Sales Hotline : 09448001653   Find A Tutor     Download App



ပုဂံမြို့တွင် ဟိုတယ်လုပ်ငန်းဆိုင်ရာ သင်တန်းများ ဖွင့်လှစ်ထား

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီး ဌာန(ပုဂံရုံးခွဲ)က စီစဉ်ဖွင့်လှစ်သည့် Hotel Guest List Management System (HGLMS)သင်တန်းကို ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာန ပုဂံရုံးခွဲ၌ အွန်လိုင်းစနစ်ဖြင့် အောက်တိုဘာ ၂၄ ရက်က ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရှိရပါသည်။ 

သင်တန်းဖွင့်ပွဲတွင် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာန ပုဂံရုံးခွဲမှ တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းအောင်က အမှာစကားပြောကြားပြီး လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းအောင်က(HGLMS)စနစ်ကို ဟိုတယ် နှင့် တည်းခိုရိပ်သာများတွင် အသုံးပြုခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူး များနှင့် ဟိုတယ်နှင့် တည်းခိုရိပ်သာများမှ ဝန်ထမ်းများအား စဉ်ဆက်မပြတ် ဆက်လက် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ 

အဆိုပါသင်တန်းကို ပုဂံ၊ ညောင်ဦး၊ ပုပ္ပား၊ ကျောက်ပန်းတောင်း ဒေသများရှိ ဟိုတယ်၊ တည်းခိုရိပ်သာများတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအား အွန်လိုင်းမှတစ်ဆင့် သင်ကြားပို့ချခဲ့ခြင်းဖြစ်ပြီး သင်တန်းသား သင်တန်းသူ ၁၁ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

Source : မြန်မာ့အလင်း

Latest Post News Read 344 times