Sales Hotline : 09448001653       Download App



" အစိုးရစက်မှုလက်မှု သိပ္ပံကျောင်း ဒလမြို့နယ်တွင် ဖွင့်လှစ်မည် "

" အစိုးရစက်မှုလက်မှု သိပ္ပံကျောင်း ဒလမြို့နယ်တွင် ဖွင့်လှစ်မည် "

ဒလမြို့နယ်တွင် အစိုးရစက်မှုလက်မှု သိပ္ပံကျောင်းဖွင့်လှစ်မည်ဟု ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပြောပါသည်။

 

မေလ ၃ ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဒလမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဦးစိန်မြအေးက ဒလမြို့နယ်တွင် စက်မှုလက်မှု အထက်တန်းကျောင်း ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိ မေးမြန်းမှုကို ဖြေကြားရာတွင် ဒုတိယ ဝန်ကြီးက ထိုသို့ပြောကြားခြင်းဖြစ်ပါသည်။

 

ရန်ကုန်တိုင်းဒေသကြီးမှာ ခရိုင်လေးခရိုင်ရှိပြီး လေးခရိုင်စလုံးမှာပဲ နည်းပညာနှင့် အခွင့်အလမ်းရရှိစေဖို့ ပညာရေးဝန်ကြီးဌာနက ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ မေလ ၂ ရက်နေ့က ကျင်းပတဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အစည်းအဝေးမှာ ဒလနည်းပညာသိပ္ပံတစ်ခု ဆောက်လုပ်ဖို့ မြေနေရာရရှိမှုကို ဆုံးဖြတ်ပြီးဖြစ်တာကြောင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှာ စတင်အကောင်အထည်ဖော်ဆောင်ရွက်မှာ ဖြစ်ပါတယ်" ဟု ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းကဆိုပါသည်။

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း နည်းပညာ၊ သက်မွေးပညာသင်ကျောင်းများ ဖွင့်လှစ်ရေးစီမံချက်တွင် ဗဟန်းမြို့နယ် နတ်မောက်နယ်မြေကို ဗဟိုအဖြစ် သတ်မှတ်ထားပါသည်။

 

အရှေ့ပိုင်းခရိုင်တွင် တောင်ဒဂုံမြို့နယ်၊ တောင်ပိုင်းခရိုင်တွင် သန်လျင်မြို့နယ်၊ မြောက်ပိုင်းခရိုင်တွင် အင်းစိန်မြို့နယ်တို့တွင် GTI အဆင့်သက်မွေးပညာသင်ကျောင်းသစ်များ ဖွင့်လှစ်ရန် ပညာရေးဝန်ကြီးဌာနက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ပူးပေါင်းကာ စတင်ဆောင်ရွက်နေပါသည်။

 

အနောက်ပိုင်းခရိုင်တွင် သက်မွေးသင်တန်းကျောင်းသစ်ဖွင့်လှစ်မည့်နယ်မြေကို ဒလမြို့နယ် (သို့) ကြည့်မြင်တိုင်မြို့နယ် (သို့) ရန်ကုန်တိုင်း ဒေသကြီး၏ စီးပွားရေးအတွက် အထောက်အကူပြုနိုင်မည့် မြို့နယ်ဖွင့်လှစ်ရန် ရွေးချယ်ခဲ့ရာ ဒလမြို့နယ်တွင် ဖွင့်လှစ်ရန်မေလ () ရက်က ဆုံးဖြတ်ခဲ့ပါသည်။

 

ယခင်က နည်းပညာနှင့် သက်မွေးသင်တန်းကျောင်းများကို နယ်မြေဖွံ့ဖြိုးရေးရည်ရွယ်ချက်ဖြင့် တောင်ပေါ်ဒေသများ၊ ဝေးလံခေါင်ဖျား ဒေသများတွင် ဖွင့်လှစ်သော်လည်း လက်ရှိတွင် ဒေသစီးပွားရေးလုပ်ငန်းများ၏ ကျွမ်းကျင် လုပ်သား လိုအပ်ချက်အရ ကျောင်းသစ်များ ဖွင့်လှစ်ရန်မူဝါဒချထားခဲ့ပါသည်။

 

အရင်တုန်းကတော့ Supply Basic ပေါ့။ နယ်မြေဖွံ့ဖြိုးအောင် ရှမ်း၊ တီးတိန်တို့မှာ ဘဏ္ဍာငွေသုံးပြီး ဖွင့်ပါတယ်။ အခုဒီဘက်ခေတ်မှာ Demand Basic ပေါ့။ ဘယ်နေရာကလိုလဲ၊ လိုတဲ့နေရာဖြည့်ပါတ်ယ်။ နောင်လာမယ့်နှစ်တွေမှာ ရန်ကုန်တိုင်းဒေသကြီးတွေက မရောဂျက်ဧရိယာတွေ ဖြစ်ပါမယ် "ဟု ဦးဝင်းမော်ထွန်းက ၂၀၁၈ ဇူလှိုင်က 7Day သတင်းစာ၏ မေးမြန်းမှုကို ဖြေကြားထားပါသည်။

 

Read More : "ရန်ကုန်တက္ကသိုလ်မှ မေလနှင့် ဇွန်လတို့တွင် ဖွင့်လှစ်မည့် ဘွဲ့လွန်ဒီပလိုမာသင်တန်းများ"

 

လက်ရှိတွင် ရန်ကုန်တိုင်း ဒေသကြီးတွင် ရွှေပြည်သာနှင့် အင်းစိန်မြို့နယ်တွင် အစိုးရစက်မှုလက်မှုသိပံ္ပနှစ်ကျောင်း၊ ရွာမတွင် အစိုးရနည်းပညာအထက်တန်းကျောင်းတစ်ကျောင်း၊ ဗဟန်းမြို့နယ်တွင် စင်ကာပူ-မြန်မာ သက်မွေးပညာသင်တန်းကျောင်းနှင့် စက်မှုနည်းပညာလေ့ကျင့်သင်ကြားရေးသင်တန်းကျောင်း၊ အင်းစိန်မြို့နယ်တွင် ဂျပန်-မြန်မာ သက်မွေးပညာသင်တန်းကျောင်းများဖွင့်လှစ်ထားပါသည်။

 

သက်မွေးပညာသင်ကျောင်းများတွင် အင်ဂျင်နီယာ၊ အဆောက်အအုံနည်းပညာ၊ အိမ်တွင်းစက်မှုလက်မှုသင်တန်းများကို ကာလတိုနှင့် ကာလရှည်သင်တန်းများပို့ချနေပါသည်။

 

 

source: 7Day News Journal

 

 

 

 

News Read 2023 times