Sales Hotline : 09448001653       Download App



ဇွန်လအတွင်း စာသင်ကျောင်းများမဖွင့်နိုင်ပါက

** Unicode **

အခြေခံပညာကျောင်းများ ဇွန်လတွင် ပြန်မဖွင့်နိုင်ပါက ကျောင်းသားများအိမ်မှာသာနေပြီး အင်တာနက်မှတစ်ဆင့်ဖြစ်စေ၊ ပုံနှိပ်စာအုပ်အိမ်အထိပို့ပေးပြီး လေ့လာခြင်းဖြင့်ဖြစ်စေ သင်ယူစေမည်ဟု ပညာရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုပါတယ်။

COVID-19 ရောဂါ ထိန်းချုပ်နိုင်ရေးအတွက် ယခုလ (၁၅) ရက်အထိ လူစုလူဝေးမလုပ်ရန် အစိုးရက ထုတ်ပြန်ထားပြီး စာသင်ကျောင်းများ ဖွင့်/မဖွင့်မှာလည်း ယင်းနေ့နောက်ပိုင်းတွင် ချမှတ်မည့် နိုင်ငံတော်၏ မူဝါဒပေါ်တွင် မူတည်နေကြောင်းနှင့် အကယ်၍ မဖွင့်နိုင်ပါက အွန်လိုင်းမှ သင်ကြား၊ ပို့ချမှုများလုပ်ရန် စီစဉ်နေကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြီးခဲ့သည့် သောကြာနေ့က ပြောဆိုထားပါတယ်။

ဇွန်လအတွင်း စာသင်ကျောင်းများမဖွင့်နိုင်ပါက ရှေ့ပြေးစီမံချက်အဖြစ် ဒေသအချို့တွင် အွန်လိုင်းစနစ်ဖြင့် စမ်းသပ်သင်ကြားမည်ဖြစ်သော်လည်း တစ်နိုင်ငံလုံးလွှမ်းခြုံပြီး ထိုစနစ်ကျင့်သုံးရန်မှာ မဖြစ်နိုင်ဟု အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

“တစ်နိုင်ငံလုံးမှာရှိတဲ့ ကျောင်းသား (၉ ဒသမ ၇ သန်း) ကို Online Learning လုပ်ဖို့ဆိုတာတော့ သိပ်မဖြစ်နိုင်ဘူး” ဟု ၎င်းက ဆိုပါတယ်။

အွန်လိုင်းမှသင်ကြားရန် အဆင်မပြေသည့်ဒေသများရှိ ကလေးများထံ ပုံနှိပ်စာအုပ်များပေးပို့မည်ဖြစ်ပြီး အိမ်မှာနေရင်းလေ့လာနိုင်သည့် (Home Schooling) စနစ်ကို အသုံးပြုသွားမည်ဖြစ်ကြောင်း၊ လေ့လာရမည်များကို ကြိုတင်ပေးထားပြီး အဆိုင်းမန့်(Assignment) များလုပ်ခိုင်းခြင်းတို့ လုပ်ဆောင်မည်ဖြစ်ကြောင်း ၎င်းကဆိုပါတယ်။

ပညာရေးဝန်ကြီးဌာနကမူ ဇွန်လအတွင်း စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ရမည်ဆိုပါကလည်း စိတ်ချရသည့် ကာလရောက်သည့်တိုင်အောင် COVID-19 ရောဂါ ကာကွယ်ရေးအစီအမံများအတိုင်း ကျောင်းသားများ စနစ်တကျလိုက်နာရမည်ဟုဆိုပါတယ်။

ကျောင်းသားများ နှာခေါင်းစည်း၊ ပါးစပ်စည်းများတပ်ခြင်း၊ သတ်မှတ်အကွာအဝေးမှ ပြောဆိုဆက်ဆံခြင်း၊ ထိုင်ခြင်း စသဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသောစည်းကမ်းများကို လိုက်နာရမည်ဖြစ်ကြောင်း၊ အချို့ကျောင်းသားများသော ကျောင်းများမှာ အချိန်ခွဲကျောင်းတက်ခြင်းတို့ လုပ်ဆောင်ရဖွယ်ရှိကြောင်း ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူကဆိုပါတယ်။

