Sales Hotline : 09448001653       Download App



စစ်တွေမှ ပညာရေး ဝန်ထမ်း ၂၀၀၂ ဦးအတွက် စားနပ်ရိက္ခာများ ထောက်ပံ့ပေးမည်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနမှ ဩဂုတ်လ ( ၂၅ ) ရက် နေ့တွင်ထုတ်ပြန်သော ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်သည့်ကာလတွင် ပညာရေးဝန်ထမ်းများအတွက် စားနပ်ရိက္ခာများ ထောက်ပံ့ပေးမည်ဟု သိရပါသည်။ ရခိုင်ပြည်နယ်၊ စစ်တွေ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှု မြန်ဆန်လျက်ရှိပါသည်။

သို့ဖြစ်ပါ၍ စစ်တွေမြို့နယ်အတွင်းရှိ ရခိုင်ပြည်နယ်ပညာရေး မှူးရုံး၊ခရိုင်ပညာရေးမှူးရုံးမြို့နယ်ပညာရေးမှူးရုံး ၊ အခြေခံပညာအထက်တန်းကျောင်းများ ၊ အလယ်တန်းကျောင်းများနှင့် မူလတန်းကျောင်းများတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ပညာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းကို သတိပြုဆောင်ရွက်မည့်ကာလအတွက် စားနပ်ရိက္ခာမျာ းထောက်ပံ့ပေးမည်ဟုသိရပါသည်။

တစ်ဦးလျှင် ဆန်(၁၀) ပြည်၊ ဆီ (၁) ပိသာ၊ ကြက်သွန်နီ (၁) ပိဿာ၊ ကုလားပဲ(၅၀)ကျပ်သားနှင့် သား(၁)ပိသာ ထောက်ပံ့နိုင်ရန်ငွေကျပ် (၃၀၀ဝိ/-) နှုန်းဖြင့် ဝန်ထမ်းဦးရေ (၂၀၁၂) ဦးအတွက်ရန်ပုံငွေကျပ် (၆ဝ,ဝ၆၀) သန်း (ကျပ်ခြောက်ဆယ်သန်းခြောက်သောင်းတိတိ) အား ၂၀၁၉-၂၀၂၀ ခု ၊ ဘဏ္ဍာရေးနှစ်၊ ငွေ စာရင်းခေါင်းစဉ် “၁၉ - ပညာရေး ၊ ၄ - အခြေခံပညာဦးစီးဌာန၊ (၁)ဌာနချုပ်၊ (၀၃၁၄)အစားအစာရိက္ခာ ခေါင်းစဉ်အောက်မှ" ရခိုင်ပြည်နယ်ပညာရေးမှူးရုံး(MD)ခွဲဝေသတ်မှတ်ပေးပါသည်။ 

ထိုသို့ခွဲဝေသတ်မှတ်ပေးသောရန်ပုံငွေများကို သုံးစွဲရာတွင် တည်ဆဲဘဏ္ဍရေး စည်းမျဉ်းစည်းကမ်း များ၊ လုပ်ထုံးလုပ်နည်းညွှန်ကြားချက်များ၊ နည်းဥပဒေများနှင့်အညီ သေချာစွာ စိစစ်၍ သုံးစွဲကြရန် ဖြစ်ပြီး ခွင့်ပြုငွေထက်ပိုမိုသုံးစွဲခြင်း မပြုကြရန် နှင့် လက်ခံရရှိကြောင်း အထောက်အထားများ ပူးတွဲ၍ (၄-၉-၂၀၂၁) ရက်နေ့အရောက် ပြန်လည်တင်ပြရန် အကြောင်းကြားပါသည်။

ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန
နေပြည်တော်

 

Latest Post News Read 591 times