Sales Hotline : 09448001653    



Google ၏ ‌ခြေလှမ်းသစ်ကြောင့် တက္ကသိုလ်များ ထိုအစီအစဉ်ပေါ် အာရုံစိုက်နေရ

မကြာသေးမီက Google၏ Google Career Certificates အစီအစဉ်ကိုကြေငြာခဲ့ပြီးနောက် အဆင့်မြင့်ပညာရေးနယ်ပယ်တွင် ဂယက်ရိုက်လျက်ရှိပါသည်။

ဂူဂဲလ်သည် ၎င်း၏ ကြီးမားသောဆောင်ရွက်ချက်များအကြားတွင် ယခုအခါ တက္ကသိုလ် အဖြစ် စတင်လှုပ်ရှားနေပြီဖြစ်ပြီး သင်တန်းကာလ ‌ခြောက်လခန့်အတွင်း ပရော်ဖက်ရှင်နယ်ကျသည်အထိသင်ယူနိုင်ပြီး အလုပ်အကိုင်ရရန်လွယ်ကူလာမည်ဖြစ်သည်။

Data Analyst တစ်ဦးဖြစ်ချင်ပါသလား။ ကျွမ်းကျင်သည့် UX Designer တစ်ဦးအနေနှင့် အသက်မွေးချင်ပါသလား။ Project Manager တစ်‌ယောက်အဖြစ် ရပ်တည်ချင်ပါသလား။

နည်းပညာများ တိုးတက်လာပြီးနောက်တွင် အထက်ပါ လစာကောင်းသော အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ မရှိမဖြစ်ဖြစ်လာမှာ ဖြစ်ပါသည်။ ထိုကဲ့သို့ ပရော်ဖက်ရှင်နယ်တစ်ယောက်ဖြစ်ရန် ကောလိပ်ဒီဂရီလက်မှတ်များလည်း မလိုအပ်ဘဲ တက်ရောက်နိုင်သော သင်တန်းကို ဂူဂဲလ် မှ မိတ်ဆက်ထားပေးပြီး ဖြစ်သည်။

သို့သော် ကျောင်းသားများအနေဖြင့် ခြောက်လတက်ရုံဖြင့်ရမည့် Google Certificate အတွက် Princetonကဲ့သို့ ကျောင်းများမှ ထွက်ကြမည်တော့ မဟုတ်ပါ။

"အဆင့်မြင့်ပညာရေးသည်ကျောင်းသားများအတွက် တစ်ခုတည်းသောရွေးချယ်စရာမဟုတ်တော့ပါဘူး။"

ဂူဂဲလ်၏အလုပ်ရှာဖွေရေးအသိအမှတ်ပြုလက်မှတ်များသည် နဂိုရှိပြီးသားအသိအမှတ်ပြုလက်မှတ်များသာလျှင် အဆင့်မြင့် ပညာရေးကို တက်လှမ်းနိုင်ကြောင်း ဆိုသည်မှာ မဟုတ်မှန်ကြောင်းကို ပြသနေသည်။

သို့သော် အဆင့်မြင့်ပညာရေး နယ်ပယ်သို့ဝင်ရန် ပရော်ဖက်ရှင်နယ်ကျသော အခြားသောရွေးချယ်စရာများစွာရှိနေပါသေးသည်။ ဂူဂဲလ်မှသိထားသည်မှာအလုပ်ရှင်များသည်အသိအမှတ်ပြုခြင်းကိုဂရုမစိုက်ဘဲ အရည်အချင်ရှိခြင်းကိုသာ ဂရုစိုက်ခြင်းဆိုသည့် အကြောင်းအရာ ပင်ဖြစ်သည်။

အဆိုပါသင်တန်းနှင့် ပတ်သက်၍ ဂူဂဲလ်သည် ၎င်း၏အမှတ်တံဆိပ်အသိအမှတ်ပြုမှုဖြင့် တကယ့်တန်ဖိုးရှိသည့်အထောက်အထားများကိုကမ်းလှမ်းထားသည်။

