Sales Hotline : 09448001653       Download App



စတုတ္ထတန်းနှင့် အဌမတန်းပြင်ပဖြေဆိုလိုသူကျောင်းသား/သူများ စတင်လျှောက်ထားနိုင်

** Unicode **

အစိုးရစစ် စာမေးပွဲဖြစ်သည့် အခြေခံပညာ စတုတ္ထတန်းနှင့် အဌမတန်းစာမေးပွဲများကို ကျောင်းပြင်ပမှဖြေဆိုလိုသူများစတင်လျှောက်ထားနိုင်ပြီဖြစ်ကြောင်းကို တိုင်းဒေသကြီး ပြည်နယ်ပညာရေးမှူးရုံးများမှ သိရပါတယ်။

ယခုနှစ်အတွက် အခြေခံပညာစတုတ္ထတန်းနှင့် အဌမတန်းစာမေးပွဲကို ဖေဖော်ဝါရီလ (၂၄) ရက်နေ့မှ မတ်လ (၃) ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ပါတယ်။

အခြေခံပညာကျောင်းများမှ ဖြေဆိုမည့်ကျောင်းသား/သူများအပါအဝင် ကျောင်းပြင်ပသို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေသော ကျောင်းသား/သူများကိုလည်း ဖြေဆိုခွင့်ပေးမည်ဖြစ်ရာ သတ်မှတ်ချက်များနှင့် ကိုက်ညီသူများအနေဖြင့် ဖြေဆိုခွင့်လျှောက်ထားနိုင်ပါတယ်။

လျှောက်ထားရန်အတွက် မြို့နယ်ပညာရေးမှူးရုံးများတွင် စုံစမ်းလျှောက်ထားနိုင်ပါတယ်။

ပြင်ပဖြေဆိုမည့် ကျောင်းသား/သူများ ဖြေဆိုခွင့်ရရှိစေရန်အတွက် သက်ဆိုင်ရာ မြို့နယ်၊ ကျောင်းအလိုက် အသိပေးဆောင်ရွက်သွားရမည်ဖြစ်ပြီး စတုတ္ထတန်း ပြင်ပဖြေဆိုမည့်ကျောင်းသား/သူသည် တတိယတန်းအောင်မြင်ကြောင်းထောက်ခံချက်ကို တင်ပြရမည်ဖြစ်ပါတယ်။

အဌမတန်းပြင်ပြဖြေဆိုမည့် ကျောင်းသား/သူသည်သတ္တမတန်း အောင်မြင်ကြောင်းထောက်ခံချက်ကို တင်ပြရမည်ဖြစ်ပါတယ်။

စတုတ္ထတန်းနှင့် အဌမတန်းစာမေးပွဲကို ပြင်ပမှ ဝင်ရောက်ဖြေဆိုအောင်မြင်သူများအနေဖြင့် အတန်းကူးပြောင်းခွင့်ရရှိမည်ဖြစ်ကြောင်း ဖြေဆိုခွင့်လျှောက်ထားမှုများကို မြို့နယ်အလိုက် သတ်မှတ်ရက်များတွင် နောက်ဆုံးထားလျှောက်ထားရမည်ဖြစ်ပါတယ်။

အသေးစိတ်အချက်အလက်များထပ်မံသိရှိလိုပါက မိမိတို့နေထိုင်ရာ မြို့နယ်နှင့် အနီးစပ်ဆုံး ကျောင်းများတွင်လည်းကောင်း၊ ပညာရေးမှူးရုံးများတွင်လည်းကောင်းသွားရောက်စုံစမ်းမေးမြန်းနိုင်ပါတယ်။
(www.edge.com.mm)
 

** Zawgyi **

အစိုးရစစ္ စာေမးပြဲျဖစ္သည့္ အေျခခံပညာ စတုတၳတန္းႏွင့္ အဌမတန္းစာေမးပြဲမ်ားကို ေက်ာင္းျပင္ပမွေျဖဆိုလိုသူမ်ားစတင္ေလ်ွာက္ထားႏိုင္ၿပီျဖစ္ေၾကာင္းကို တိုင္းေဒသႀကီး ျပည္နယ္ပညာေရးမွဴးရံုးမ်ားမွ သိရပါတယ္။

