Sales Hotline : 09448001653       Download App



၂၀၂၀ခုနှစ် ကမ္ဘာလုံးဆိုင်ရာဆရာဆု ချီးမြှင့်ခြင်းခံရသော အိန္ဒိယမှ ကျောင်းဆရာ

အိန္ဒိယမှ ကျောင်းဆရာသည် ၂၀၂၀ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ ဆရာဆုချီးမြှင့်ခြင်းခံရသည့် ဆုငွေဒေါ်လာ ၁ သန်း၏ ထက်ဝက်ကို ဇကာတင်စာရင်းဝင်သူများအား ထောက်ပံ့မည်ဟုကတိပြုခဲ့သည်။

Varkey ဖောင်ဒေးရှင်းသည် ယူနက်စကိုနှင့် ပူးပေါင်း၍  ချီးမြှင့်သောဆုသည် သူတို့၏ အလုပ်တာဝန်တွင် ထူးချွန်ပြီး “ထူးခြားသော” ဆရာများကိုဂုဏ်ပြုသောဆု" ဖြစ်သည်ဟုသိရသည်။

အိန္ဒိယအနောက်ပိုင်း Maharashtra ပြည်နယ် Paritewadi ရွာရှိ Zilla Parishad မူလတန်းကျောင်းမှ ဆရာ Ranjitsinh Disale သည် ကမ္ဘာတစ်လွှားရှိ နိုင်ငံပေါင်း ၁၄၀ ကျော်မှ အမည်စာရင်းတင်သွင်းခြင်းများနှင့် လျှောက်လွှာပေါင်း ၁၂,၀၀၀ ကျော်မှ ရွေးချယ်ခြင်းခံရသူဖြစ်သည်။ ထိုဆုသည် ၎င်းတာဝန်ကျရာကျောင်းရှိ မိန်းကလေးများ၏ ပညာရေးကို မြှင့်တင်ရန် ကြိုးစားလုပ်ဆောင်မှုများကို အသိအမှတ်ပြုခြင်းခံရသောဆုဖြစ်သည်။

Global Teacher Prize မှပြောကြားရာတွင် သူသည်ကျောင်းသားများကို သူတို့၏ မိခင်ဘာသာစကားကို လက်တန်းဘာသာပြန်ဆိုရန် ကျေးရွာ၏ ဒေသခံဘာသာစကားကို သင်ယူခဲ့သည်။

ကျောင်းသား/သူများကို အသံကဗျာများ၊ ဗီဒီယိုပို့ချချက်များ၊ ပုံပြင်များနှင့် သင်ရိုးညွှန်းတမ်းများတွင် ထူးခြားသော QR သင်္ကေတများကိုလည်း ဖန်တီးပေးခဲ့သည်။ သူ၏ QR နည်းပညာကို အိန္ဒိယတစ်လွှားတွင် ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ချိလျက်ရှိသည်။ ဗြိတိန်မှ သရုပ်ဆောင်နှင့် TV host Stephen Fry သည် Disale အား လန်ဒန်ရှိ သဘာဝသမိုင်းပြတိုက်မှ ထုတ်လွှင့်သည့် လက်တွေ့ အခမ်းအနားတွင် အနိုင်ရရှိသူအဖြစ် ကြေညာခဲ့သည်။

သူအနိုင်ရရှိခဲ့သော ဆုကို သူတစ်ဦးတည်း ယူမည့်အစား နောက်ဆုံးစကာတင်စာရင်းတွင် ပါဝင်သော ကိုးယောက်အား ဒေါ်လာ ၅၅၀၀၀ စီပေးမည်ဟု Disale က Fry အား အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။ ထိုသို့ ခွဲဝေပေးခြင်းသည် ဆုချီးမြှင့်ခြင်း၏ ခြောက်နှစ်တာ သမိုင်းတွင် ပထမဆုံးအကြိမ် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

သူက Fry ကိုပြောသည် "အကယ်၍ ဒီဆုငွေကို ဆရာ (၉) ယောက်ကို ငါဝေငှမယ်ဆိုရင် ဒါကသူတို့ရဲ့ လုပ်ငန်းကိုချဲ့ထွင်နိုင်မယ်လို့ ဆိုလိုပါတယ်" "သူတို့ရဲ့ မယုံနိုင်စရာကောင်းလောက်အောင် အလုပ်က ဆုနဲ့ထိုက်တန်ပါတယ်၊။အကယ်၍ ဆုကြေးငွေကို ကျန်တဲ့ဆရာတွေဆီကို ငါမျှဝေမယ်ဆိုရင် သူတို့ရလိမ့်မယ်။" သူတို့ရဲ့ အလုပ်ကို ဆက်လုပ်ဖို့ အခွင့်အလမ်းတစ်ခုလည်းရမယ်။ကျောင်းသားတွေရဲ့ ပညာရေးကို အခက်အခဲမရှိ တတ်နိုင်သမျှ အထောက်အကူပြုနိုင်အောင် ပေါ့ပေါ့တန်တန်လုပ်နိုင်တယ်။"

Twitter တွင်ဖော်ပြခဲ့သော ဒလိုင်းလားမား အပါအဝင် ကမ္ဘာတစ်ဝှမ်းလုံးမှ ဂုဏ်ပြုမှုများကိုရရှိခဲ့သည်။ အွန်လိုင်းမှ ကြေညာချက်တွင် ဆုရရှိသောပိုက်ဆံကိုအခြားသူများနှင့် မျှဝေခြင်းအတွက် Disale ကိုလေးစားကြောင်း ဖော်ပြထားသည်။

"အထူးသဖြင့် ဆင်းရဲသောကလေးငယ်များ၏ လိုအပ်တဲ့နောက်ခံကနေ ပညာသင်ပေးခြင်းဟာ သူတို့တစ်ဦးချင်းစီအနေနှင့် ကူညီရန်အကောင်းဆုံးနည်းလမ်းဖြစ်သလို ပိုမိုကောင်းမွန်တဲ့ ကမ္ဘာကြီးအတွက် တက်တက်ကြွကြွပါဝင်စေနိုင်မည်" ဖြစ်သည်။

ဆုချီးမြှင့်ခံရသူကိုးဦးသည်အမေရိကန်၊ ဗြိတိန်၊ ဗီယက်နမ်၊ နိုင်ဂျီးရီးယား၊ တောင်အာဖရိက၊ အီတလီ၊ တောင်ကိုရီးယား နိုင်ငံတို့မှဖြစ်သည် ဟုသိရသည်။

Ref: CNN
By Yu Khine

Latest Post News Read 776 times


Fatal error: Uncaught Elastica\Exception\PartialShardFailureException: {"total":4,"successful":1,"failed":2,"failures":[{"shard":1,"index":"edge2_domain","status":"INTERNAL_SERVER_ERROR","reason":{"type":"flush_failed_engine_exception","reason":"Flush failed","shard":"1","index":"edge2_domain","caused_by":{"type":"already_closed_exception","reason":"translog is already closed"}}}]} in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php:176 Stack trace: #0 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Request.php(171): Elastica\Transport\Http->exec(Object(Elastica\Request), Array) #1 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Client.php(662): Elastica\Request->send() #2 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(518): Elastica\Client->request('edge2_domain/_f...', 'POST', Array, Array) #3 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(487): Elastica\Index->request('edge2_domain/_f...', 'POST', Array, Array) #4 /var/edge2/edire in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php on line 176