အနှစ်သာရအားဖြင့်ဂူးဂဲလ်သည် ဈေးကွက်တွင်ရှိသည့် အလုပ်နှင့် ၎င်းအလုပ်နှင့် ကိုက်ညီသည့် လူများကြားကွာဟမှုကို ဖြေရှင်းရန် ကြိုးစားနေခြင်းဖြစ်သည်။

ထိုပြဿနာကို ဖြေရှင်းရန် ဂူဂဲလ်အလုပ်ရှာဖွေရေးအသိအမှတ်ပြုလက်မှတ်ပရိုဂရမ်သည် အွန်လိုင်းမှ တဆင့် လိုအပ်နေသည့်အရည်အချင်းများကို ထိထိ‌ရောက်ရောက်၊ လွယ်ကူလျင်မြန်စွာ သင်ကြားပေးနိုင်ရန် ကြိုးစားနေခြင်းဖြစ်သည်။

အများစုကတော့ ဒါဟာ ကျောင်းနှင့် သက်မွေးကျောင်းများအတွက် အခြားသော ကုန်သွယ်နည်း ဖြစ်သည်ဟု ထင်ကြေးပေးနေကြသည်။ ဒါဟာ မှားကောင်းမှားနိင်ပါသည်။

ထိုကဲ့သို့သောကုန်သွယ်နည်းများနှင့် ကျောင်းများသည် ကျောင်းသူကျောင်းသားများ ကို လခမြင့်သော လျှပ်စစ်ပညာရှင် သို့မဟုတ် ရေပိုက်သမား အဖြစ်သို့ ရောက်စေမည်ဖြစ်သည်။

ဂူဂဲလ်အသက်မွေးဝမ်းကြောင်းလက်မှတ်များအစီအစဉ်တွင် ဂူဂဲလ်သည် အနည်းငယ်ကွဲပြားသည့် လူများကို ဦးတည်ထားပုံရပါသည်။

နယ်ပယ်တစ်ခုတွင် ပရော်ဖက်ရှင်နယ် ဖြစ်ချင်သူ သို့မဟုတ် နည်းပညာကိုဦးစားပေးထားသည့် ကုန်သွယ်ရေးကို စိတ်ဝင်စားသူများ အတွက် ဖြစ်သည်။

"အဆင့်မြင့်ပညာရေး အတွက် ရွေးချယ်စရာ အမျိုးမျိုးရှိသင့်သည်။"

လူတန်းစား အမျိုးမျိုး အတွက် အသက်မွေးဝမ်းကြောင်းဆိုင်ရာ အမျိုးမျိုးသော အထောက်အထားများ၊ ဒီဂရီများနှင့်လက်မှတ်များ ရရှိရန် လိုကြောင်းပြသနေသည်။

လေးနှစ်ဘွဲ့အတွက်စိတ်၀င်စားသူများကို အမြဲတမ်းတွေ့ နေရမည်ဖြစ်ပြီး ဒါဟာ တက္ကသိုလ်များနှင့်ကောလိပ်များအတွက် ကောင်းမွန်သည့် အဓိကသော့ချက်ဖြစ်သည်။

သို့သော်ကျောင်းသားများသည် လမ်းကြောင်းအသစ်များကို အမြဲတမ်းရှာဖွေနေကြပြီး ထို အတွက်လည်း အမြဲပြင်ဆင်ထားကြသည်။

ထို့ကြောင့် တက္ကသိုလ်များသည် ၎င်းတို့အတွက်ဖိအားအနေဖြင့် ခြောက်လ၊ တစ်နှစ် (သို့) လေးနှစ်အစီအစဉ်များကို စီစဉ်ပေးရန် တောင်းဆိုမှုများနှင့် ကြုံတွေ့လာနိုင်ဖွယ်ရှိသည်။

အလားတူပင်အဆင့်မြင့်ပညာရေးသည်အထောက်အထားများနှင့်ဒီဂရီများ တစ်ခုတည်း ပိုင်ဆိုင်ထားရုံနှင့် အကုန်အဆင်ပြေသည့် အခြေအနေကိုမကမ်းလှမ်းနိုင်တော့ပါ။

