Sales Hotline : 09448001653       Download App



အစိုးရနည်းပညာအထက်တန်းအောင်မြင်ပြီးသူများလည်း A.G.T.I ဒီပလိုမာ (ညနေပိုင်း) လျှောက်ထားနိုင်

**Unicode**

အစိုးရ စက်မှုလက်မှုသိပ္ပံ (မန္တလေး) တွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် A.G.T.I ဒီပလိုမာ ညနေပိုင်း (ပထမနှစ်) သင်တန်းသားများခေါ်ယူရာတွင် အစိုးရနည်းပညာအထက်တန်း အောင်မြင်ပြီးသူများပါ လျှောက်ထားနိုင်ကြောင်း ပညာရေးဝန်ကြီးဌာန နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ သိရပါတယ်။


လျှောက်ထားသူများအနေဖြင့် ကျန်းမာရေးကောင်းမွန်ပြီး လက်တွေ့လုပ်ငန်းနှင့် စက်ရုံ၊ ကုမ္ပဏီများသို့ ကွင်းဆင်းဆောင်ရွက်နိုင်သူဖြစ်ရပါမည်။


တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒဘာသာများပါဝင်သော မည်သည့်ဘာသာတွဲဖြင့် အောင်မြင်သည်ဖြစ်စေ လျှောက်ထားနိုင်ပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ရရှိခဲ့သည့် အင်္ဂလိပ်နှင့်သင်္ချာစုစုပေါင်းရမှတ် ပေါ်မူတည်၍ ရွေးချယ်မည်ဖြစ်ပါတယ်။


သင်ကြားပေးမည့် သင်တန်းများမှာ မြို့ပြအင်ဂျင်နီယာ၊ အီလက်ထရွန်နစ်အင်ဂျင်နီယာ၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ၊ စက်မှုအင်ဂျင်နီယာနှင့် သုတနည်းပညာတို့ဖြစ်ပြီး သင်တန်းကာလမှာ (၃) နှစ်ဖြစ်ပါတယ်။


သင်တန်းပြီးဆုံးပက A.G.T.I ဒီပလိုမာအောင်လက်မှတ်ပေးအပ်မည်ဖြစ်ပါတယ်။
ဝင်ခွင့်လျှောက်လွှာများကို အစိုးရစက်မှုလက်မှုသိပ္ပံ (မန္တလေး)တွင် နိုဝင်ဘာ (၁၃) ရက်တွင်စတင်ထုတ်ယူနိုင်ပြီး လျှောက်လွှာများကို ဒီဇင်ဘာ (၂) ရက်နောက်ဆုံးထား ပြန်လည်ပေးပို့ပေးရမည်ဖြစ်ပါတယ်။


လျှောက်ထားသူသည် နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ၊ ကျန်းမာရေးကောင်းမွန်ကြောင်းထောက်ခံချက်မူရင်း၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သည့် အမှတ်စာရင်းမူရင်း၊ အစိုးရနည်းပညာအထက် အောင်မြင်သူဖြစ်ပါက သက်ဆိုင်ရာ ကျောင်းများမှ အောင်လက်မှတ် (သို့) အောင်မြင်ကြောင်းထောက်ခံချက်မူရင်း၊ အိမ်ထောင်စုစာရင်းမိတ္တူနှင့် ပတ်စ်ပို့အရွယ် ရောင်စုံဓာတ်ပုံ (၃) ပုံတို့ကို ပူးတွဲလျှောက်ထားရမည်ဖြစ်ပါတယ်။

Read More:>>>> (English) Sets (4) တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား/သူများအတွက် လေ့ကျင့်ရန်

အသေးစိတ်သိရှိလိုပါက အစိုးရစက်မှုလက်မှုသိပ္ပံ (မန္တလေး) ဖုန်းနံပါတ်၊ ၀၉-၇၇၆၆၈၀၂၃၉ သို့ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
Credit: မြဝတီ

**Zawgyi**












Read More:>>> (English) Sets (4) တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား/သူများအတွက် လေ့ကျင့်ရန်

Credit: မြဝတီ

News Tips Latest Post Read 3228 times