Sales Hotline : 09448001653       Download App



ဧရာဝတီတိုင်းတွင် သက်မွေးပညာသင်တန်းများအခမဲ့ဖွင့်လှစ်မည်




Source: မြဝတီ

 

**Unicode**

 

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် ကြောင်ပန်းကုန်းကျေးရွာ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု သင်တန်းများဖြစ်သော ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်းများ (ဧည့်ကြို၊ အိပ်ခန်းဆောင်၊ အစားအစာနှင့်အဖျော်ယမကာ ဝန်ဆောင်မှု) နှင့် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းတို့ကို အခမဲ့ဖွင့်လှစ်သင်ကြားမည်ဖြစ်ကြောင်းသိရသည်။

အိမ်တွင်းမှုသင်တန်းအတွက် အသက် (၁၆) နှစ်မှ (၃၀) နှစ်ကြား၊ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာသင်တန်း (၃) မျိုးအတွက် အသက် (၁၈) နှစ်မှ (၂၅) နှစ်ကြားရှိပြီး ပညာအရည်အချင်းအနေဖြင့် အနိမ့်ဆုံးအဌမတန်းအောင်မြင်ပြီးသူများ တက်ရောက်နိုင်ကြောင်းသိရသည်။

ဟိုတယ်ဝန်ဆောင်မှုသင်တန်း (၃) မျိုးကို စာတွေ့ (၃) လ၊ လက်တွေ့ (၃) လဖြင့် နိုဝင်ဘာ (၁၃) ရက်မှ (၂၀၂၀) ပြည့်နှစ် မေ (၈) ရက်အထိလည်းကောင်း၊ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းကို နိုဝင်ဘာ (၁၃) ရက်မှ (၂၀၂၀) ပြည့်နှစ် မတ် (၁၃) ရက်ထိလည်းကောင်း ဖွင့်လှစ်မည်ဖြစ်ကြောင်းသိရသည်။

Source: မြဝတီ

News Latest Post Read 1726 times