Sales Hotline : 09448001653       Download App



ပညာရေး ပြုပြင်ပြောင်းလဲမှုများတွင် လှုံ့ ဆော်သူများ ဖြစ်လာသည့် အထက်တန်းကျောင်းသားများ

Benjamaporn Nivas သည် ပုံပြင်များရေးခြင်း၊ အမျိုးအမည်ခွဲခြားထားခြင်းမရှိသည့် Indie သီချင်းများကို နားထောင်ခြင်း နှင့် အန်နီမဲ ဟုခေါ်သော ဂျပန်ကာတွန်းများကြည့်ခြင်း ကို နှစ်သက်သည့် အသက် ၁၅နှစ်အရွယ်ရှိသည့် သာမန်ကျောင်းသူတစ်ဦး ဖြစ်သည်။

သို့သော် သူမသည် လွန်ခဲ့သော နှစ်ပတ်မှစ၍ ဘန်ကောက် ပညာရေးဝန်ကြီးဌာန၏ အပြင်ဖက်တွင် ရာချီသော ကျောင်သားများပါဝင်နေသည့် ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သူ ဖြစ်သည်။

စနေနေ့တွင် သူမ နှင့် သူမသူငယ်ချင်းသည် ဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော ပညာရေး အမိန့်ကို ဆန့်ကျင်ရန် စီစဉ်နေသည့် ထိုဆန္ဒပြပွဲတွင် ထပ်မံပါဝင်ရန် စီစဉ်နေကြသည်။ ၎င်းတို့ အဆိုအရ ထိုအမိန့်သည် ဖိနှိပ်ချုပ်ချယ်များနှင့် အကျိုးသက်‌ရောက်မှု မရှိဖြစ်နေကြောင့် ပြူပြင်ပြောင်းလဲရန် ဆိုးရွားစွာ လိုအပ်နေကြောင်း သိရသည်။

Benjamaporn နှင့် သူမသူငယ်ချင်းများသည် သူတို့၏ နောက်ဆုံးပါဝင်ခဲ့သော ဆန္ဒပြပွဲ၏ အရှိန်အဟုန်ကို တိုးမြှင့်ရန်ကြိုးပမ်းနေကြသော တက်ကြွလှုပ်ရှားသူများအဖွဲ့၏ အထက်တန်းကျောင်းသားအသစ်များ ဖြစ်ပြီး ၎င်းတို့ကို “မကောင်းသော ကျောင်းသား” “ကျောင်းသားဆိုး” များဟု ခေါ်ဝေါ်ခြင်းခံနေရပါသည်။

အဖွဲ့သည် လက်တွေ့ကျသော အကြံပြုချက်များကို လိုလားသော်လည်း ၎င်းတို့ရှာဖွေနေသည့် အပြောင်းအလဲများ၏ အချက်အလက်များကိုပိုမို သိလိုကြောင်းကို ပြီးခဲ့သည့် စနေနေ့ ချီတက်ပွဲတွင် ဖော်ပြခဲ့သည်။ ၎င်းတို့ အနေဖြင့် ရှင်းရှင်းလင်းလင်း လိုချင်သည်မှာ ပညာရေးဝန်ကြီး Nataphol Teepsuwan ကို ရာထူးမှ နှုတ်ထွက်စေလို ခြင်းဖြစ်သည်။

ကျောင်သားဆိုးများသည် တစ်နိုင်ငံလုံး၏ အာရုံစူးစိုက်မှုကို ရရှိနေပြီး ၎င်းတို့၏ တစ်နိုင်တစ်ပိုင် လှုပ်ရှားမှုများသည် တက္ကသိုလ်ကျောင်းသား အများစုဦးဆောင်ခဲ့သည့် အစိုးရဆန့်ကျင်ရေးဆန္ဒပြမှုများမှ ဆင်းသက်လာခြင်းဖြစ်သည်။ ထိုလူငယ်များသည် ဝန်ကြီးချုပ် Prayuth Chan-ocha ၏ တူညီသော အုပ်ချုပ်ရေးဆိုင်ရာ သင်္ကေတများ၊ နည်းဗျူဟာများကို ဆက်ခံ၍ ဆောင်ရွက်နေကြခြင်းဖြစ်သည်။

လွန်ခဲ့သည့် လမှစ၍ ကျောင်းသားဆိုးများ၏ ပေါ်ပေါက်လာမှုမှာ သိသာထင်ရှားပြီး သက်ရောက်မှု ပြင်းထန်ခဲ့သည်။ ယူနီဖောင်းများ ဝတ်ဆင်ထားသည့် အထက်တန်းကျောင်းသားပေါင်း ၄၀၀ ခန့်သည် အဆောက်အအုံများသို့ အစုလိုက် အပြုံလိုက် ဝင်ရောက်ခြင်း၊ Nataphol ရာထူးမှ အနားယူရန် သံပြိုင်ရွတ်ဆိုခြင်း၊ အော်ဟစ်ခြင်းများ ပြုလုပ်ခဲ့သည် မြင်ကွင်းသည် ထိုင်းနိုင်ငံ၏ လူထုကို အံ့ဩမှင်သက်စေခဲ့သည်။

