Sales Hotline : 09448001653       Download App



တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားကို ဖေဖော်ဝါရီလ (၂၀) ရက်မှစတင်ထုတ်ယူနိုင်

**Unicode**


(၂၀၂၀) ပြည့်နှစ်၊ မတ်လ (၁၁) ရက်မှ (၂၀) ရက်အထိ ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုခွင့်လျှောက်ထားကြသော ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုခွင့်ကတ်ပြား ထုတ်ယူခြင်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ကြေညာထားသည်။

အဆိုပါ ကြေညာချက်တွင် တိုင်းဒေသကြီး/ပြည်နယ်များရှိ စာစစ်ဌာန အသီးသီးတွင် ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများသည် မိမိတို့၏ ဓာတ်ပုံ ကပ်ထားသည့် ခုံအမှတ်စဉ်ပါသော စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Identity Card) များကို (၂၀၂၀) ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၂၀) ရက် ကြာသပတေးနေ့မှစ၍ ထုတ်ယူကြရမည်ဖြစ်ကြောင်းသိရှိရပါသည်။

အခြေခံပညာအထက်တန်းကျောင်း၊ (ကျောင်းခွဲ) နှင့် (တွဲဖက်) အခြေခံပညာအထက်တန်းကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများသည် မိမိတို့၏ စာမေးပွဲဖြေဆိုခွင့် ကတ်ပြား (Identity Card )များကို မိမိတို့ ကျောင်းအုပ်ကြီးများထံမှ ထုတ်ယူကြရမည်ဖြစ်ပါသည်။

ပြင်ပမှ ဖြေဆိုသူများသည် စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြား (Identity Card) များကို မိမိတို့ ဖြေဆိုရမည့် စာစစ်ဌာန ကြီးကြပ်ရေးမှူးများထံမှ ထုတ်ယူကြရမည်ဖြစ်သည်။

တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုခွင့်လျှောက်ထားသည့် ဘာသာတွဲမှအပ အခြားဘာသာတွဲသို့ ပြောင်းလဲဖြေဆိုခွင့်ပြုမည်မဟုတ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ကြိုတင်ကြေညာထားသည်။

ကျောင်းသား ကျောင်းသူများအနေဖြင့် စာမေးပွဲဖြေဆိုခွင့် ကတ်ပြား (Identity Card) များ ထုတ်ယူရာတွင် အခက်အခဲရှိပါက သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများ၊ စာစစ်ဌာနကြီးကြပ်ရေးမှူးများ၊ မြို့နယ်ပညာရေးမှူးများနှင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနထံ တိုက်ရိုက်စုံစမ်းမေးမြန်းနိုင်ကြောင်း ဖော်ပြထားပါသည်။

ယခင်နှစ်က စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းထားသည့် ကျောင်းသား၊ ကျောင်းသူ ရှစ်သိန်းခွဲခန့်သာရှိသော်လည်း ယခုနှစ်တွင်ဖြေဆိုသူ (၁၂၀,၀၀၀) ခန့်တိုးလာသည်။ ယခင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲအတွက် တစ်နိုင်ငံလုံးတွင် စာစစ်ဌာန (၁,၈၇၇) ခုသာဖွင့်လှစ်ခဲ့သော်လည်း ယခုနှစ်တွင် (၁,၉၉၀) ခုထိတိုးဖွင့်မည်ဟုသိရသည်။

Source: ပညာရေးသတင်းများshareမယ် (Facebook), 7Day News

 

**Zawgyi**

(၂၀၂၀) ျပည့္ႏွစ္၊ မတ္လ (၁၁) ရက္မွ (၂၀) ရက္အထိ က်င္းပမည့္ တကၠသိုလ္ဝင္စာေမးပြဲကို ေျဖဆိုခြင့္ေလွ်ာက္ထားၾကေသာ ေက်ာင္းသား၊ ေက်ာင္းသူမ်ား တကၠသိုလ္ဝင္စာေမးပြဲကို ေျဖဆိုခြင့္ကတ္ျပား ထုတ္ယူျခင္းႏွင့္စပ္လ်ဥ္း၍ ပညာေရးဝန္ႀကီးဌာန၊ ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနမွ ေျကညာထားသည္။

