရုံးများ၊ အာဏာပိုင်များ၏ အကြံပြုချက်များ အတိုင်း ဆက်လက် ဆောင်ရွက်ရမည် ဖြစ်သည်။ မိမိ၏တိုင်းပြည်ရှိ အကြံပြုထားသော အာဏာပိုင်များအကြောင်း အသေးစိတ်အတွက် တရားဝင်ဝက်ဘ်ဆိုက် (အောက်တွင်ဖော်ပြထားသည့် link) တွင် ကြည့်နိုင်သည်။
လျှောက်လွှာတင်သည့် နောက်ဆုံးရက်သည် အောက်တိုဘာလလယ်ခန့်တွင် ဖြစ်လေ့ရှိသော်လည်း လျှောက်လွှာတင်သူများသည် ၎င်းတို့၏ ဂျပန်သံရုံးများနှင့် သံရုံးများသို့ တင်ပြသည့်နေ့ရက်ကို အမြဲစစ်ဆေးသင့်သည်။
ဤပညာသင်ဆုကို မည်သို့လျှောက်ထားရမည်ကို အသေးစိတ်အချက်အလက်များ အတွက် တရားဝင်ဝက်ဘ်ဆိုက် (အောက်တွင်ဖော်ပြထားသောလင့်ခ်) တွင်ကြည့်ရန်မှာ အရေးကြီးသည်။

Website:
https://www.grips.ac.jp/en/education/inter_programs/leader

By Myanmar Education Guide - EDGE 

Ref: scholars4dev.com

Latest Post Tips Read 698 times