Sales Hotline : 09448001653       Download App



အင်္ဂလိပ်စာအရည်အချင်းစစ်ပုံစံပြောင်းလဲမည့်ဆေးတက္ကသိုလ်များနှင့်ဆေးပညာနှီးနွှယ်တက္ကသိုလ်ဘွဲ့လွန်သင်တန

**Unicode**

လာမည့်ပညာသင်နှစ်တွင် ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များတွင်ဖွင့်လှစ်မည့် ဘွဲ့လွန်သင်တန်းများဝင်ခွင့် အင်္ဂလိပ်စာကျွမ်းကျင်မှုအရည်အချင်းစစ်ဆေးခြင်းကို ပုံစံပြောင်းလဲမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှသိရသည်။ 

ဘွဲ့လွန်သင်တန်းများ ဝင်ခွင့်ရေးဖြေ အရည်အချင်းစစ်စာမေးပွဲဖြေဆိုရန်လျှောက်ထားသူများသည် နိုင်ငံခြားဘာသာတက္ကသိုလ်မှစစ်ဆေးသည့် စာမေးပွဲတွင်သတ်မှတ်ထားသည့် အနိမ့်ဆုံး Band ရမှတ်ရရှိထားပြီးပါက (၃) နှစ်အတွင်း အင်္ဂလိပ်စာဘာသာရပ်ကို နောက်တစ်ကြိမ်ထပ်မံဖြေဆိုရန်မလိုဘဲ ဘွဲ့လွန်သင်တန်းဝင်ခွင့်ဖြေဆိုရာတွင် သက်ဆိုင်ရာဆေးနှင့် ဆေးပညာနှီးနွှယ်ဘာသာရပ်တစ်ခုတည်းအတွက်ကိုသာဖြေဆိုရမည်ဖြစ်ပေသည်။ 

နိုင်ငံခြားဘာသာတက္ကသိုလ် ရန်ကုန်နှင့် မန္တလေးတွင် နှစ်စဉ် မေလတွင် (၁) ကြိမ်၊ ဇူလိုင် (သို့) သြဂုတ်လတွင် (၁) ကြိမ်၊ ဒီဇင်ဘာလတွင် (၁) ကြိမ်၊ တစ်နှစ်ကို (၃) ကြိမ်ပုံမှန်စစ်ဆေးသွားမှာဖြစ်သည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှသိရသည်။ 

Secretarial Skills (5) Secretarial Skills ႏွင့္ပတ္သက္ျပီး သင္တန္းရွာရန္ႏွိပ္ပါ။

ဘွဲ့လွန်သင်တန်းများဝင်ခွင့်ရေးဖြေ အရည်အချင်းစစ်စာမေးပွဲဖြေဆိုရန် လျှောက်ထားသူများသည် နိုင်ငံခြားဘာသာတက္ကသိုလ်မှစစ်ဆေးသည့် စာမေးပွဲမှ သက်တမ်းရှိ အကျုံးဝင်သည့် ရမှတ်စာရွက်ကိုပူးတွဲတင်ပြရမည်ဖြစ်ပြီး လာမည့်ပညာသင်နှစ်မှစ၍ ရေးဖြေစာမေးပွဲနှင့် နှုတ်ဖြေစာမေးပွဲများဖြင့်သာကျင်းပမည်ဖြစ်သည်။

Source: မြဝတီ

 

**Zawgyi**

လာမည့္ပညာသင္ႏွစ္တြင္ ေဆးတကၠသိုလ္မ်ားႏွင့္ ေဆးပညာႏွီးႏႊယ္တကၠသိုလ္မ်ားတြင္ဖြင့္လွစ္မည့္ ဘြဲ႕လြန္သင္တန္းမ်ားဝင္ခြင့္ အဂၤလိပ္စာကြၽမ္းက်င္မႈအရည္အခ်င္းစစ္ေဆးျခင္းကို ပုံစံေျပာင္းလဲမည္ျဖစ္ေၾကာင္း က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနမွသိရသည္။ 

ဘြဲ႕လြန္သင္တန္းမ်ား ဝင္ခြင့္ေရးေျဖ အရည္အခ်င္းစစ္စာေမးပြဲေျဖဆိုရန္ေလွ်ာက္ထားသူမ်ားသည္ ႏိုင္ငံျခားဘာသာတကၠသိုလ္မွစစ္ေဆးသည့္ စာေမးပြဲတြင္သတ္မွတ္ထားသည့္ အနိမ့္ဆုံး Band ရမွတ္ရရွိထားၿပီးပါက (၃) ႏွစ္အတြင္း အဂၤလိပ္စာဘာသာရပ္ကို ေနာက္တစ္ႀကိမ္ထပ္မံေျဖဆိုရန္မလိုဘဲ ဘြဲ႕လြန္သင္တန္းဝင္ခြင့္ေျဖဆိုရာတြင္ သက္ဆိုင္ရာေဆးႏွင့္ ေဆးပညာႏွီးႏႊယ္ဘာသာရပ္တစ္ခုတည္းအတြက္ကိုသာေျဖဆိုရမည္ျဖစ္ေပသည္။ 

ႏိုင္ငံျခားဘာသာတကၠသိုလ္ ရန္ကုန္ႏွင့္ မႏၲေလးတြင္ ႏွစ္စဥ္ ေမလတြင္ (၁) ႀကိမ္၊ ဇူလိုင္ (သို႔) ၾသဂုတ္လတြင္ (၁) ႀကိမ္၊ ဒီဇင္ဘာလတြင္ (၁) ႀကိမ္၊ တစ္ႏွစ္ကို (၃) ႀကိမ္ပုံမွန္စစ္ေဆးသြားမွာျဖစ္သည္ဟု က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနမွသိရသည္။ 

Secretarial Skills (5) Secretarial Skills ႏွင့္ပတ္သက္ျပီး သင္တန္းရွာရန္ႏွိပ္ပါ။

ဘြဲ႕လြန္သင္တန္းမ်ားဝင္ခြင့္ေရးေျဖ အရည္အခ်င္းစစ္စာေမးပြဲေျဖဆိုရန္ ေလွ်ာက္ထားသူမ်ားသည္ ႏိုင္ငံျခားဘာသာတကၠသိုလ္မွစစ္ေဆးသည့္ စာေမးပြဲမွ သက္တမ္းရွိ အက်ဳံးဝင္သည့္ ရမွတ္စာ႐ြက္ကိုပူးတြဲတင္ျပရမည္ျဖစ္ၿပီး လာမည့္ပညာသင္ႏွစ္မွစ၍ ေရးေျဖစာေမးပြဲႏွင့္ ႏႈတ္ေျဖစာေမးပြဲမ်ားျဖင့္သာက်င္းပမည္ျဖစ္သည္။

Source: ျမဝတီ

Latest Post News Read 803 times