Sales Hotline : 09448001653       Download App



စကော့တလန်ရှိ အထက်တန်းကျောင်းသား/သူများ mask တပ်ရမည်

စကော့တလန်ရှိ အထက်တန်းကျောင်းသားများအနေဖြင့် သြဂုတ်လ ၃၁ ရက်မှစတင်ကာ ကျောင်းစင်္ကြံများ၊ အများနှင့်သက်ဆိုင်သောနေရာများနှင့် ကျောင်းကားများတွင် mask တပ်ရန် စကော့တလန် ပညာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ယခုချမှတ်လိုက်သည့် စည်းမျဉ်းသည် အသက် ၁၂ နှစ်နှင့် အထက် ကျောင်းသားအားလုံးနှင့် အကျုံးဝင်မည်ဖြစ်ကြောင်းလည်း ပညာရေးဝန်ကြီး ဂျွန်ဆွင်နေးကပြောကြားခဲ့သည်။ စကော့တလန် ပညာရေးဝန်ကြီးဌာန၏ စည်းမျဉ်းသစ်သည် ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ အကြံပြုချက်အသစ်များအပေါ် အခြေခံကာ ပြင်ဆင်ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်းလည်း ဂျွန်ဆွင်နေးက ပြောကြားခဲ့သည်။

အသက် ၁၂နှစ်နှင့် အထက် ကျောင်းသားအားလုံး mask တပ်ရမည်ဆိုသော်လည်း လူမှုရေး အရ ခပ်ခွာခွာနေထိုင်ရမည့် စည်းကမ်းများချမှတ်ထားသည့် စာသင်ခန်းများတွင်း mask တပ်ရန် လိုအပ်မည်မဟုတ်ကြောင်းလည်း သိရသည်။

စကော့တလန်အပါအဝင် ဗြိတိန်ရှိ ကျောင်းများတွင် mask တပ်ခြင်းကို လက်ရှိ အချိန်အထိ ၎င်းတို့၏ အသိစိတ်ဖြင့် ဝတ်ဆင်မှုများရှိခဲ့သော်လည်း တချို့ကျောင်းများတွင်မူ ကိုဗစ်-၁၉ ရောဂါ ပျံ့နှံ့မှုထိန်းချုပ်ရေး အကူအညီပေးရန် ကျောင်းသားကျောင်းသူများနှင့် ပညာရေးဝန်ထမ်းများအား mask များတပ်ဆင်ရန် တောင်းဆိုမှုများ စတင်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

မြောက်အိုင်ယာလန်တွင် ကျောင်းများ၌ mask တပ်ခြင်းကို အတင်းအကျပ် တိုက်တွန်းမှုများရှိနေသော်လည်း အင်္ဂလန်နိုင်ငံတွင်မူ ကျောင်းများ၌ နှာခေါင်းစည်းများ ဝတ်ဆင်ရေးအတွက် ယခုအချိန်အထိ တောင်းဆိုမှုမပြုသေးကြောင်းလည်းသိရသည်။

Source: Moi Gov

Latest Post News Read 410 times