Sales Hotline : 09448001653       Download App



တက်ရောက်ရမည့် တက္ကသိုလ်၊ မေဂျာ မတွေ့သော ကျောင်းသား/သူများအတွက် အကြံပြုချက်

**Zawgyi**


(www.edge.com.mm)

(PTZS)

**Unicode**

တက္ကသိုလ်အသီးသီးမှ ဝင်ခွင့်များကို အောက်တိုဘာ (၂၅) ရက်နေ့တွင် စတင်ကြေညာခဲ့ပြီးဖြစ်ပါတယ်။
ထိုသို့သော ကြေညာချက်တွင် ကျောင်းသား/သူများ အချို့တွင် မိမိတို့ နာမည်များ မပါဝင်သောကြောင့် အခက်အခဲများ၊ စိုးရိမ်ပူပန်မှုများ ဖြစ်နေကြပါတယ်။
အဓိကအနေဖြင့် အကြံပြုလိုပါတယ်။ ကျောင်းသား/သူများသည် မိမိတို့ တက္ကသိုလ်ဝင်ခွင့်ဖောင်တွင် ဦးစားပေးမေဂျာ၊ ဦးစားပေးတက္ကသိုလ် အားလုံးကိုအဆင့်ဆင့်ထည့်သွင်းဖြည့်စွက်ခဲ့ကြပါတယ်။
မေဂျာများတွင် မိမိတို့နာမည် မတွေ့ပါက ကျေောင်းသား/သူများ အဆင့်ဆင့်ထည့်သွင်းဖြည့်စွက်ခဲ့သော မေဂျာ၊ တက္ကသိုလ် အစရှိသည်တို့တွင် အဆင့်ဆင့်အရင်ရှာပါ။
တစ်ခုမဟုတ် တစ်ခုမှာ ကျောင်းသား/သူများ အမည်ပါလာပါလိမ့်မယ်။
အကယ်၍ လုံးဝ မိမိတို့နာမည် "မပါ" မတွေ့ပါက မိမိတို့ တင်လိုက်သော ကျောင်းများတွင် လူကိုယ်တိုင်သွားရောက်စုံစမ်းမေးမြန်းပါ။
ကျောင်းကပိုမိုတိကျမှု ပေးနိုင်ပါတယ်။
ကျောင်းအပ်ရက်မတိုင်မီ တက်ရောက်ရမည့် ကျောင်းနှင့် မေဂျာကြိုတင်သိရပါက ပိုမိုအဆင်ပြေနိုင်ပါတယ်။
အောက်တိုဘာလ (၂၆) ရက်မှစ၍ မေဂျာပြောင်း၊ တက္ကသိုလ်ပြောင်းခြင်းများကို စတင်လက်ခံဆောင်ရွက်ပေးနေပြီဖြစ်ကြောင်းလဲ သိရပါတယ်။
နေ့သင်တန်းမှ အဝေးသင်ပြောင်းလိုသော ကျောင်းသား/သူများ လည်းပြောင်းလဲနိုင်ပါတယ်။
အဝေးသင်ကျောင်းသား/သူများမှာ အဝေးသင်ဝင်ခွင့်များထွက်ပြီးမှသာလျှင် အပြောင်းအလဲများ ပြုလုပ်နိုင်မည်ဖြစ်ပါတယ်။

(www.edge.com.mm)

(PTZS)

 

News Tips Latest Post Read 1861 times