Sales Hotline : 09448001653       Download App



အခြေခံပညာကျောင်းများဖွင့်လှစ်ခြင်း မေလ (၁၅) ရက်အခြေအနေပေါ်မူတည်

** Unicode **

အခြေခံပညာ စာသင်ကျောင်းများ ဖွင့်လှစ်ခြင်းမှာမေ (၁၅) ရက်တွင် နိုင်ငံတော်မူဝါဒအရ မည်သို့ ဆက်လက် ဆောင်ရွက်မည်ဆိုသည့်အပေါ် မူတည်ကြောင်းနှင့် COVID-19 ကာလရှည်ကြာပါက ပညာရေး အဆက်မပြတ်စေရန် နည်းလမ်းအမျိုးမျိုးဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ တစ်ဦး၏ ပြောကြားချက်အရသိရပါတယ်။

မေ (၁) ရက်က ပြုလုပ်သည့် နိုင်ငံတော်သမ္မတရုံး သတင်းစာရှင်းလင်းပွဲတွင် အခြေခံပညာကျောင်းများ ဇွန် (၁) ရက်တွင် ပြန်လည်ဖွင့်လှစ်နိုင်ခြင်းရှိ/ မရှိ မီဒီယာများ၏ မေးမြန်းမှုကို ပြန်လည် ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

“ မေလ (၁၅) ရက်မှာတော့ နိုင်ငံတော်မူဝါဒအရ ဘယ်လိုဆောင်ရွက်မလဲဆိုတဲ့ မူတွေကို ကြည့်ပြီးတော့ ကျောင်းဖွင့်တာကို လုပ်ဖို့ရှိတယ်” ဟုပြောခဲ့ကြောင်းသိရပါတယ်။

ပညာရေးဝန်ကြီးဌာနအနေဖြင့် COVID-19 ကပ်ရောဂါကြောင့် ဖြစ်ပေါ်လာသည့် စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရေးအတွက် ဦးစားပေးလုပ်ငန်းစဉ် သုံးရပ်ရှိပြီး ပထမဦးစားပေး လုပ်ငန်းအနေဖြင့် မူလတန်းပြ၊ အလယ်တန်းပြ၊ အထက်တန်းပြ ဆရာ ဆရာမအားလုံးအတွက် သင်ရိုးသစ် Grade-4၊ Grade-7၊ Grade-10 သင်ကြားသင်ယူမှု သင်တန်းများနှင့် ပညာရေးကောလိပ်များအတွက် လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာသင်တန်းများကို ပညာရေးဝန်ကြီးဌာန က မြန်မာဒီဂျစ်တယ်ပညာရေးစနစ် (Myanmar Digital Education Platform-MDEP) တည်ဆောက်ပံ့ပိုး ဆောင်ရွက်မည့် အစီအစဉ်ဖြစ်ကာလာမည့် စာသင်နှစ်တွင် ကျောင်းသားကျောင်းသူများ နှင့်မိဘများသည် MDEP စနစ်၏ အကူအညီဖြင့်လည်း သင်ယူခြင်းကို အားဖြည့်ဆောင်ရွက်နိုင်မည် ဖြစ်သည်။

ထို့ပြင် အိုင်စီတီနှင့် အလှမ်းဝေးသော ဖွံ့ဖြိုးမှုနည်းပါးသည့် ဒေသများသို့ တိုးချဲ့ဆောင်ရွက်ရမည် ဖြစ်ပြီး ဖြစ်နိုင်မည်ဆိုပါက DBE Box၊ TV Education Channel၊ ဒီဗွီဒီ၊ ကွန်ပျူတာ၊ Laptop ၊ Tablet ကဲ့သို့သော အထောက်အကူပြု ပစ္စည်းများဖြင့် e-Learning အစီအစဉ်များ စတင်နိုင်ရေး စီစဉ်မည်ဖြစ်ကာ လက်ရှိကာလတွင် ပညာရေးဝန်ကြီးဌာနသည် မိုဘိုင်းဖုန်း အသုံးပြုပြီး Online Training ၊ e-Learning Training များကို ပို့ချရန် ဆက်သွယ်ရေး ကုမ္ပဏီများနှင့် ညှိနှိုင်းရန် စီစဉ်လျက်ရှိပါတယ်။

Korean (178) ကိုရီးယား စကားပြောသင်တန်းနှင့် ပတ်သက်ပြီး သင်တန်း (၁၇၈) ခုရှာရန်နှိပ်ပါ။

ဒုတိယဦးစားပေး လုပ်ငန်းအနေဖြင့် MDEP Platform အောက်တွင် အခမဲ့ အွန်လိုင်းစာကြည့်တိုက် (Free Online Library) တစ်ခု တည်ထောင်ရန် စီစဉ်လျက်ရှိကြောင်းလည်း သိရပါတယ်။

Credit: Transcom News Journal 

 

** Zawgyiv **









 

Latest Post News News News Read 22930 times


Fatal error: Uncaught Elastica\Exception\PartialShardFailureException: {"total":4,"successful":1,"failed":2,"failures":[{"shard":1,"index":"edge2_domain","status":"INTERNAL_SERVER_ERROR","reason":{"type":"flush_failed_engine_exception","reason":"Flush failed","shard":"1","index":"edge2_domain","caused_by":{"type":"already_closed_exception","reason":"translog is already closed"}}}]} in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php:176 Stack trace: #0 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Request.php(171): Elastica\Transport\Http->exec(Object(Elastica\Request), Array) #1 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Client.php(662): Elastica\Request->send() #2 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(518): Elastica\Client->request('edge2_domain/_f...', 'POST', Array, Array) #3 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(487): Elastica\Index->request('edge2_domain/_f...', 'POST', Array, Array) #4 /var/edge2/edire in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php on line 176