Benjamapornသည် ရှေ့တန်းမှ ပါဝင်ခဲ့ခြင်း ဖြစ်သည်။ သူမသည် ပညာရေးစနစ်၏ ပြောင်းလဲလိုမှုများနှင့် ပတ်သက်၍ မိန့်ခွန်းပြောကြားခဲ့ပြီး ထိုမိန့်ခွန်းတွင် ပြဌာန်းထားသော စည်းမျဉ်းစည်းကမ်းများသည် အမှိုက်ကဲ့သို့ ဖြစ်ပြီး ၎င်းတို့သည် တင်းကြပ်သည့်အပြင် တန်းတူညီမျှသည့် အခွင့်အရေးမရှိဟု ဆိုခဲ့သည်။ “တကယ်လို့ နောက်တစ်ခါ ပြောခွင့်ရခဲ့မယ်ဆိုရင် ဒီထက်ပိုကောင်းအောင် ပြင်ဆင်ပြီး ပိုပြီးတည်တည်ငြိမ်ငြိမ်နှင့် ပြောဖြစ်မယ်၊ အဲ့နေ့က ကျွန်မ စိတ်လှုပ်ရှားနေခဲ့တာ၊ ခြေတွေကော လက်တွေပါ တုန်နေတာပဲ ”ဟု သူမက ရယ်မော၍ ပြောခဲ့သည်။

အမှတ်ရဆုံး အဖြစ်အပျက်ကတော့ ပညာရေး ဝန်ကြီး Nataphol ကို ဆက်ဆံပုံပင်ဖြစ်သည်။ သူသည် ကျောင်းသားများနှင့် စကားပြောရန်လာခဲ့သော်လည်း နောက်ကျသောကြောင့် (ကျောင်းတွင် လုပ်သကဲ့သို့) အရှေ့သို့ လာခွင့်မရှိဘဲ အနောက်တွင်သာနေရန် အမိန့်ပေးခြင်းခံခဲ့ရသည်၊။ ထိုကဲ့သော အာဏာရှိလူကြီးတစ်ဦးကို မထီမဲ့မြင်စွာ ဆက်ဆံပုံမှာ စာသင်ကျောင်းများတွင် ကလေးများအား သင်ကြားခြင်းနှင့် များစွာ ဆန့်ကျင်နေသည်။

တကယ်တော့ Nataphol သည် နေ့မွန်းတည့် နေသည့်အချိန် ချွေးများ အလွန်အမင်းထွက်နေခဲ့သော်လည်း ထိုနေရာတွင်ထိုင်ကာ ကျောင်းသားများ၏ တိုင်ကြားမှုများ နှင့် တုံ့ပြန်မှုများကို ချရေးကာ စိတ်ရှည်လက်ရှည်နားထောင်ပေးခဲ့သည်။ “အခုလို ပြောရဲဆိုရဲ နှင့် ဒီလိုအသက်အရွယ်မှာ နိုင်ငံရေးကို စိတ်ဝင်စားကြပြီး သူတို့ရဲ့ အတွေးအမြင်များက တိုင်းပြည်အတွက် အကျိုးဖြစ်စေတယ်ဆိုရင် ကျွန်တော့ အနေနှင့် ဝမ်းသာမိပါတယ်။ သူတို့လေးတွေဟာ အနာဂတ်တွေဖြစ်ပြီး ကျွန်တော့် အနာဂတ်ဟာလည်း သူတို့ပေါ်မှာ မူတည်နေပါတယ်” ဟု ဝန်ကြီးက ဆိုသည်။

“ ပညာရေး ဝန်ကြီးဌာနမှာ အလုပ်လုပ်နေတဲ့ လူကြီးတွေဟာ သူတို့အငြိမ်းစားယူဖို့ကိုပဲ စောင့်နေကြတယ်၊ ဝန်ကြီးဌာနရဲ့အလုပ်လုပ်ပုံတွေက ထိရောက်မှူ မရှိရင် ကျောင်းတွေကို လာပြီး ထိခိုက်စေတယ်။ ဒါ့အပြင် ကျောင်းထဲမှာလည်း အာဏာရှင်စနစ်နဲ့ရင်ဆိုင်နေရတယ်၊ ဆရာတွေက ကျောင်းသားတွေကို အုပ်ချူပ်နေတာ တွေ့ရတယ်၊ဥပမာ- ဆံပင်ညှပ်တာနှင့် ပတ်သက်တဲ့ စည်းမျဉ်းပေါ့၊ နောက်ပြီး သင်ရိုးညွှန်းတမ်းမှာလည်း ပြဿနာလေးတွေ ရှိတယ်” လို့ သူက စိတ်ပျက်စွာ ဖြေဆိုသည်။ ဆံပင်ညှပ်ခြင်းစည်းမျဉ်းစည်းကမ်းများ ဆိုတာကတော့ ကျောင်းသာများ အတွက် လိုအပ်သော စံနှုန်း ရှိသည့် ဆံပင် ပုံစံဖြစ်ပြီး ၎င်းပုံစံမှာ စစ်တပ်မှ ဆံပင်ပုံစံနှင့်လည်း ဆင်တူနေခဲ့သည်။

