Sales Hotline : 09448001653       Download App



ဗိုလ်ချုပ်အောင်ဆန်းနှင့် ဦးသန့်အကြောင်း တတိယတန်းစနစ်သစ်သင်ရိုးတွင် ပါဝင်မည်

ဗိုလ်ချုပ်အောင်ဆန်းနှင့် ဦးသန့်အကြောင်း တတိယတန်းစနစ်သစ်သင်ရိုးတွင် ပါဝင်မည်

တတိယတန်းစနစ်သစ် သင်ရိုးတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဦးသန့်အကြောင်းများပါဝင်မည် ဖြစ်ပြီး ကလေးငယ်များ အတွက်လိုအပ်နေသော သင်ခန်းစာများဖြစ်သည်ဟု ဆရာ/ဆရာမများ ပြောကြားပါသည်။

 

အဆိုပါ တတိယတန်းသင်ရိုးသစ် လူမူရေးဘာသာရပ်တွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ခေါင်းစဉ်ဖြင့် သင်ခန်းစာ၊ ငြိမ်းချမ်းရေးဗိသုကာ ဦးသန့် ခေါင်းစဉ်ဖြင့် သင်ခန်းစာတို့ပါဝင်လာမည်ဖြစ်ကာ ကလေးများ နားလည်စေရန် ရုပ်ပုံများဖြင့် သင်ကြားမည့် အတ္ထုပ္ပတ္တိအကြောင်း အရာဖြစ်ကြောင်းသိရပါသည်။

 

ဗိုလ်ချုပ်အောင်ဆန်း အကြောင်းနှင့် ဦးသန့်အကြောင်းပါမယ်။ ဗိုလ်ချုပ်အောင်ဆန်းကို လွတ်လပ်ရေးဗိသုကာ၊ ဦးသန့်ကို ငြိမ်းချမ်းရေးဗိသုကာ လို့ပဲ သုံးပါတယ်။ ဒီနှစ်ယောက်ကတော့ ကျွန်တော်တို့နိုင်ငံမှာ အရမ်းကို လေးစားရမယ့် ခေါင်းဆောင်တွေပါပဲ။ အထူးခြားဆုံးက ဗိုလ်ချုပ်အောင်ဆန်းအကြောင်းက အရင်တုန်းက လေးတန်းလောက်မှာ သင်ဖူးတယ်။ သုံးတန်းလောက်မှာက ကဗျာကလေးတွေပေါ့။ ဦးသန့်အကြောင်းကတော့ သင်ရိုးသစ်မှာ ပထမဆုံးဖော်ပြခံရတဲ့ အတ္ထုပ္ပတ္တိပါပဲ။ ဆရာမင်းသုဝဏ်ကဗျာလေးလိုပေါ့။

 

မြန်မာနိုင်ငံက လယ်စောင့်တဲဆိုရင် ဗိုလ်ချုပ်အောင်ဆန်းက ကြာနီ၊ ဦးသန့်ကတော့ ကြာဖြူတစ်ပွင့်ဖြစ်ပါမယ်လို့ ဒီလိုခံစားမိတယ်။ ဒီသင်ရိုးသစ်ဟာ ကလေးတွေအတွက် အင်မတန်ကောင်းတယ် အင်မတန်လေးစားလောက်သူတွေရဲ့ အတ္ထုပ္ပတ္တိုကို ဖတ်ချင်စဖွယ်ရုပ်ပုံတွေနဲ့ ဖော်ပြထားတယ်" ဟုပြည်မြို့နယ် ဒုတိယပညာရေးမှူးဦးအေးလွင်က ပြောကြားပါသည်။

 

Read More:ထိုင်းအစားအသောက်များကို ကြိုက်နှစ်သက်သူများအတွက် အစားအသောက်ဆိုင်ရာသင်တန်း

 

ယင်းသင်ရိုးသစ်တွင် ဘာသာရပ် (၁၀) ခုပါဝင်မည်ဖြစ်ကာ အားလုံးမှာသင်ရိုးဝင်ဘာသာရပ်များအဖြစ် မဖြစ်မနေသင်ကြားရမည့် ဘာသာရပ်များအဖြစ်ဆရာ/ဆရာမများက စောင့်ကြည့်ကာ အကဲဖြတ်ပေးနေရမည် ဖြစ်ကြောင်း၎င်းက ပြောကြားပါသည်။

 

Source; Daily Eleven

 

 

News Read 1926 times