သာတူညီမျှ၍ လူတိုင်းလက်လှမ်းမီ သင်ယူနိုင်သော ပညာရေး

ပညာသင်ယူမှုတွင် မြန်မာနိုင်ငံအတွင်းရှိ ဒေသအစုံမှ မည်သည့်ကလေးငယ်မှ နောက်ကျမကျန်စေရေးနှင့် အားလုံးတန်းတူအတူတကွ စာသင်ကြားနိုင်ရေးမှာ အလွန်အရေးကြီးလှပါသည်။  

ဒါကြောင့် အပြင်ထွက် အလုပ်လုပ်နေသော အသက်မပြည့်သော ကလေးငယ်များ၊ မူလတန်းပညာသင်ယူရန် အခက်အခဲ ရှိနေသည့် ကာယ၊ ဉာဏစွမ်းရည် အားနည်းသော ကလေးများ၊ ဆင်းရဲ နွမ်းပါးသည့် ကလေးများ၊ ဝေးလံဒေသရှိ ကလေးများ စသည့် ကလေးများ အတွက် အလေးထားသည့် ပညာရေးအစီအစဉ်များကို ပညာရေးဝန်ကြီးဌာနနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ ပူးပေါင်း ဆောင်ရွက်လျက်ရှိပါသည်။ 

ထို့အပြင် Covid ကာလတွင် ပညာရေးနှောင့်နှေးခြင်းမရှိစေရန်အတွက် ကျယ်ပြန့်၍ လွှမ်းခြုံနိုင်မှုရှိသော ဒီဂျစ်တယ်နည်းပညာ အခြေပြုသင်ကြားမှုသင်ယူမှု အစီအစဉ်များနှင့် အားဖြည့်ဆောင်ရွက်ခြင်းဖြင့် သာတူညီမျှ၍ လူတိုင်းလက်လှမ်းမီသင်ယူနိုင်သော ပညာရေး ဆီသို့ ဉီးတည် လျှောက်လှမ်းလျက်ရှိနေပါကြောင်း အသိပေးတင်ပြအပ်ပါသည်။

Myanmar Digital Education Platform



Latest Post News Read 516 times