ကိုယ်ပိုင်ကျောင်းဆရာမှတ်ပုံတင် လက်မှတ်ထုတ်ပေးခြင်း

ကိုယ်ပိုင်ကျောင်းဆရာမှတ်ပုံတင် လက်မှတ်ထုတ်ပေးခြင်း

၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ကိုယ်ပိုင်ကျောင်းများတွင် စာသင်မည့်ဆရာများအတွက် ဇူလှိုင်ဒုတိယပတ်မှစ၍ ကိုယ်ပိုင်ကျောင်းဆရာမှတ်ပုံတင် လက်မှတ်များထုတ်ပေးမည်ဟု အခြေခံပညာဦးစီးဌာနမှ ကြေညာထားပါသည်။

 

ယခုပညာသင်နှစ်အတွက် ကိုယ်ပိုင်ကျောင်းဆရာမှတ်ပုံတင်လက်မှတ် လျှောက်ထားပြီး လူတွေ့စစ်ဆေးမှုအောင်မြင်သူများသည် မှတ်ပုံတင်ကြေး၊ နှစ်စဉ်ကြေးများပေးသွင်းကာ ကိုယ်ပိုင်ကျောင်းဆရာမှတ်ပုံတတင်လက်မှတ်ကို တိုင်းဒေသကြီးနှင့်ပြည်နယ်ပညာရေးမှူးရုံးများတွင် ထုတ်ယူရမည်ဟု အခြေခံပညာဦးစီးဌာနက ကြေညာထားပါသည်။

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုယ်ပိုင်ကျောင်းဆရာမှတ်ပုံတင်လျှောက်ထားသူများကို ဇူလှိုင် () ရက်မှ (၂၅) ရက်အတွင်းတစ်ကြိမ်၊ သြဂုတ် () ရက်မှ (၂၅) ရက်အတွင်းတစ်ကြိမ် ကိုယ်ပိုင်ကျောင်းဆရာမှတ်ပုံတင်လက်မှတ်ထုတ်ပေးမည်ဟု ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးကကြေညာထားပါသည်။

 

ကိုယ်ပိုင်ကျောင်းဆရာမှတ်ပုံတင်လက်မှတ်ထုတ်ပေးခြင်းကို တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးရုံးများက တစ်နှစ်တစ်ကြိမ်ဆောင်ရွက်ပြီး ကိုယ်ပိုင်ကျောင်းဆရာမှတ်ပုံတင်လက်မှတ်စထုတ်ပေးစဉ် မှတ်ပုံတင်ကြေး ကျပ်(၅ သောင်း)ပေးသွင်းရသည်။

 

မှတ်ပုံတင်လက်မှတ်ရထားပြီးပါက နှစ်စဉ်ကြေး ကျပ် (၃ သောင်း) ကို တစ်နှစ်တစ်ကြိမ်ပေးသွင်းရသည်ဟု ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးလက်ထောက်ညွှန်ကြားရေးမှူးဒေါက်တာအောင်ကိုကိုက ဆိုပါသည်။

 

ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်ဥပဒေတွင် ကိုယ်ပိုင်ကျောင်းများတွင် သင်ကြားသောဆရာသည် ကိုယ်ပိုင်ကျောင်းဆရာမှတ်ပုံတင် လက်မှတ်ရရှိထားရမည်ဖြစ်ပြီး ဘာသာရပ်အလိုက်သင်ကြားမည့် ကျောင်းဆရာဦးရေ လုံလောက်မှသာ ကိုယ်ပိုင်ကျောင်းတည်ထောင်ဖွင့်လှစ်ခြင်း၊ သက်တမ်းတိုးခြင်း၊ ကျောင်းအဆင့်တိုးခြင်းများ ဆောင်ရွက်ပေးမည်ဟု ဖော်ပြထားပါသည်။

 

အထက်တန်းအဆင့်သင်ကိုယ်ပိုင်ကျောင်းဆရာ မှတ်ပုံတင်အတွက် ပညာရေးဘွဲ့၊ သင်ကြားမည့် ဘာသာရပ်နှင့်သက်ဆိုင်သည့် ဘွဲ့ရရှိထားသူများကို လျှောက်ထားခွင့်ပြုထားပြီး အလယ်တန်းနှင့်မူလတန်းအဆင့်သင် ကိုယ်ပိုင်ကျောင်းဆရာလက်မှတ်အတွက် ထိုသတ်မှတ်ချက်အပြင် ဆရာအတတ်ပညာဒီပလိုမာ(သို့) လက်မှတ်ရရှိထားရမည်ဖြစ်ပါသည်။

 

ထို့အပြင်ဘွဲ့ရရှိထားပြီး တက္ကသိုလ်၊ ကောလိပ်၊ အခြေခံပညာကျောင်းများတွင် ဆရာအဖြစ်အနည်းဆုံးလုပ်သက် ()နှစ်ရှိသူများသည် လျှောက်နိုင်သည်ဟု သတ်မှတ်ထားသည်။

 

Read More: ဝင်ခွင့်လျှောက်လွှာများကို သတ်မှတ်ရက်မတိုင်ခင် လျှောက်ထားပေးရန်

 

ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများကို ၂၀၁၂-၂၀၁၃ ပညာသင်နှစ်တွက် စတင်ဖွင့်လှစ်ခွင့်ပြုခဲ့ပါသည်။ မြန်မာနိုင်ငံလုံးဆိုင်ရာဆရာ၊ ဆရာမများအဖွဲ့ချုပ် ပုဂ္ဂလိကဆရာအစုအဖွဲ့၏ မှတ်တမ်းအရတစ်နိုင်ငံလုံးတွင် ကိုယ်ပိုင်ကျောင်းဆရာ မှတ်ပုံတင်လက်မှတ်လျှောက်ထားသူ (၇၀,၀၀၀) ကျော်ရှိသည်။

 

၂၀၁၇ အထိပညာရေးဝန်ကြီးဌာနက လက်မှတ်ချထားပေးသည့် အရေအတွက် (,၀၀၀) ကျော်ရှိပါသည်။

 

Source: 7Day News

 

News Read 2319 times