Nataphol သည်ဆန္ဒပြမှုများနှင့် ပတ်သက်၍ ဖြေရှင်းနိုင်ရန် အပြင်းအထန်လုပ်ဆောင်နေခဲ့သည်။ သူသည် ပြီးခဲ့သည့် အပတ်က သူ၏ ဖေ့စ်ဘွတ် တွင် “ ကျောင်းသားတွေဆီက ကြားရတာတွေအရ သူတို့ဟာ သူတို့ကိုယ်ပိုင်နဲ့သူတို့သူငယ်ချင်းတွေရဲ့အ အနာဂါတ်ကိုစိုးရိမ်နေတယ်၊ နောက်ပြီး ဆရာတွေရဲ့အလုပ်၊ ပညာရေးတွင် မညီမျှမှုအပြင် ယှဉ်ပြိုင်နိုင်စွမ်းနဲ့ပတ်သက်ပြီး စိတ်ပူနေကြတယ်၊ ဒါတွေဟာ ကျွန်တော်တို့ရဲ့ ပြန်လည်ပြင်ဆင်ရေး အစီအစဉ်များ အတွက် ကောင်းမွန်သော ခေါင်းစဉ်များနှင့် ဆင်တူပါတယ်၊ ဒါကြောင့် ကျွန်တော် တတ်နိုင်သလောက် ထောက်ပံ့ပေးပါမယ်” ဟု ရေးသားထားသည်။

ဝန်ကြီးဌာန မှ ထုတ်ပြန်ထားသော ကြေငြာချက်များအရ ကျောင်းများ အနေဖြင့် ကျောင်းသား၏ လွတ်လပ်စွာ ပြောဆိုခွင့်များကို လေးစားရမည် ဖြစ်ပြီး အများပြည်သူ အနှောင့်အယှက် မဖြစ်သ၍ ဆန္ဒပြမှုများကို ခွင့်ပြုပေးရမည် ဖြစ်သည်။

နိုင်ငံရေးသိပ္ပံပညာရှင် Siripan Nogsuan Sawasdee က ဆန္ဒပြပွဲတွေရဲ့နောက်ကွယ်မှာ နက်နက်ရှိုင်းရှိုင်း ဒေါသထွက်မှုနဲ့ စိတ်ရှုပ်ထွေးမှုတွေရှိနေတယ်လို့ ပြောပါတယ်။ "သူတို့ကသူတို့ကိုယ်သူတို့လှုပ်ရှားသူများ၊ မကောင်းတဲ့ ကျောင်းသားများဟုခေါ်ကြသည်။ ဒီစကားများက နာကျည်းစရာကောင်းပြီး အရွယ်ရောက်တဲ့သူများ တွေးထင်သကဲ့သို့ ကောင်းမွန်သော ပညာရေး စနစ်သည်ကျောင်းသားများအတွက် မကောင်းဘူး” ဟု ဘန်ကောက်ရဲ့ Chulalongkorn တက္ကသိုလ်မှပါမောက္ခ Siripan မှ ဆိုသည်။

ဆက်လက်၍ ၎င်းမှ “ထိုင်းနိုင်ငံရှိ ပညာရေးစနစ်သည် ကျောင်သားများကို စဉ်းစားရန်၊ ဖန်တီးရန် သို့မဟုတ် စတင်ရန်ခွင့်မပြုဘူး “ ဟု ပြောသည်။

Benjamapornက ထိုင်းနိင်ငံ ကျောင်းသားများ၏ စွမ်းအားသည် အပြောင်းအလဲများကို ယူဆောင်ပေးနိုင်မည့်မျှော်လင့်ချက် တွေရှိသည် ဟု ဆိုထားသည်။ သူမအနေဖြင့် ဒီအခြေအနေမျိုးက သူမ၏ မျိုးဆက်တွင်သာ အဆုံးသတ်ခြင်ပြီး လာမည့်မျိုးဆက်ကို မခေါ်သွားခြင်ဘူးဟု သူမက ပြောသည်။ By Myanmar

Education Guide -EDGE

Ref : Deccan chronicle

Latest Post News Read 2789 times