Sales Hotline : 09448001653       Download App



" မိဘပြည်သူများသို့ ပညာရေးဝန်ကြီးဌာန၏ မေတ္တာရပ်ခံချက် "

" မိဘပြည်သူများသို့ ပညာရေးဝန်ကြီးဌာန၏ မေတ္တာရပ်ခံချက် "

ပညာရေးဝန်ကြီးဋ္ဌာနသည် အခြေခံပညာကဏ္ဍတွင် ပညာရေး ပြုပြင်ပြောင်းလဲမှုများ ဆက်တိုက်ပြုလုပ်နေပါသည်။

 

ထိုသို့ ပြုလုပ်ရာတွင် မိဘပြည်သူများကလည်း ပူးပေါင်း ဆောင်ရွက်ရန်လိုအပ်ပါသည်။


ကျောင်းအုပ်ကြီးများ ဆရာ/ဆရာမများကို Teacher Education ပြည့်ဝအောင် သင်တန်းများ ဆက်တိုက်ပေး၍ စွမ်းရည်မြှင့်တင်ပေးနေသလို မိဘများကလည်း Parenting Education ကိုလေ့လာဖို့ လိုအပ်ပါသည်။

 

သင်ကြားသင်ယူမှုဖြစ်စဉ်ကြီးတွင် မိဘ၏အခန်းကဏ္ဍသည်လည်း အရေးပါထိရောက်လှသည်မို့ မိဘများ၏ပူးပေါင်းပါဝင်မှုရှိစေရန် မေတ္တာရပ်ခြင်း ဖြစ်ပါသည်။


ထိုသို့ ပါဝင်လာခြင်းဖြင့် မိဘများမထင်မှတ်ထားသည့် သားသမီးများ၏ ငုပ်လျှိုးနေသောစွမ်းရည်များ မြင်ခွင့်သိခွင့်ခံစားခွင့် ရလာမည်ဖြစ်ပါသည်။

 

သက်ရှိများအား သင်ကြားရသည့်အတွက် Soft Skillsများကို ပျိုးထောင်ရသည့်အတွက် ကျောင်းအုပ်၊ဆရာ/ဆရာမ၊ မိဘ ပူးပေါင်းပါမှ ကလေးရှေ့ရေး ကလေးကိုယ်တိုင် ထိန်းကျောင်းနိုင်မည် ဖြစ်ပါသည်။

 

၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် ပညာရေးဝန်ကြီးဋ္ဌာန၏ မိဘအုပ်ထိန်းသူ ပြည်သူများသို့ မေတ္တာရပ်ခံချက်အားသိရှိ လိုက်နာပူးပေါင်း ဆောင်ရွက်နိုင်ရန် ဖော်ပြလိုက်ပါသည်။

 

ပညာရေးဝန်ကြီးဌာန
"၂၀၁၉-၂၀၂၀ ပညာသင်နှစ်"
**မိဘအုပ်ထိန်းသူပြည်သူများသို့ မေတ္တာရပ်ခံချက်**


* ကျောင်းသားဦးရေ တိုးတက်များပြားလာခြင်းကြောင့် လည်းကောင်း၊ ကျောင်းအပ်နှံနှုန်း မြင့်မားလာခြင်းကြောင့်လည်းကောင်း၊ ထပ်ကျော့ ကျောင်းအပ်နှံခြင်းကြောင့် လည်းကောင်း၊ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များကိလုံလောက်စွာ ဖြန့်ဝေပေးလိုပါသဖြင့် မြို့နယ်အလိုက် သတ်မှတ်နယ်မြေများတွင်သာ ကျောင်းအပ်နှံကြရန်


*ငွေကြေး သို့မဟုတ် လက်ဆောင်ပစ္စည်းများကို ကျောင်းအုပ်၊ ဆရာ/ဆရာမများ ဝန်ထမ်းများ အားပေးအပ်ခြင်းမပြုရန်


*အသက် ၅ နှစ်ပြည့်သူတိုင်းအား သူငယ်တန်း(KG)တွင် လည်းကောင်းl ၆ နှစ်ပြည့်သူတိုင်းအား ပထမတန်း(Grade-1)တွင်လည်းကောင်း၊ ကျောင်းနေအရွယ်အားလုံး ကျောင်းအပ်နိုင်ရေးအတွက် ကျောင်းအုပ်၊ ဆရာ/ဆရာမများနှင့်ပူးပေါင်းဆောင်ရွက်ရန်


*မိဘများအနေဖြင့် မိမိသားသမီးအား
#ပူးပေါင်းဆောင်ရွက်တတ်၍
#တာဝန်ယူတာဝန်ခံ ဆောင်ရွက်တတ်သော
#တီထွင်ကြံဆနိုင်စွမ်း ရှိသည့်
#လူသားကောင်းများ ဖြစ်လာစေရန်အတွက်ကျောင်းအုပ်၊ ဆရာဆရာမများနှင့်ပူးပေါင်းဆွေးနွေး ဆောင်ရွက်ပါရန်


