Sales Hotline : 09448001653       Download App



ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ ဝင်ခွင့်လျှောက်ထားနိုင်

ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့  ဝင်ခွင့်လျှောက်ထားနိုင်

၂၀၁၉-၂၀၂၀ ပညာသင်နှစ် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ (B.Ed) () နှစ်သင်တန်း ဝင်ခွင့်လျှောက်လွှာများကို (၃၁--၂၀၁၉) နေ့ နောက်ဆုံးထား လျှောက်ထားနိုင်ပါတယ်။

 

သင်တန်းသား အရည်အချင်း သတ်မှတ်ချက်များမှ အချို့အချက်များကို ကောက်နုတ်ဖော်ပြရလျှင်

● ယခင်ပညာသင်နှစ်နှင့် ယခု ပညာသင်နှစ်တို့မှ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသူများသာ လျှောက်ထားခွင့် ရှိသည်။
●အမျိုးသားဖြစ်ပါက အရပ်အမြင့် ၅ ပေနှင့်အထက် ရှိသူ ဖြစ်ရမည်။

●အနည်းဆုံး စုစုပေါင်း ရမှတ် သတ်မှတ်ချက်များမှာ
သိပံ္ပဘာသာတွဲအတွက် -
သိပံ္ပ ၀ိပံ္ပ ဘာသာတွဲဖြင့် အောင်မြင်ထားသူဖြစ်ရမည် ဖြစ်ပြီး စုစုပေါင်းရမှတ် ၃၅၀ နှင့်အထက်
ဝိဇ္ဇာဘာသာတွဲအတွက်-
ဝိဇ္ဇာဘာသာတွဲဖြင့် အောင်မြင်ထားသူ ဖြစ်ရမည်ဖြစ်ပြီး
စုစုပေါင်းရမှတ် ၃၀၀ နှင့်အထက်
ရရှိထားသူ ဖြစ်ရမည်။
●အသက် သတ်မှတ်ချက်မှာ ၁၆ နှစ် ပြည့်ပြီးသူ ဖြစ်ရမည်ဖြစ်ပြီး ၁၉ နှစ်ထက် မကြီးသူ ဖြစ်ရမည်။
●အိမ်ထောင် မပြုဖူးသူ အပျို၊ လူပျို ဖြစ်ရမည်။
●အမူအကျင့် နေထိုင်ပြုမူပုံသည် အမျိုးသားဆန်သော အမျိုးသမီး မဖြစ်ရ။ အမျိုးသမီးဆန်သော အမျိုးသား မဖြစ်ရ။
●အားကစား ထူးချွန်သူကို ဦးစားပေးမည်။
●ဖြစ်သင့်ဖြစ်ထိုက်သည့် ကိုယ်အလေးချိန်ထက် ကျော်လွန်သူ မဖြစ်ရ။
●ပြည်ထောင်စု တိုင်းရင်းသား ဖြစ်ပြီး ရိုးရာဘာသာစကားကို တတ်ကျွမ်းရမည်။
●အခြားတက္ကသိုလ်တွင် တစ်ပြိုင်နက်တည်း လေ့လာဆည်းပူးနေသူ မဖြစ်ရ။
●ရေးဖြေစာမေးပွဲ ဖြေဆိုရမည် ဖြစ်ပြီး
မြန်မာစာ ၁၇-၈-၂၀၁၉ နံနက် ၉ နာရီမှ ၁၂ နာရီအထိ
အင်္ဂလိပ်စာ ၁၈-၈-၂၀၁၉ နံနက် ၉ နာရီမှ ၁၂ နာရီအထိ

အဓိကထား ရွေးချယ်မည်မှာ-
နယ်စွန်နယ်ဖျားမှ ဖြစ်ခြင်း၊ ပြည်ထောင်စု တိုင်းရင်းသား ဖြစ်ခြင်း၊
မိဘမဲ့ သို့မဟုတ် မိမဲ့ သို့မဟုတ် ဖမဲ့ ဖြစ်ခြင်း၊ ဆင်းရဲနွမ်းပါးသူ ဖြစ်ခြင်း၊ မည်သည့်အရပ်ဒေသတွင်မဆို တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ခြင်း

မရွေးချယ်မည်မှာ -
ကိုယ်ပိုင် အထက်တန်းကျောင်း၊ ဘော်ဒါဆောင် အစရှိသည်တို့တွင် အခကြေးငွေဖြင့် တက်ရောက်အောင်မြင်ခဲ့သူများကို ရွေးချယ်မည် မဟုတ်ပါ။

အချက်အလက်အပြည့်အစုံကို ပူးတွဲဖော်ပြပါ ပုံများတွင် ဆက်လက် ဖတ်ရှုနိုင်ပါသည်။

 

 

 

Uni 4

Uni 3

Uni 2

Uni 1

News Read 2671 times