Middle School (240) အလယ်တန်းကျောင်းများ နှင့်ပတ်သက်ပြီး  (၂၄၀) ခုရှာရန်နှိပ်ပါ။

ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကောင်းမွန်သည့် ပညာရေးစနစ်ဖြစ်ပေါ်စေရေးအတွက် အထောက်အပံ့ပေးနေသည့် Global Partnership for Education အဖွဲ့ကလည်း မြန်မာ့ပညာရေးအတွက် အမေရိကန်ဒေါ်လာ (၁၅) သန်း ထောက်ပံ့ပေးထားကြောင်း၊ COVID-19 အရေးပေါ်ကာလနှင့် ပြန်လည်ထူထောင်ရေး ကာလတွင် လုပ်ဆောင်ရမည့် (၁၈) လစီမံကိန်းကို ရေးဆွဲနေပြီး ထောက်ပံ့ငွေများကို အခြေခံပညာနှင့် ဆရာအတတ်သင်ပညာရေးအတွက် အသုံးပြုမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနထံမှသိရပါတယ်။

Ministry of Education
(www.edge.com.mm)
 

** Zawgyi **

အေျခခံပညာေက်ာင္းမ်ား ဇြန္လတြင္ ျပန္မဖြင့္ႏိုင္ပါက ေက်ာင္းသားမ်ားအိမ္မွာသာေနၿပီး အင္တာနက္မွတစ္ဆင့္ျဖစ္ေစ၊ ပုံႏွိပ္စာအုပ္အိမ္အထိပို႔ေပးၿပီး ေလ့လာျခင္းျဖင့္ျဖစ္ေစ သင္ယူေစမည္ဟု ပညာေရးဝန္ႀကီးဌာနမွ ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက ဆိုပါတယ္။

COVID-19 ေရာဂါ ထိန္းခ်ဳပ္ႏိုင္ေရးအတြက္ ယခုလ (၁၅) ရက္အထိ လူစုလူေဝးမလုပ္ရန္ အစိုးရက ထုတ္ျပန္ထားၿပီး စာသင္ေက်ာင္းမ်ား ဖြင့္/မဖြင့္မွာလည္း ယင္းေန႔ေနာက္ပိုင္းတြင္ ခ်မွတ္မည့္ ႏိုင္ငံေတာ္၏ မူဝါဒေပၚတြင္ မူတည္ေနေၾကာင္းႏွင့္ အကယ္၍ မဖြင့္ႏိုင္ပါက အြန္လိုင္းမွ သင္ၾကား၊ ပို႔ခ်မႈမ်ားလုပ္ရန္ စီစဥ္ေနေၾကာင္း သမၼတ႐ုံးေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌးက ၿပီးခဲ့သည့္ ေသာၾကာေန႔က ေျပာဆိုထားပါတယ္။

ဇြန္လအတြင္း စာသင္ေက်ာင္းမ်ားမဖြင့္ႏိုင္ပါက ေရွ႕ေျပးစီမံခ်က္အျဖစ္ ေဒသအခ်ိဳ႕တြင္ အြန္လိုင္းစနစ္ျဖင့္ စမ္းသပ္သင္ၾကားမည္ျဖစ္ေသာ္လည္း တစ္ႏိုင္ငံလုံးလႊမ္းၿခဳံၿပီး ထိုစနစ္က်င့္သုံးရန္မွာ မျဖစ္ႏိုင္ဟု အေျခခံပညာဦးစီးဌာနမွ တာဝန္ရွိသူတစ္ဦးကေျပာပါတယ္။