*ဇွန်လ မှ မတ်လ ထိ ကျောင်းသားကျောင်းသူများ
#ကျောင်းတက်မှန်ရေး နှင့်
#အိမ်စာမှန်မှန် လုပ်ဆောင်ရေးအတွက်မိဘများက ကြီးကြပ်၍ ကျောင်းအုပ်၊ ဆရာဆရာမများ နှင့်ပူးပေါင်းပေးပါရန်


*သက်ဆိုင်ရာအတန်းများအလိုက်
#အခန်းဆုံးစစ်ဆေးခြင်းကို
-၂၀၁၉ ခုနှစ် ဇူလိုင်/သြဂုတ် တွင် တစ်ကြိမ် နှင့်
ဒီဇင်ဘာ တွင် တစ်ကြိမ်

#နှစ်လယ်စစ်ဆေးခြင်းကို
-အောက်တိုဘာ တွင် တစ်ကြိမ်

#နှစ်ဆုံးစစ်ဆေးခြင်းကို
- ၂၀၂၀ခုနှစ် မတ်လ တွင် တစ်ကြိမ်

 

စုစုပေါင်း(၄)ကြိမ်သာ ဆောင်ရွက်မည် ဖြစ်ပါသဖြင့် ကျောင်းသားကျောင်းသူများ သင်ယူတတ်မြောက်မှု ကောင်းမွန်ရေးအတွက် ကျောင်းအုပ်၊ ဆရာ/ဆရာမများနှင့် ပူးပေါင်းပေးပါရန်


*ကျောင်းသန့်ရှင်းရေးလုပ်ငန်းများနှင့် ကျောင်းဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်တတ်စေရေး မိမိသားသမီးများကို #တိုက်တွန်းအားပေးပါရန်


*မိဘဆရာအသင်း နှင့် ကျောင်းဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ပါရန်


*မူလတန်ဆင့်တွင်
-ပထမတန်း
-ဒုတိယတန်း
-တတိယတန်း ကျောင်းသားကျောင်းသူများ အားလုံး
#စာဖတ်တတ်ရန်
#စာရေးတတ်ရန်
#အခြေခံသင်္ချာတွက်ချက်တတ်ရန် အတွက်အလေးအနက်ထား ဆောင်ရွက်ပြီး
#ကျောင်းထွက်သူလုံးဝမရှိစေရေး နှင့်#အလယ်တန်းအထက်တန်းအဆင့်များသို့ အဆင့်ဆင့်ဆက်လက်ပညာသက်ယူနိုင်ရေးအတွက် မိဘများကပူးပေါင်းပါဝင် ဆောင်ရွက်ပေးပါရန် နှင့် #မျှဝေခြင်းဆိုင်ရာ
အစီအစဉ်တွင်လည်း ပူးပေါင်းပါဝင် ဆောင်ရွက်ပါရန်

 

Read More: " ၂၀၁၉ ခုနှစ်တက္ကသိုလ်ဝင်တန်း အောင်စာရင်းများကို အောက်ပါနေရာများတွင်ဝင်ရာက်ကြည့်ရှုနိုင်ပါသည် "


*မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေး၊ အရက်၊ ဘီယာ၊ စီးကရက်၊ကွမ်းယာ မသုံးစွဲရေး ကျောင်းအုပ်၊ဆရာ/ဆရာမများနှင့် ပူးပေါင်းဆောင်ရွက်ပါရန်


*ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နားရေး ကျောင်းအုပ်၊ဆရာ/ဆရာမများနှင့် ပူးပေါင်းဆောင်ရွက်ပါရန်


*ကျန်းမာရေးနှင့်ညီညွတ်သော လူနေမှုပုံစံများ စွဲမြဲဆောင်ရွက်တတ်ရန် အသိပညာပေးရေး ကျောင်းအုပ်၊ ဆရာ/ဆရာများနှင့်ပူးပေါင်း ဆောင်ရွက်ပါရန်


*မျိုးဆက်ပွားဆိုင်ရာ အသိပညာပေးရေးကို ကျောင်းအုပ်၊ ဆရာ/ဆရာမများနှင့် ပူးပေါင်းဆောင်ရွက်ပါရန်

 

*ကျောင်းသားကျောင်းသူများ ဂိမ်းစွဲလန်းမှု ပပျောက်ရေး ကျောင်းအုပ်၊ဆရာ/ဆရာမများနှင့် ပူးပေါင်းဆောင်ရွက်ပါရန်


*မိဘများအနေဖြင့် ကျောင်းဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် အကြံပြုကြပါရန် မေတ္တာရပ်ခံအပ်ပါသည်


**ပညာရေးဝန်ကြီးဋ္ဌာန ဝန်ကြီးရုံးသို့ အသိပေးတိုင်ကြားလိုပါက**
ဒုတိယအမြဲတမ်းအတွင်းဝန်
ပညာရေးဝန်ကြီးဋ္ဌာန ရုံးအမှတ်(၁၃)နေပြည်တော် (သို့မဟုတ်) [email protected]
သို့ ပေးပို့တိုင်ကြားနိုင်ပါသည်။

 

(ပညာရေးဝန်ကြီးဌာန)

 

 

News Read 6317 times