Sales Hotline : 09448001653       Download App



Covid-19 ကြောင့် အခြေခံပညာအတန်းများ၏ အောင်စာရင်းထုတ်ပြန်ချက်ကို မေလဆန်းသို့ရွှေ့ဆိုင်း

**Unicode**

 

Covid-19 ကြောင့် အခြေခံပညာအတန်းများ၏ အောင်စာရင်းထုတ်ပြန်ချက်ကို မေလဆန်းသို့ရွှေ့ဆိုင်းလိုက်ကြောင်း အခြေခံပညာဦးစီးဌာနမှသိရသည်။

အခြေခံပညာအတန်းများ၏ အောင်စာရင်းများကို ဧပြီလ (၂၆) ရက်နေ့တွင် ထုတ်ပြန်ရန်စီစဉ်ထားသော်လည်း Covie-19 ကြောင့်ရက်ရွှေ့ဆိုင်းထားကြောင်းသိရသည်။ လက်ရှိတွင်လည်း တက္ကသိုလ်ဝင်စာမေးပွဲအဖြေလွှာများကို စစ်ဆေးမှုများမပြုလုပ်ရသေးဟုသိရသည်။ ကျန်ရှိသည့် အခြေခံပညာအတန်းများကိုတော့ ဧပြီလကုန် မေလဆန်းပိုင်းလောက်တွင် စာစစ်ခြင်းများ၊ အောင်စာရင်းထုတ်ပြန်ချက်များပြုလုပ်မည်ဖြစ်ပြီး တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများလည်းနောက်ကျမှထွက်မည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှသိရသည်။

Covid-19 ရောဂါပျံနှံ့မှုထိန်းချုပ်နိုင်ရန်အတွက် လူစုလူဝေးမလုပ်ရန် ညွှန်ကြားထားသောကြောင့် အခြေခံပညာကဏ္ဍရှိ နွေရာသီသင်ရိုးသစ်သင်တန်းများ၊ မွမ်းမံသင်တန်းများကိုလည်း ရက်ရွှေ့ဆိုင်းခဲ့ရပြီး လက်ရှိတွင် ထိုသင်တန်းများကို အွန်လိုင်းမှတစ်ဆင့် မေလအတွင်း သင်ကြားနိုင်ရန် ဆောင်ရွက်နေကြောင်း အခြေခံပညာဦးစီးဌာနမှသိရသည်။ ထိုသို့ပြုလုပ်ရာတွင်အွန်လိုင်းမှ သင်ယူသော ဆရာ၊ ဆရာမများအတွက်သာမက ဝေးလံခေါင်ဖျားတွင်နေထိုင်သော ဆရာ၊ ဆရာမများအတွက် ဖတ်စာအုပ်၊ Teacher's Guide၊ Assignment များ၊ Teacher's Manual ဗီဒီယိုသင်ခန်းစာများရိုက်ပြီး အခွေထုတ်ကာ ဆရာ၊ ဆရာမများလေ့လာနိုင်ရန် သက်ဆိုင်ရာမြို့နယ်များသို့ ပို့ပေးရန်စီစဉ်နေကြောင်း အခြေခံပညာဦးစီးဌာနမှ သိရသည်။

 

**Zawgyi**

 

Covid-19 ေၾကာင့္ အေျခခံပညာအတန္းမ်ား၏ ေအာင္စာရင္းထုတ္ျပန္ခ်က္ကို ေမလဆန္းသို႔ေ႐ႊ႕ဆိုင္းလိုက္ေၾကာင္း အေျခခံပညာဦးစီးဌာနမွသိရသည္။

အေျခခံပညာအတန္းမ်ား၏ ေအာင္စာရင္းမ်ားကို ဧၿပီလ (၂၆) ရက္ေန႔တြင္ ထုတ္ျပန္ရန္စီစဥ္ထားေသာ္လည္း Covie-19 ေၾကာင့္ရက္ေ႐ႊ႕ဆိုင္းထားေၾကာင္းသိရသည္။ လက္ရွိတြင္လည္း တကၠသိုလ္ဝင္စာေမးပြဲအေျဖလႊာမ်ားကို စစ္ေဆးမႈမ်ားမျပဳလုပ္ရေသးဟုသိရသည္။ က်န္ရွိသည့္ အေျခခံပညာအတန္းမ်ားကိုေတာ့ ဧၿပီလကုန္ ေမလဆန္းပိုင္းေလာက္တြင္ စာစစ္ျခင္းမ်ား၊ ေအာင္စာရင္းထုတ္ျပန္ခ်က္မ်ားျပဳလုပ္မည္ျဖစ္ၿပီး တကၠသိုလ္ဝင္စာေမးပြဲေအာင္စာရင္းမ်ားလည္းေနာက္က်မွထြက္မည္ျဖစ္ေၾကာင္း အေျခခံပညာဦးစီးဌာနမွသိရသည္။

Covid-19 ေရာဂါပ်ံႏွံ႔မႈထိန္းခ်ဳပ္ႏိုင္ရန္အတြက္ လူစုလူေဝးမလုပ္ရန္ ၫႊန္ၾကားထားေသာေၾကာင့္ အေျခခံပညာက႑ရွိ ေႏြရာသီသင္႐ိုးသစ္သင္တန္းမ်ား၊ မြမ္းမံသင္တန္းမ်ားကိုလည္း ရက္ေ႐ႊ႕ဆိုင္းခဲ့ရၿပီး လက္ရွိတြင္ ထိုသင္တန္းမ်ားကို အြန္လိုင္းမွတစ္ဆင့္ ေမလအတြင္း သင္ၾကားႏိုင္ရန္ ေဆာင္႐ြက္ေနေၾကာင္း အေျခခံပညာဦးစီးဌာနမွသိရသည္။ ထိုသို႔ျပဳလုပ္ရာတြင္အြန္လိုင္းမွ သင္ယူေသာ ဆရာ၊ ဆရာမမ်ားအတြက္သာမက ေဝးလံေခါင္ဖ်ားတြင္ေနထိုင္ေသာ ဆရာ၊ ဆရာမမ်ားအတြက္ ဖတ္စာအုပ္၊ Teacher's Guide၊ Assignment မ်ား၊ Teacher's Manual ဗီဒီယိုသင္ခန္းစာမ်ား႐ိုက္ၿပီး အေခြထုတ္ကာ ဆရာ၊ ဆရာမမ်ားေလ့လာႏိုင္ရန္ သက္ဆိုင္ရာၿမိဳ႕နယ္မ်ားသို႔ ပို႔ေပးရန္စီစဥ္ေနေၾကာင္း အေျခခံပညာဦးစီးဌာနမွ သိရသည္။

Latest Post News News Read 12977 times