Sales Hotline : 09448001653       Download App



တိုင်းရင်းသားဘာသာစကားသင်ကြားမှုတွင် အထိုက်အလျှောက်အောင်မြင်မှုရှိ

တိုင်းရင်းသားဘာသာစကားသင်ကြားမှုတွင် အထိုက်အလျှောက်အောင်မြင်မှုရှိ

ရန္ကုန္တိုင္းေဒသႀကီးအတြင္း ၂၀၁၉-၂၀၂၀ ပညာသင္ႏွစ္တြင္ တိုင္းရင္းသားစာေပကို မူလတန္းအဆင့္ ေက်ာင္းသား/သူ (၁၆၀၀၀) ေက်ာ္ သင္ၾကားလ်က္ရွိၿပီး အထိုက္အေလ်ွာက္ေအာင္ျမင္မႈရွိေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႔၊ ကရင္တိုင္းရင္းသားလူမ်ိဳးေရးရာဝန္ႀကီး ေနာ္ပန္းသဥၨာမ်ိဳးက ေအာက္တိုဘာ () ရက္တြင္ ေျပာၾကားခဲ့ပါတယ္။

 

ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ အေျခခံပညာေက်ာင္းမ်ားတြင္တိုင္းရင္းသားစာေပသင္ၾကားျခင္းမ်ား၌ မည့္သည့္တိုင္းရင္းသား စာေပမ်ားကို သင္ၾကားေပးေနပါသနည္း။

ေက်ာင္းသား/သူအေရအတြက္ မည္မ်ွသင္ယူေနပါသနည္း။

 

သာမန္စာသင္ခ်ိ်န္မ်ားႏွင့္တုိင္းရင္းသားစာေပသင္ၾကားမႈ၏ ရလဒ္မ်ားသည္ ေအာင္ျမင္တိုးတက္မႈရွိပါသလား သိရွိလုိေၾကာင္းေမးျမန္းမႈအား ျပန္လည္ေျဖၾကားရာတြင္ ဝန္ႀကီးက ယင္းကဲ့သို႔ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္ပါတယ္။

 

၂၀၁၉-၂၀၂၀ ပညာသင္ႏွစ္တိုင္းရင္းသားဘာသာစကားသင္ၾကားေနတဲ့ ေက်ာင္းသား/သူ အေရအတြက္မွာ ဒီရွစ္လပိုင္းအထိ ၿမိဳ႕နယ္ေပါင္း (၁၃) ၿမိဳ႕နယ္မွာ ေက်ာင္း (၂၈၄) ေက်ာင္းပါ။ Grade-1 ကေက်ာင္းသားေပါင္း (၆၇၃၅) ဦး၊ Grade-2 က (၆၁၂၀)Grade-3 က (၃၄၈၂) ဦး၊ စုစုေပါင္းေက်ာင္းသားဦးေရ (၁၆၃၃၇) သင္ယူေနတာျဖစ္ပါတယ္" ဟုဝန္ႀကီးကေျပာၾကားပါတယ္။

 

Read More:>>>> လိုင္စင္အနီကိုင္ယာဥ္ေမာင္းမ်ား၏ သားသမီးမ်ား ပညာသင္ဆုေလ်ွာက္ထားႏိုင္

 

ရန္ကုန္တုိင္းေဒသႀကီးအတြင္းရွိ အေျခခံပညာေက်ာင္းမ်ားတြင္ ဇေကာကရင္၊ အေနာက္ပိုင္းကရင္၊ ရွမ္းစာေပ၊ အရႈိ၊ ခ်င္းစသည့္ တိုင္းရင္းသားစာေပမ်ားကို အေျခခံပညာမူလတန္းအဆင့္တြင္ အေကာင္အထည္ေဖာ္ေဆာင္ရြက္လ်က္ရွိေၾကာင္း ဝန္ႀကီးကေျပာၾကားပါတယ္။

အေျခခံပညာေက်ာင္းမ်ားမွာ သင္ၾကားလ်က္ရွိတဲ့ ေက်ာင္းသား/သူမ်ားက တိုင္းရင္းသားဘာသာ စကားသင္ၾကားမႈကိုစိတ္ဝင္စားမႈရွိပါတယ္။ အထိုက္အေလ်ွာက္ ေအာင္ျမင္မႈရွိပါတယ္" ဟုဝန္ႀကီးက ေျပာၾကားပါတယ္။

 

