Sales Hotline : 09448001653       Download App



အုပ်စုဖွဲ့စစ်ဆေးမည့် စာမေးပွဲအတွက် မေးခွန်းပုံစံများ ထပ်မံညွှန်ကြားမည်ဟုဆို

အုပ်စုဖွဲ့စစ်ဆေးမည့် စာမေးပွဲအတွက် မေးခွန်းပုံစံများ ထပ်မံညွှန်ကြားမည်ဟုဆို

‘‘စာမေးပွဲမှာ မေးရမယ့် မေးခွန်းပုံစံတွေကို ဆရာ၊ ဆရာမ တွေကို ထပ်ညွှန်ကြားမှာပါ။ အဲဒီ ကျမှ မေးခွန်းထုတ်ရပါမယ်’’ဟု ရန်ကုန်တိုင်းဒေသကြီး ပညာရေး မှူးရုံးမှ ညွှန်ကြားရေးမှူး(ပညာ) ဒေါ်မြင့်မြင့်ခိုင်က ပြောသည်။

အုပ်စုဖွဲ့စစ်ဆေးခြင်း (Group Work) နည်းလမ်းအသစ် ဖြင့် ဇူလိုင်ကုန်နှင့် ဒီဇင်ဘာကုန် အခန်းဆုံး စစ်ဆေးခြင်း စာမေးပွဲများကို စစ်ဆေးရမည်ဖြစ်ရာ စာမေးပွဲတွင် မေးရမည့်မေးခွန်းများ အတွက် အခြေခံပညာ ဆရာ၊ ဆရာမ အသိုင်းအဝိုင်း၌ အငြင်းပွားမှု ဖြစ်ပေါ်နေသည်။

‘‘လောလောဆယ်တော့ ၄၅ မိနစ် တစ်ချိန်စာအတွက် ၂၅ မှတ်ဖိုး မေးခွန်းထုတ်ရမယ်ပဲ ပြော ထားတယ်။ မေးခွန်းပုံစံနဲ့ပတ် သက်လို့ ထပ်ပြီး ညွှန်ကြားချက် ထွက်ဦးမယ်လို့ ပြောပါတယ်’’ဟု အထက (၁) ပုဇွန်တောင်မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်း သန်းနွယ်က ပြောသည်။

‘‘ကလေးတွေ တကယ်အကျိုးရှိမယ့် မေးခွန်းလေးတွေထုတ် ပေးဖို့ကို ပညာရေးဝန်ကြီးဌာနက ညွှန်ကြားချက်လေးတွေနဲ့၊ နမူနာ ပုံစံလေးတွေနဲ့ပေးပြီး ညွှန်ကြား မယ်ဆို ဒီထက်ပိုပြီး ထိရောက်ပါ မယ်။

ရုပ်မြင်သံကြားကနေ Group Work စစ်ဆေးတဲ့ နမူနာ လေးတွေ ရိုက်ကူးထုတ်လွှင့်ပေး မယ်ဆိုရင် မိဘတွေလည်း သိ မယ်။ ဆရာမတွေလည်း သိမယ်။ ကလေးတွေလည်း Group Work ဆိုတာ ဘာလဲ သိမြင်သွားတာ ပေါ့’’ဟု ကဝမြို့နယ် အထက သက္ကလမှ အထက်တန်းပြဆရာ ဦးအောင်ကျော်သူက ပြောသည်။

အုပ်စုဖွဲ့စစ်ဆေးမှုသည် အဖွဲ့တစ်ဖွဲ့လျှင် ကျောင်းသား၊ ကျောင်းသူလေးဦးနှုန်းဖြင့် တော်၊ သင့်၊ ညံ့ မျှတအောင် အဖွဲ့ဖွဲ့ကာ အားလုံးပါဝင်ဆွေးနွေးစေပြီး တစ်ဦးက အဖွဲ့ကိုယ်စား အဖြေလွှာတွင် ရေးပေးရမည်ဖြစ်သည်။

READ - တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာ ပြန်တောင်းကြည့်သူ တစ်လအတွင်း ၂၀၀ ကျော်ရှိ

စာသင်ချိန်တစ်ချိန်စာအတွင်း အားလုံးပါဝင်ဆွေးနွေးစေရန် ဘာသာပြ ဆရာမတစ်ဦးနှင့် အကူဆရာမနှစ်ဦးက ကြီးကြပ်ပေးရမည်ဖြစ်ကာ အဖွဲ့ရမှတ်သည် ကျောင်းသား၊ ကျောင်းသူလေးဦးစလုံး၏ကိုယ်စီရမှတ်ဖြစ်သည်။

အဆိုပါရမှတ်ကို ၂ ဖြင့် မြှောက်ကာ Grade ဖြင့် ထုတ်ပြန်မည်ဖြစ်ပြီး ရမှတ် ၄၀ မှ ၅၀ အတွင်း Grade A၊ ရမှတ် ၃၀ မှ ၃၉ အတွင်း Grade B၊ ရမှတ် ၂၀ မှ ၂၉ မှတ်အတွင်း Grade C ပေးမည်ဖြစ်သည်။

Grade မှ လွဲ၍ ရမှတ်ကို လုံခြုံစွာ သိမ်းထားရန်၊ ဘာသာပြဆရာသည် မိမိဘာသာရပ် ရမှတ်မှတစ်ပါး ကျန်ဘာသာ များ၏ရမှတ်ကို မသိစေရဟု ညွှန်ကြားထားသည်။

အခန်းဆုံးစာမေးပွဲများကိုသာ အုပ်စုဖွဲ့စစ်ဆေးသည့် ပုံစံ ဖြင့် စစ်ဆေးမည်ဖြစ်ပြီး နှစ်ဝက် ဆုံးနှင့် နှစ်ဆုံးစာမေးပွဲများကိုမူ ယခင်အတိုင်းသာ တစ်ဦးချင်း အဖြေလွှာပေါ်တွင် ရေးဖြေဖြေဆို ရမည်ဟုသိရသည်။

‘‘ကျောင်းတွေကိုတော့ အုပ် စုဖွဲ့စစ်ရမယ် ပြောတာပဲရှိသေး တယ်။ ဘယ်လိုပုံစံစစ်ရမယ်၊ ဘယ်လိုအမှတ်ပေးရမယ်ဆိုတာ တိတိကျကျ ဘာမှ မညွှန်ကြား ထားသေးဘူး’’ဟု ဆရာမတစ်ဦးက ပြောသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Soruce: 7 day daily

News Read 1809 times