Sales Hotline : 09448001653       Download App



အိမ်ထောင်ရှင်အမျိုးသမီးများ လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်လာနိုင်ရေး အနီးကပ်သင်တန်းများပို့ချမည်

**Zawgyi**

အလုပ်နားချိန်ကြာလာသည်နှင့် အမျှ လုပ်ငန်းခွင့်သို့ ပြန်လည်ဝင်ရောက်ကာ မိသားစုအတွက်ဝင်ငွေရှာရန် ပိုမိုခက်ခဲလာသည်ဟု HSDI အဖွဲ့ဝင်များက ၄င်း၏မအမြင်ကိုဝေမျှခဲ့ကြပါတယ်။
**LEARN Myanmar**

Read More;>>>  AGTI ကျောင်းဝင်ခွင့်ရသော ကျောင်းသား/သူများ ကျောင်းအပ်လျှင် လိုအပ်ချက်များ

 


** How She Did It**


- Media Contact
- Yadanar Soe
- [email protected]
+959443685815

**Unicode**

ယနေ့တွင် LEARN Education Group (LEARN) နှင့်အမျိုးသမီးစွမ်းဆောင်ရည် အခြေခံလူမှုစီးပွား Platform How She Did It တို့နည်းလည်မှု စာချွန်လွှာရေးထိုးကြမည်ဖြစ်ပါတယ်။
မိသားစုနှင့် ရင်သွေးငယ်များကို ကြည့်ရှုစောင့်ရှောက်ရန် အလုပ်ခွင်မှ အနားယူထားသော အိမ်ထောင်ရှင်အမျိုးသမီးများ လုပ်ငန်းခွင်သို့ပြန်လည်ဝင်ရောက်လာနိုင်ရန် အတူလက်တွဲလုပ်ဆောင်သွားမည်ဖြစ်ပါတယ်။
ထိုသို့လုပ်ဆောင်ရာတွင် LEARN နှင့် HSDI တို့ကိုယ်တိုင်ရေးဆွဲထားသော ကုန်ကျစရိတ်သက်သာသည့် လက်တွေ့သင်တန်းများကို ပို့ချပေးသွားမည်ဖြစ်ပါတယ်။
HSDI Platform အဖွဲ့ဝင်အများစုသည် အသက် (၂၅) နှစ်မှ (၄၀) အတွင်းရှိအမျိုးသမီးများ ဖြစ်ကြပါတယ်။
အများးစုမှာ လုပ်ငန်းအတွေ့အကြုံရှိကြပြီး မိသားစုဘဝတည်ဆောက်ရန် (သို့) မိသားစုဝင်များကို စောင့်ရှောက်ရန် အလုပ်မှအနားယူထားကြသူများ၊ အလုပ်မှ နှုတ်ထွက်ခဲ့သူများဖြစ်ကြပါတယ်။
အလုပ်နားချိန်ကြာလာသည်နှင့် အမျှ လုပ်ငန်းခွင့်သို့ ပြန်လည်ဝင်ရောက်ကာ မိသားစုအတွက်ဝင်ငွေရှာရန် ပိုမိုခက်ခဲလာသည်ဟု HSDI အဖွဲ့ဝင်များက ၎င်း၏မအမြင်ကိုဝေမျှခဲ့ကြပါတယ်။
“ How She Did It ရဲ့ " Powering Myanmar with female talent ဆိုတဲ့စိတ်ကူးကို LEARN အနေနဲ့လွယ်ကူပြီး စရိတ်သက်သာတဲ့ အရည်အသွေးကောင်းမွန်ပြည့်မီတဲ့ လက်တွေ့သင်တန်းတွေကို ပို့ချပြီး မြန်မာနိုင်ငံ၏ စွမ်းရည်မြှင့်တင်ရေးအတွက် အထောက်အပံ့ပြုပေးသွားမှာပါဟု LEARN ၏ CEO နှင့် Founder ဖြစ်သူ Ms.Valerie Badilla မှပြောကြားခဲ့ပါတယ်။
“ နှစ်ရှည်နားပြီးမှ အလုပ်ပြန်လုပ်ချင်ကြတဲ့ အမျိုးသမီးများကို Focus ထားမယ်ဆိုရင် HSDI ရဲ့ရည်ရွယ်ချက်တစ်ဖြစ်သောအမျိုးသမီးတွေ ငွေရေးကြေးရေး မှီခိုမှုကင်းဖို့၊ လုပ်ငန်းခွင်မှာအောင်မြင်ဖို့နှင့် လုပ်ငန်းရှင်တွေလိုအပ်မယ့် စွမ်းရည်ပြည့်ဝတဲ့ အမျိုးသမီးလုပ်သားတွေ ဖြစ်လာဖို့ အကူအညီပေးနိုင်မှာ ဖြစ်ပါတယ်ဟု" HSDI ၏ CEO နှင့်Founder ဖြစ်သူ မနန်းအိအိမွန် မှ ဖြည့်စွက်ပြောကြခဲ့ပါတယ်။
**LEARN Myanmar**
LEARN Education Group သည်ဟောင်ကောင်အခြေစိုက် စီးပွားရေးနှင့် ပရိုဂရမ်ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီ ဖြစ်ပါတယ်။ 
၂၀၁၄ ခုနှစ်မှစ၍ မြန်မာနိုင်ငံရှိ အဖွဲ့အစည်းများကို သင်တန်းများပို့ချပေးခြင်း၊ စင်ကာပူနိုင်ငံရှိ ကုမ္ပဏီများ၊ အေဂျင်စီများမှစ၍ လိုအပ်သည်များကို သင်ရိုးညွှန်းတမ်းများရေးဆွဲပေးခြင်း၊ ချဲ့ထွင်ပေးခြင်းများပြုလုပ်ပေးလျက်ရှိပါတယ်။
LEARN သည်ပညာရေးနှင့်ဆိုင်သော ပြပွဲ၊ ပြိုင်ပွဲ၊ ဆွေးနွေးပွဲများ စီစဉ်ပါတယ်။
မကြာသေးမီကပင် 3rd Professional Development Conference ကို Yoma Group နှင့် ပူးပေါင်း၍ ဦးစီးကျင်းပခဲ့ပါတယ်။
Manchester Metropolitan University ကမြန်မာနိုင်ငံတွင် သင်ကြားပို့ချမည့် M.Sc.(Fintech) ပရိုဂရမ်၏ နိုင်ငံကိုယ်စားပြုလည်းဖြစ်ပါတယ်။

Read More:>>>  AGTI ကျောင်းဝင်ခွင့်ရသော ကျောင်းသား/သူများ ကျောင်းအပ်လျှင် လိုအပ်ချက်များ

 


** How She Did It**
HSDI သည်(၂၁) ရာစုတွင် လုပ်ငန်းခွင်တွင်ရှိသင့်ရှိထိုက်သော အရည်အချင်းများ၊ စီးပွားရေးအခွင့်အလမ်းများကို အမျိုးသမီးများ ရရှိနိုင်ရန် အထူးပြုဆောင်ရွက်ပေးနေသော မြန်မာ့နံပါတ် (၁) အမျိုးသမီးစွမ်းဆောင်ရည် အခြေခံ Platform တစ်ခုဖြစ်ပါတယ်။


- Media Contact
- Yadanar Soe
- [email protected]
+959443685815

News Tips Latest Post Read 660 times