ယခုႏွစ္အတြက္ အေျခခံပညာစတုတၳတန္းႏွင့္ အဌမတန္းစာေမးပြဲကို ေဖေဖာ္ဝါရီလ (၂၄) ရက္ေန႔မွ မတ္လ (၃) ရက္ေန႔အထိ က်င္းပျပဳလုပ္မည္ျဖစ္ပါတယ္။

အေျခခံပညာေက်ာင္းမ်ားမွ ေျဖဆိုမည့္ေက်ာင္းသား/သူမ်ားအပါအဝင္ ေက်ာင္းျပင္ပသို႔ အေၾကာင္းအမ်ိဳးမ်ိဳးျဖင့္ ေရာက္ရွိေနေသာ ေက်ာင္းသား/သူမ်ားကိုလည္း ေျဖဆိုခြင့္ေပးမည္ျဖစ္ရာ သတ္မွတ္ခ်က္မ်ားႏွင့္ ကိုက္ညီသူမ်ားအေနျဖင့္ ေျဖဆိုခြင့္ေလ်ွာက္ထားႏိုင္ပါတယ္။

ေလ်ွာက္ထားရန္အတြက္ ၿမိဳ႕နယ္ပညာေရးမွဴးရံုးမ်ားတြင္ စံုစမ္းေလ်ွာက္ထားႏိုင္ပါတယ္။

ျပင္ပေျဖဆိုမည့္ ေက်ာင္းသား/သူမ်ား ေျဖဆိုခြင့္ရရွိေစရန္အတြက္ သက္ဆိုင္ရာ ၿမိဳ႕နယ္၊ ေက်ာင္းအလိုက္ အသိေပးေဆာင္ရြက္သြားရမည္ျဖစ္ၿပီး စတုတၳတန္း ျပင္ပေျဖဆိုမည့္ေက်ာင္းသား/သူသည္ တတိယတန္းေအာင္ျမင္ေၾကာင္းေထာက္ခံခ်က္ကို တင္ျပရမည္ျဖစ္ပါတယ္။

အဌမတန္းျပင္ျပေျဖဆိုမည့္ ေက်ာင္းသား/သူသည္သတၱမတန္း ေအာင္ျမင္ေၾကာင္းေထာက္ခံခ်က္ကို တင္ျပရမည္ျဖစ္ပါတယ္။

စတုတၳတန္းႏွင့္ အဌမတန္းစာေမးပြဲကို ျပင္ပမွ ဝင္ေရာက္ေျဖဆိုေအာင္ျမင္သူမ်ားအေနျဖင့္ အတန္းကူးေျပာင္းခြင့္ရရွိမည္ျဖစ္ေၾကာင္း ေျဖဆိုခြင့္ေလ်ွာက္ထားမႈမ်ားကို ၿမိဳ႕နယ္အလိုက္ သတ္မွတ္ရက္မ်ားတြင္ ေနာက္ဆံုးထားေလ်ွာက္ထားရမည္ျဖစ္ပါတယ္။

အေသးစိတ္အခ်က္အလက္မ်ားထပ္မံသိရွိလိုပါက မိမိတို႔ေနထိုင္ရာ ၿမိဳ႕နယ္ႏွင့္ အနီးစပ္ဆုံး ေက်ာင္းမ်ားတြင္လည္းေကာင္း၊ ပညာေရးမွဴးရံုးမ်ားတြင္လည္းေကာင္းသြားေရာက္စံုစမ္းေမးျမန္းႏိုင္ပါတယ္။
(www.edge.com.mm)
 

Advertising & PR (6) ေၾကာ္ညာျခင္းႏွင့္ PR သင္တန္းႏွင့္ပတ္သက္ျပီးရွာရန္ ႏွိပ္ပါ။

Latest Post News News Tips Tips Read 981 times