Sales Hotline : 09448001653       Download App



ကမ္ဘောဒီးယားနိုင်ငံတွင် ကိုဗစ်-၁၉ ကြောင့် အထက်တန်းကျောင်းသားများကို အလိုအလျောက် အအောင်ပေးမည်

ကိုဗစ်-၁၉ ကပ်ရောဂါ ပျံ့နှံ့မှုများပိုမိုများပြားလာမည်ကို   စိုးရိမ်သောကြောင့် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၁ရက်တွင် ကျင်းပမည့် Grade 12 ကျောင်းသားများ အတွက် စာမေးပွဲကို အလိုအလျောက် အအောင်ပေးရန် ကမ္ဘောဒီးယားနိုင်ငံ၏ ပညာရေး၊ လူငယ်နှင့် အားကစား ဝန်ကြီးဌာန မှ  ဆုံးဖြတ်ခဲ့သည်။

အဆိုပါ နှစ်စဥ် နိုဝင်ဘာ ၃၀တွင် ဖြေဆိုရလေ့ရှိသော Grade 9 အတန်းတင် စာမေးပွဲကို ဝင်ရောက် ဖြေဆိုခဲ့သော ကျောင်းသူကျောင်းသားအားလုံးတို့သည်  ၎င်းစာမေးပွဲကို အလိုအလျောက် အောင်မြင်ပြီး ဖြစ်သည် ဟု  ပညာရေး၊ လူငယ်နှင့် အားကစား ဝန်ကြီးဌာန မှ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ကမ္ဘောဒီးယား ၀န်ကြီးချုပ် Samdech Techo Hun Sen ၏ အကြံပေးချက်များ အရ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၏ အထက်တန်းနှင့်အလယ်တန်း စာမေးပွဲများတွင် ဝင်ရောက်‌ဖြေဆိုထားသော ကျောင်းသားများကို အမှတ်စာရင်းများမပါဘဲ အလိုအလျောက်အအောင်ပေးရန် ဆုံးဖြတ်ထားပြီး ပညာရေး ဝန်ကြီးမှ သဘောတူလက်မှတ်ထိုးထားသော   ထုတ်ပြန်ချက် တစ်ရပ်ကို ထုတ်ပြန်ထားသည်။ 

၀န်ကြီးဌာန၏အဆိုအရယခုနှစ်အထက်တန်းစာမေးပွဲကိုဖြေရန်ကျောင်းသား ၁၂၁,၁၀၈ ယောက်နှင့်အလယ်တန်းကျောင်းစာမေးပွဲဖြေရန်ကျောင်းသား ၁၅၈,၇၁၇ ဦး ရှိသည် ဟု သိရပါသည်။

 လူထုအတွင်း ကိုဗစ်-၁၉ ပျံ့နှံ့မှု ထိန်းချုပ်မှုမှာ နည်းလမ်းစုံဖြင့် ကြိုးပမ်းအားထုတ်နေပြီး  ပြီးခဲ့သည့် နိုဝင်ဘာ ၂၈ရက်တွင် မြို့တော် ဖနွမ်းပင်နှင့် Siem Reap ပြည်နယ်အနောက်မြောက်ပိုင်းတွင်နေထိုင်သော မိသားစုဝင် ခြောက်ဦးတွင် ရောဂါပိုးတွေ့ရှိခဲ့ရာမှာအဆိုပါ ဆုံးဖြတ်ချက်ကို ချခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ 

ကျန်းမာရေး၀န်ကြီးဌာန၏ ဗုဒ္ဓဟူးနေ့က ကြေညာချက်တစ်ခုတွင်ဖနွမ်းပင်နှင့်ကန်ဒန်ပြည်နယ်တောင်ပိုင်းတွင်နေထိုင်သူအနည်းဆုံး ၄၁ ဦး ကို  Coronavirus ရောဂါပိုးရှိမရှိ ကို စမ်းသပ်စစ်ဆေးနေဆဲဖြစ်ကြောင်းပြောကြားခဲ့သည်။

ဇန်နဝါရီလမှစ၍ အရှေ့တောင်အာရှနိုင်ငံတစ်ခုဖြစ်သော ကမ္ဘောဒီးယားတွင် ကိုရိုနာဗိုင်းရပ်စ် ပိုးကူးစက်ခံရသူပေါင်း ၃၆၂ ဦးရှိပြီး သေဆုံးသူမရှိဘဲ ပြန်လည်ကောင်းမွန်လာသူ ၃၁၉ ယောက် ရှိသည်ဟု ကျန်းမာရေး ဝန်ကြီးဌာနမှ အတည်ပြုထားပါသည်။ 

Source : Xinhuanet 

Latest Post News Read 1316 times