ကိုရီးယားတက္ကသိုလ်တစ်ခုခုမှာ ဝင်ခွင့်ရထားတဲ့ မြန်မာကျောင်းသားတွေအတွက် ပညာသင်ဆု

ကိုရီးယားနိုင်ငံက တက္ကသိုလ်တစ်ခုခုမှာ ဘွဲ့ကြို၊ မဟာဘွဲ့နဲ့ ဒေါက်တာဘွဲ့ (ကိုရီးယားဘာသာစကားသင်တန်းမပါ) တက်ရောက်ခွင့်ရရှိထားပြီး ကျောင်းလခနဲ့ နေထိုင်စရိတ် အခက်အခဲရှိနေတယ်ဆိုရင် မြန်မာသံရုံး၊  ဆိုးလ်မြို့မှာ "Global Elim Foundation Scholarship (GEFS)" ပညာသင်ဆုကို လျှောက်ထားနိုင်ပါတယ်။ 

ဒီပညာသင်ဆုကို မြန်မာကျောင်းသား/ကျောင်းသူ (၂) ဦးအတွက် စိစစ်ရွေးချယ်ပေးအပ်မှာဖြစ်ပြီး သတ်မှတ်အရည်အချင်းနဲ့ ကိုက်ညီသူတွေဟာ ပညာသင်ဆုလျှောက်လွှာနဲ့တကွ ဖော်ပြပါ စာရွက်စာတမ်းတွေကို မြန်မာသံရုံး၊ ဆိုးလ်မြို့ (လိပ်စာ Hannam-daero 28-gil 12, Yongsan-gu, Seoul, 04418) မှာ လူကိုယ်တိုင်သွားရောက်ပြီးဖြစ်စေ၊ စာတိုက်ကဖြစ်စေ ဇူလိုင်လ (၂၅) ရက်၊ ကိုရီးယားစံတော်ချိန် (၄) နာရီ နောက်ဆုံးထားပြီး ပေးပို့လျှောက်ထားနိုင်ပါတယ်။

ပညာသင်ဆုလျှောက်လွှာ

ပူးတွဲတင်ပြရမည့် စာရွက်စာတမ်းများ

  • နိုင်ငံကူးလက်မှတ်
  • တက္ကသိုလ်/ကောလိပ် ဝင်ခွင့်
  • တက္ကသိုလ်/ကောလိပ်မှ Counselor (သို့မဟုတ်) ပါမောက္ခလက်မှတ်
  • သံရုံးမှ ထောက်ခံချက်

သတ်မှတ်ရက်အတွင်း လျှောက်ထားရမှာဖြစ်ပြီး ရွေးချယ်ခံရသူတွေဟာ ဆိုးလ်မြို့မှာ ဩဂုတ်လ (၂၁) ရက်နေ့ကျရင် ကျင်းပမယ့် ပညာသင်ဆုချီးမြှင့်ပွဲအခမ်းအနားကို တက်ရောက်ရမှာ ဖြစ်ပါတယ်။ 

Source - မြန်မာသံရုံး (ဆိုးလ်)

======================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

International Latest Post Local Read 381 times