ကျောင်းသားများသည် ပညာရေးကိုသူတို့လိုချင်သည့်ပုံစံနှင့်မည်သည့်အချိန်တွင်လိုချင်သည်ကိုပိုမိုတောင်းဆိုလာကြမည် ဖြစ်သည်။

"ရိုးရာအဆင့်မြင့်ပညာရေးဌာနများသည် ယခုဂူဂဲလ်၏အစီအစဉ်ကို စိတ်လှုပ်ရှားသင့်သလား။"

၎င်းတို့ အနေဖြင့် စိတ်မလှုပ်ရှားသင့်သော်လည်း အထူးဂရုပြုသင့်သည်ဟု ထင်ပါသည်။

ဂူဂဲလ်၏ ခြေလှမ်းသစ်သည် ခြိမ်းခြောက်မှုတစ်ခုသို့မဟုတ်အခွင့်အလမ်း တစ်ခုလည်း ဖြစ်နိုင်သောကြောင့် ဖြစ်သည်။

ခြိမ်းခြောက်မှုဟု ဆိုရာတွင် ဂူးဂဲလ်၏လှုပ်ရှားမှုများသည် မည်သည့်နယ်ပယ်တွင်မဆို သက်ရောက် နိုင်သောကြောင့် ဖြစ်သည်။ ကျောင်းသားများအနေဖြင့် မည်သည့်အချိန်တွင်သူတို့လိုအပ်သည်နှင့်လိုအပ်သောပညာရေးကိုမည်ကဲ့သို့ရရှိမည်ကိုရွေးချယ်ရန် ရွေးချယ်စရာများပိုမိုများပြားလာသည်နှင့်အမျှ တက္ကသိုလ်များသည်လည်း ထိုလိုအပ်ချက်များကို ဖြည့်ဆည်းရန် အစီအစဉ်များကို ကမ်းလှမ်းသင့်သည်။ ထိုအရာသည် ကောလိပ်များပိုမိုတိုးတက်ကောင်းမွန်လာအောင် မည်သို့လည်ပတ်ရမည့် အစိတ်အပိုင်း တစ်ခု ဖြစ်လာ ပေလိမ့်မည်။

အခွင့်အလမ်းတစ်ရပ်အနေဖြင့် ကောလိပ်များနှင့်တက္ကသိုလ်များသည် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ရမည်နှင့် ထိုသို့ဆောင်ရွက် နိုင်ရန် နည်းအသစ်များကို မည်ကဲ့သို့ ဆောင်ရွက်ရမည်ကိုတိုးချဲ့ဆောင်ရွက် ရမည်ကို ပြန်လည်စဉ်းစား ရမည်ဖြစ်သည်။ ကောလိပ်နှင့်တက္ကသိုလ်များသည် အစဉ်အလာအရ ဒီဂရီအစီအစဉ်များကိုပိုမိုလွယ်ကူစွာဖြင့် ပိုမိုဆီလျော်မှုရှိစေပြီးပိုမိုကျယ်ပြန့်သော အကျိုးသက်ရောက်မှူများ လူအများအပေါ် ရောက် ရှိနိုင်ရန် ပိုမိုပြောင်းလွယ်ပြင်လွယ်သောအရည်အချင်းများဖြင့်ဖြည့်စွက်ရန်အခွင့်အလမ်းများရှိလာမည် ဖြစ်သည်။

ဂူဂဲလ်ဖန်တီးခဲ့သောအခွင့်အလမ်းကိုမြင်သောကောလိပ်များနှင့်တက္ကသိုလ်များသည်ကျောင်းသားများအား ပိုမိုကောင်းမွန်သော ၀န်ဆောင်မှုပေးခြင်းနှင့်၎င်းတို့နှင့်သက်ဆိုင်မှုတိုးမြှင့်ခြင်းများပြုလုပ်လိမ့်မည် ဖြစ်သည်။

By Myanmar Education Guide- EDGE

Ref: Business Insider

Latest Post News Read 2804 times