GTI အစိုးရစက်မှုလက်မှု သိပ္ပံကျောင်း (၂၅) ကျောင်းနှင့် တက်ရောက်နိုင်သည့် သင်တန်းများ

မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ဖွင့်လှစ်ထားသော အစိုးရ စက်မှုလက်မှု သိပ္ပံကျောင်း (၂၅) ကျောင်းနှင့် လျှောက်ထားရာတွင် လိုအပ်သည့် အချက်အလက်များ၊ သင်ကြားပေးနေသည့် ဒီပလိုမာ၊ ကာလတို သင်တန်းများနှင့် ပေးအပ်နေသည့် ဘွဲ့ဒီဂရီများကို အောက်တွင် ဖော်ပြလိုက်ပါသည်။

 

 

 

 

 

 

 

 

Advertisement

Click Here >  Myittar Mon


 

အထက်ပါ အစိုးရစက်မှုလက်မှုသိပ္ပံ ကျောင်းများသို့ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ပြီး အမှတ်မီသူများ ဝင်ခွင့်လျှောက်လွှာ တင်သွင်းနိုင်ပြီး အောက်ပါ အချက်အလက်များ ပူးတွဲ ပေးပို့ရန် လိုအပ်သည်။

 

လိုအပ်သော အချက်အလက်များ

  • မှတ်ပုံတင်မိတ္တူ ( ကျောင်းသား/ မိဘ )
  • အိမ်ထောင်စုစာရင်း မူရင်းနှင့် မိတ္တူ
  • ဆေးထောက်ခံစာမူရင်း
  • အမှတ်စာရင်းမူရင်း
  • ပတ်စပို့စ်အရွယ် ရောင်စုံဓါတ်ပုံ (၃) ပုံ

 

ရရှိနိုင်မည့် ဒီပလိုမာများ

  • မြို့ပြသင်တန်းအတွက် A.G.T.I Diploma Certificate
  • အီလက်ထရောနစ်သင်တန်းအတွက် A.G.T.I Diploma Certificate
  • လျှပ်စစ်စွမ်းအားသင်တန်းအတွက် A.G.T.I Diploma Certificate
  • စက်မှုသင်တန်းအတွက် A.G.T.I Diploma Certificate

 

သင်ကြားပေးနေသည့် ကာလတို သင်တန်းများ

  • အခြေခံကွန်ပျူတာသင်တန်း
  • ဒီဇယ်အင်ဂျင်စက်ပြင်သင်တန်း
  • မော်တော်ယဉ်မောင်းသင်တန်း
  • အိမ်တွင်းလျှပ်စစ်ဝါယာသွယ်တန်းခြင်းသင်တန်း
  • တစ်လုံးထိုးအင်ဂျင်ပြုပြင်ထိန်းသိမ်းခြင်းသင်တန်း
  • သံချည်သံကွေးသင်တန်း
  • အခြေခံပန်းရံသင်တန်း
  • ဂဟေဆက်သင်တန်း
  • အခြေခံမြေတိုင်းတာခြင်းသင်တန်း
  • အခြေခံလက်သမားသင်တန်း
  • Auto Card 2D အခြေခံသင်တန်း
  • Creating Circuit Design Using PCB သင်တန်း
  • Motor Control သင်တန်း
  • Split Type Air-Conditioner Installation သင်တန်း

 

သက်ဆိုင်ရာ ကျောင်းအလိုက် သင်ကြားပေးနေသည့် ဒီပလိုမာနှင့် ကာလတိုသင်တန်းများ၊ ပေးအပ်သည့် ဘွဲ့လက်မှတ်များ အနည်းငယ် ကွာဟမှု ရှိနိုင်သဖြင့် မိမိလျှောက်ထားလိုသည့် ကျောင်း၏ ဝက်ဆိုက်ဒ်များသို့ ဝင်ရောက်၍ အသေးစိတ် လေ့လာ ကြည့်ရှုနိုင်သည်။

Latest Post Government School Read 2141 times