Sales Hotline : 09448001653       Download App



တက္ကသိုလ်ဝင်တန်းကျောင်းသင်ခန်းစာများကို အခမဲ့စတင်ထုတ်လွှင့်မည်

တက္ကသိုလ်ဝင်တန်း ကျောင်းသားကျောင်းသူများအတွက် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များနှင့် အညီ Online သင်ခန်းစာများကို Facebook LIVE ဖြင့် အခြေခံပညာဦးစီးဌာန သင်ရိုးညွှန်းတမ်းများနှင့်အညီ MM classroom မှ အခမဲ့ထုတ်လွှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

တက္ကသိုလ်ဝင်တန်းသင်ရိုးဟောင်း (Grade-11) နှင့် ဒသမတန်းသင်ရိုးသစ် (Grade-10) တို့အတွက် MM Classroom မှ ဝါရင့်အတွေ့အကြုံရှိ ဆရာမကြီးများကိုယ်တိုင် သင်ကြားပေးထားသော သင်ရိုးကုန်(အပြည့်အစုံ) ဗီဒီယို သင်ခန်းစာများကို နည်းပညာအသုံးပြုပြီး နားလည်စိတ်ဝင်စားလွယ်အောင် အွန်လိုင်းမှတစ်ဆင့် စာသင်ကြား နိုင်မည့် စာသင်ခန်းတစ်ခုဖြစ်သည်။ 

သင်ယူလေ့လာရာတွင် ပိုမိုအကျိုးရှိစေရန် ကျောင်းသားကျောင်းသူများ၏ နားလည်မှု၊ တတ်ကျွမ်းမှုကို ဆန်းစစ်ပေးနိုင်မည့် Quiz များ၊ ရှင်းပြချက်များ၊ ထည့်သွင်းထားသည်။ ထို့ပြင် ခက်ခဲသည့်မေးခွန်းများကို တစ်ဆင့်ချင်းစီ ရှင်းပြပေးနိုင်မည့် Question Training ဗီဒီယိုများကိုလည်း ထည့်သွင်းပေးထားပြီး ကောင်းမွန်သော သင်ခန်းစာများကို အင်တာနက်မှတစ်ဆင့် အချိန်မရွေး၊ နေရာမရွေး၊ မည်သူမဆို အလွယ်တကူ လေ့လာသင်ယူ နိုင်ရန်အတွက် ဖြန့်ဝေပေးလိုခြင်းဖြစ်ကြောင်း MM Classroom တည်ထောင်သူနှင့် CEO ဖြစ်သူ ဦးရဲသီဟသန့် ၏ ပြောကြားချက်အရ သိရသည်။

ကိုဗစ်-၁၉ ရောဂါကြုံတွေ့နေရသည့် ကာလတွင် ကျောင်းများ၊ ဆရာများနှင့် ကျောင်းသား ကျောင်းသူများအတွက် သင်ကြားရေးနှင့် နည်းပညာအခက်အခဲများကို ကူညီဆောင်ရွက်ပေးရန်ဖြစ်ပြီး MM Classroom Facebook Page တွင်ရှိသည့် ဗီဒီယိုသင်ခန်းစာများကို Facebook.com/mmclassroom တွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။ တက္ကသိုလ်ဝင်တန်း ကျောင်းသင်ခန်းစာများကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၁၆ ရက်နေ့မှ စတင်၍ MM Classroom Facebook LIVE ဖြင့် စတင်ထုတ်လွှင့်နေပြီဖြစ်သည်။ သင်ယူမည့် ကျောင်းသား ကျောင်းသူများအနေဖြင့် မိမိတို့၏ မိုဘိုင်းဖုန်း၊ တက်ဘလက်၊ ကွန်ပျူတာ ၊ လက်တော့များဖြင့် သင်ယူနိုင်မည်ဖြစ်သည်။

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ မိမိတို့နေအိမ်မှနေ၍ ကျောင်းသင်ခန်းစာများကို လွယ်ကူစွာလေ့လာနိုင်ရန် MM Classroom က ကူညီပံပိုးပေး ခြင်းဖြစ်ကြောင်း သိရသည်။

ဆက်စပ်ဖတ်ရှုရန် >>>> ခေတ်သစ်၊ စနစ်သစ်၊ ပညာရေးအသစ်အတွက် MMclassroom စာသင်ခန်း

Source: Myanmar Digital News

Latest Post News Read 899 times