Sales Hotline : 09448001653       Download App



စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ပညာသင်ဆုရကျောင်းသားများအတွက် ဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပပေး

မြန်မာနိုင်ငံဆိုင်ရာ တရုတ်စီးပွားရေးသံရုံးတွင် ၂၀၂၀ ပြည့်နှစ် အတွက် တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ပညာတော်သင်ဆုရခဲ့သည့် ကျောင်းသားများအတွက် ဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပပေးခဲ့တယ်လို့သိရပါတယ်။

၎င်းအခမ်းအနားကို ဖွံ့ဖြိုးဆဲကမ္ဘာ့တောင်ပိုင်းနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှု (South–South cooperation) နှင့် ဖွံ့ဖြိုးတိုးတက်ရေးကောလိပ်၊ ပေကျင်းတက္ကသိုလ်၊ ချင်းဟွာတက္ကသိုလ် ၊ ကျွန်းဆန်းတက္ကသိုလ် နှင့် တရုတ် နိုင်ငံရိန်မင်းတက္ကသိုလ်များတွင် ပညာသင်ဆုရ၍ တက်ရောက်ခဲ့သော မြန်မာနိုင်ငံမှ ကျောင်းသား၊ ကျောင်းသူများနှင့် ၎င်းတို့၏ မိသားစုဝင်များက တက်ရောက်ဂုဏ်ပြုပေးခဲ့ကြသည်။

ဘွဲ့ရရှိခဲ့သည့် မြန်မာနိုင်ငံမှ ကျောင်းသူ၊ ကျောင်းသား (၁၂) ဦးသည် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အခက်အခဲများ၊ စိန်ခေါ်မှုများနှင့် ကြုံတွေ့ခဲ့ရသော်လည်း နောက်မဆုတ်ဘဲ ကြိုးစားခဲ့သည့် စိတ်ဓါတ်အပေါ် ချီးကျူးကြောင်းနှင့် သက်ဆိုင်ရာဘာသာရပ် အသီးသီးတွင် ထူးချွန်စွာ အောင်မြင်ခဲ့သည်ကိုလည်း ဂုဏ်ယူကြောင်းကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံး စီးပွားရေး သံအမတ် ထန်ဆူးဖု မှ ပြောကြားခဲ့သည်။

မြန်မာ နိုင်ငံ နေအုပ်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးနေအုပ်မှလည်း အဆိုပါအခမ်းအနားတွင် တရုတ် နိုင်ငံမှ ပညာသင်ယူ၍ ပြန်လည် ရောက်ရှိလာသော ကျောင်းသား/သူ များ အနေဖြင့် မြန်မာ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အရေးပါသည့် သက်ရောက်မှု ဖြစ်စေမည် ကို ယုံကြည်ကြောင်း ပြောကြား ခဲ့သည်။ အခမ်းအနား တွင် မြန်မာ နိုင်ငံ ကျောင်းသား၊ကျောင်းသူများကလည်း တရုတ် နိုင်ငံ သို့ ပညာတော်သင် သွားရောက်ရာတွင် ရရှိခဲ့သော အတွေ့အကြုံများကို ထပ်ဆင့် ပြန်လည်မျှဝေပေးခဲ့တယ်လို့သိရပါတယ်။

အဆိုပါပညာသင်ဆုများကို တရုတ် နိုင်ငံ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ မြန်မာ ကျောင်းသား ကျောင်းသူများကို လွန်ခဲ့သော ငါးနှစ်မှစ၍ ပေးအပ်ခဲ့ခြင်း ဖြစ်ပြီး ယခု အခါ မြန်မာကျောင်းသူကျောင်းသား စုစုပေါင်း ၁၂၉ဦးရှီပြီ ဖြစ်သည်။ စိုက်ပျိုးရေး၊ ဆေးဘက်ဆိုင်ရာ၊ ကျန်းမာရေး၊ ပညာရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး နှင့် ကုန်သွယ်မှု ချောမွေ့ရေး စသည့် ကဏ္ဍ များမှ ကျောင်းသား ကျောင်းသူများပါဝင်ကြပြီး လက်ရှိ မြန်မာနိုင်ငံ၏ ဖွံဖြိုးတိုးတက်ရေးတွင် အရေးကြီးသော ကဏ္ဍများတွင် ပါဝင်လျက်ရှိတယ်လို့သိရပါတယ်။

 

Ref: xinhuamyanmar.com

Latest Post News Read 622 times