“တစ္ႏိုင္ငံလုံးမွာရွိတဲ့ ေက်ာင္းသား (၉ ဒသမ ၇ သန္း) ကို Online Learning လုပ္ဖို႔ဆိုတာေတာ့ သိပ္မျဖစ္ႏိုင္ဘူး” ဟု ၎က ဆိုပါတယ္။

အြန္လိုင္းမွသင္ၾကားရန္ အဆင္မေျပသည့္ေဒသမ်ားရွိ ကေလးမ်ားထံ ပုံႏွိပ္စာအုပ္မ်ားေပးပို႔မည္ျဖစ္ၿပီး အိမ္မွာေနရင္းေလ့လာႏိုင္သည့္ (Home Schooling) စနစ္ကို အသုံးျပဳသြားမည္ျဖစ္ေၾကာင္း၊ ေလ့လာရမည္မ်ားကို ႀကိဳတင္ေပးထားၿပီး အဆိုင္းမန႔္(Assignment) မ်ားလုပ္ခိုင္းျခင္းတို႔ လုပ္ေဆာင္မည္ျဖစ္ေၾကာင္း ၎ကဆိုပါတယ္။

ပညာေရးဝန္ႀကီးဌာနကမူ ဇြန္လအတြင္း စာသင္ေက်ာင္းမ်ား ျပန္လည္ဖြင့္လွစ္ရမည္ဆိုပါကလည္း စိတ္ခ်ရသည့္ ကာလေရာက္သည့္တိုင္ေအာင္ COVID-19 ေရာဂါ ကာကြယ္ေရးအစီအမံမ်ားအတိုင္း ေက်ာင္းသားမ်ား စနစ္တက်လိုက္နာရမည္ဟုဆိုပါတယ္။

ေက်ာင္းသားမ်ား ႏွာေခါင္းစည္း၊ ပါးစပ္စည္းမ်ားတပ္ျခင္း၊ သတ္မွတ္အကြာအေဝးမွ ေျပာဆိုဆက္ဆံျခင္း၊ ထိုင္ျခင္း စသျဖင့္ က်န္းမာေရးဝန္ႀကီးဌာနမွ သတ္မွတ္ထားေသာစည္းကမ္းမ်ားကို လိုက္နာရမည္ျဖစ္ေၾကာင္း၊ အခ်ိဳ႕ေက်ာင္းသားမ်ားေသာ ေက်ာင္းမ်ားမွာ အခ်ိန္ခြဲေက်ာင္းတက္ျခင္းတို႔ လုပ္ေဆာင္ရဖြယ္ရွိေၾကာင္း ပညာေရးဝန္ႀကီးဌာန တာဝန္ရွိသူကဆိုပါတယ္။

Middle School (240) အလယ္တန္းေက်ာင္းမ်ား ႏွင့္ပတ္သက္ျပီး  (၂၄၀) ခုရွာရန္ႏွိပ္ပါ။

ဖြံ႕ၿဖိဳးဆဲႏိုင္ငံမ်ားတြင္ ေကာင္းမြန္သည့္ ပညာေရးစနစ္ျဖစ္ေပၚေစေရးအတြက္ အေထာက္အပံ့ေပးေနသည့္ Global Partnership for Education အဖြဲ႕ကလည္း ျမန္မာ့ပညာေရးအတြက္ အေမရိကန္ေဒၚလာ (၁၅) သန္း ေထာက္ပံ့ေပးထားေၾကာင္း၊ COVID-19 အေရးေပၚကာလႏွင့္ ျပန္လည္ထူေထာင္ေရး ကာလတြင္ လုပ္ေဆာင္ရမည့္ (၁၈) လစီမံကိန္းကို ေရးဆြဲေနၿပီး ေထာက္ပံ့ေငြမ်ားကို အေျခခံပညာႏွင့္ ဆရာအတတ္သင္ပညာေရးအတြက္ အသုံးျပဳမည္ျဖစ္ေၾကာင္း ပညာေရးဝန္ႀကီးဌာနထံမွသိရပါတယ္။

Ministry of Education
(www.edge.com.mm)
 

News News News News Latest Post Read 61872 times