Tuition of International Secondary School Qualifications (IGCSE, GCSE O Level, A Level, SAT) (80) Overseas Education မ်ားႏွင့္ ပတ္သက္ျပီး (80) ခု ရွာရန္ႏွိပ္ပါ။

 

တိုင္းရင္းသားဘာသာစကားတတ္ေျမာက္မႈရွိ မရွိ ကိုအျခားဘာသာမ်ားနည္းတူး တိုင္းတာမႈ ေလးမ်ိဳးျဖစ္သည့္ ေရး၊ ဖတ္၊ ေျပာ၊ နည္းလည္မႈ တို႔ျဖင့္ စစ္ေဆးေၾကာင္းဝန္ႀကီးကေျပာၾကားပါတယ္။

 

Source: Daily Eleven

 

**Unicode**

 

ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် တိုင်းရင်းသားစာပေကို မူလတန်းအဆင့် ကျောင်းသား/သူ (၁၆၀၀၀) ကျော် သင်ကြားလျက်ရှိပြီး အထိုက်အလျှောက်အောင်မြင်မှုရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက အောက်တိုဘာ (၈) ရက်တွင် ပြောကြားခဲ့ပါတယ်။


ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများတွင်တိုင်းရင်းသားစာပေသင်ကြားခြင်းများ၌ မည့်သည့်တိုင်းရင်းသား စာပေများကို သင်ကြားပေးနေပါသနည်း။

ကျောင်းသား/သူအရေအတွက် မည်မျှသင်ယူနေပါသနည်း။


သာမန်စာသင်ချျိန်များနှင့်တိုင်းရင်းသားစာပေသင်ကြားမှု၏ ရလဒ်များသည် အောင်မြင်တိုးတက်မှုရှိပါသလား သိရှိလိုကြောင်းမေးမြန်းမှုအား ပြန်လည်ဖြေကြားရာတွင် ဝန်ကြီးက ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။


“ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တိုင်းရင်းသားဘာသာစကားသင်ကြားနေတဲ့ ကျောင်းသား/သူ အရေအတွက်မှာ ဒီရှစ်လပိုင်းအထိ မြို့နယ်ပေါင်း (၁၃) မြို့နယ်မှာ ကျောင်း (၂၈၄) ကျောင်းပါ။ Grade-1 ကကျောင်းသားပေါင်း (၆၇၃၅) ဦး၊ Grade-2 က (၆၁၂၀)၊ Grade-3 က (၃၄၈၂) ဦး၊ စုစုပေါင်းကျောင်းသားဦးရေ (၁၆၃၃၇) သင်ယူနေတာဖြစ်ပါတယ်" ဟုဝန်ကြီးကပြောကြားပါတယ်။


Read More:>>>> လိုင်စင်အနီကိုင်ယာဉ်မောင်းများ၏ သားသမီးများ ပညာသင်ဆုလျှောက်ထားနိုင်


ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများတွင် ဇကောကရင်၊ အနောက်ပိုင်းကရင်၊ ရှမ်းစာပေ၊ အရှို၊ ချင်းစသည့် တိုင်းရင်းသားစာပေများကို အခြေခံပညာမူလတန်းအဆင့်တွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း ဝန်ကြီးကပြောကြားပါတယ်။

“ အခြေခံပညာကျောင်းများမှာ သင်ကြားလျက်ရှိတဲ့ ကျောင်းသား/သူများက တိုင်းရင်းသားဘာသာ စကားသင်ကြားမှုကိုစိတ်ဝင်စားမှုရှိပါတယ်။ အထိုက်အလျှောက် အောင်မြင်မှုရှိပါတယ်" ဟုဝန်ကြီးက ပြောကြားပါတယ်။


Tuition of International Secondary School Qualifications (IGCSE, GCSE O Level, A Level, SAT) (80) Overseas Education များနှင့် ပတ်သက်ပြီး (80) ခု ရှာရန်နှိပ်ပါ။


တိုင်းရင်းသားဘာသာစကားတတ်မြောက်မှုရှိ မရှိ ကိုအခြားဘာသာများနည်းတူး တိုင်းတာမှု လေးမျိုးဖြစ်သည့် ရေး၊ ဖတ်၊ ပြော၊ နည်းလည်မှု တို့ဖြင့် စစ်ဆေးကြောင်းဝန်ကြီးကပြောကြားပါတယ်။


Source: Daily Eleven

 

News Read 2475 times