အဆိုပါ ေၾကညာခ်က္တြင္ တိုင္းေဒသႀကီး/ျပည္နယ္မ်ားရွိ စာစစ္ဌာန အသီးသီးတြင္ ေျဖဆိုၾကမည့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားသည္ မိမိတို႔၏ ဓာတ္ပုံ ကပ္ထားသည့္ ခုံအမွတ္စဥ္ပါေသာ စာေမးပြဲေျဖဆိုခြင့္ကတ္ျပား (Identity Card) မ်ားကို (၂၀၂၀) ျပည့္ႏွစ္၊ ေဖေဖာ္ဝါရီလ (၂၀) ရက္ ၾကာသပေတးေန႔မွစ၍ ထုတ္ယူၾကရမည္ျဖစ္ေၾကာင္းသိရွိရပါသည္။

အေျခခံပညာအထက္တန္းေက်ာင္း၊ (ေက်ာင္းခြဲ) ႏွင့္ (တြဲဖက္) အေျခခံပညာအထက္တန္းေက်ာင္း၊ ကိုယ္ပိုင္အထက္တန္းေက်ာင္းမွ ေက်ာင္းသား၊ ေက်ာင္းသူမ်ားသည္ မိမိတို႔၏ စာေမးပြဲေျဖဆိုခြင့္ ကတ္ျပား (Identity Card )မ်ားကို မိမိတို႔ ေက်ာင္းအုပ္ႀကီးမ်ားထံမွ ထုတ္ယူၾကရမည္ျဖစ္ပါသည္။

ျပင္ပမွ ေျဖဆိုသူမ်ားသည္ စာေမးပြဲ ေျဖဆိုခြင့္ကတ္ျပား (Identity Card) မ်ားကို မိမိတို႔ ေျဖဆိုရမည့္ စာစစ္ဌာန ႀကီးၾကပ္ေရးမႉးမ်ားထံမွ ထုတ္ယူၾကရမည္ျဖစ္သည္။

တကၠသိုလ္ဝင္ခြင့္စာေမးပဲြေျဖဆိုခြင့္ေလွ်ာက္ထားသည့္ ဘာသာတဲြမွအပ အျခားဘာသာတဲြသို႔ ေျပာင္းလဲေျဖဆိုခြင့္ျပဳမည္မဟုတ္ေၾကာင္း ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနက ႀကိဳတင္ေၾကညာထားသည္။

ေက်ာင္းသား ေက်ာင္းသူမ်ားအေနျဖင့္ စာေမးပြဲေျဖဆိုခြင့္ ကတ္ျပား (Identity Card) မ်ား ထုတ္ယူရာတြင္ အခက္အခဲရွိပါက သက္ဆိုင္ရာ ေက်ာင္းအုပ္ႀကီးမ်ား၊ စာစစ္ဌာနႀကီးၾကပ္ေရးမႉးမ်ား၊ ၿမိဳ႕နယ္ပညာေရးမႉးမ်ားႏွင့္ ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနထံ တိုက္႐ိုက္စုံစမ္းေမးျမန္းႏိုင္ေၾကာင္း ေဖာ္ျပထားပါသည္။

ယခင္ႏွစ္က စာေမးပဲြေျဖဆိုရန္ စာရင္းေပးသြင္းထားသည့္ ေက်ာင္းသား၊ ေက်ာင္းသူ ရွစ္သိန္းခဲြခန္႔သာရွိေသာ္လည္း ယခုႏွစ္တြင္ေျဖဆိုသူ (၁၂၀,၀၀၀) ခန္႔တိုးလာသည္။ ယခင္ႏွစ္တကၠသိုလ္ဝင္စာေမးပဲြအတြက္ တစ္ႏိုင္ငံလံုးတြင္ စာစစ္ဌာန (၁,၈၇၇) ခုသာဖြင့္လွစ္ခဲ့ေသာ္လည္း ယခုႏွစ္တြင္ (၁,၉၉၀) ခုထိတိုးဖြင့္မည္ဟုသိရသည္။

Source: ပညာေရးသတင္းမ်ားshareမယ္ (Facebook), 7Day News

Latest Post News Read 1325 times